ပျော်လိုက်တာ အဖေကြီးရယ်….ကျမတို့ ဒီ…သားလေးကြောင့် လျှောက်မပတ်ရတော့ဘူး…..
လာ…အိမ်ပြန်ကြမယ် အဖေကြီးရေ….. တဲ့အဖိုးက အသက် (၈၀) ရှိပီတဲ့… အဖွားက (၇၈) ရှိပြီတဲ့
လင်မယား (၂)ယောက်….မနက်ဆို… တွံ့တေး ခရမ်းဘက်ကနေ….ရန်ကုန် တက်လာကြတယ်….
တလမ်းဝင် တလမ်းထွက် ပဲကောက်ညှင်းထုပ် ငှက်ပျော်ကောက်ညှင်းထုပ်လေးတွေ လိုက်ရောင်းကြတယ်….
ကျနော်လဲ… အပြင်သွားရင်း ဗိုက်ဆာ….အဖိုးအဖွားတို့နှင့် ကွက်တိတိုး….
အဖိုးအဖွား…ဘယ်လိုရောင်း? ?
အသေး… ၃ထုပ် 1,000 Ks
အကြီး… ၁ ထုပ် 500 Ks
ဟုတ် အဖွား…ဘယ်နှထုပ် ရှိတုန်း? ?
အများကြီးပဲ သားလေး….
ဟုတ်…အဲ့ အများကြီး အကုန် သား…ယူမယ်…အဖွား တွက်ကြည့်လိုက်နော်….
အကုန်….23,000 Ks သားရေ…
ဟုတ် အဖွား….
ရော့…. ဒါက မုန့်တွက် 25,000 Ks နော်….ဒါက အဖိုးနဲ့အဖွား လိုရာသုံးဖို့ 25,000 Ks နော်
အဖွားတို့ မိုးရွာနေပြီနော်….အိမ်ပြန်တော့နော် ကျေးဇူးတင်လိုက်တာ…သားလေးရယ်…အဖွားတို့ လျှောက်မပတ်ရတော့ဘူး…
ဖေကြီးရေ…လက်ဖက်ရည်လေး သောက်ပြီ….ကျမတို့ ပြန်ကြမယ်
ကျနော်တို့တွေ အေးဆေး လက်ဖက်ရည်ဆိုင် ထိုင် မုန့်စားနိုင်ပေမဲ့…..တချို့ အဖိုးအဖွားတွေ….နေပူမရှောင် မိုးရွာမရှောင် တလမ်းဝင် တလမ်းထွက် နဖူးမှ ချွေး ခြေမကျတဲ့ထိ ရောင်းမှ လက်ဖက်ရည်လေးသောက်နိုင်ကြတာအဖိုးအဖွားတွေအတွက် အမြဲ ကူညီနိုင်တဲ့သူ ဖြစ်ရပါစေ
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက်အလှူ
ကိုပူတူးနှင့်ဘော်ဒါများ