ျပည္တြင္းသတင္း

ျမန္မာႏိုင္ငံတြင္ ကိုဗစ္ဒုတိယလႈိင္း အရွိန္အဟုန္ျမင့္စြာေပၚေပါက္လာႏိုင္ဟု သတိေပး

ျမန္မာႏိုင္ငံတြင္ ကိုဗစ္ဒုတိယလႈိင္း အရွိန္အဟုန္ျမင့္စြာေပၚေပါက္လာႏိုင္ဟု သတိေပး

ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ကူးစက္ျဖစ္ပြားမႈ ဒုတိယလႈိင္း မေပၚေပါက္ေစေရးအတြက္ ဂ႐ုျပဳၾကဖို႔ ကိုဗစ္ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီကၾသဂုတ္လ ၁၈ ရက္ ေန႔စြဲနဲ႔ ျပည္သူသို႔ပန္ၾကားခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ကူးစက္ျဖစ္ပြားမႈပထမလႈိင္းရဲ႕ အက်ပိုင္းသို႔ေရာက္ရွိေနကာ ပထမလႈိင္း မၾကာမီၿပီးဆုံးေတာ့မယ့္အေျခအေနျဖစ္ၿပီး ျမန္မာျပည္မွာ ေရာဂါပိုးေတြ႕ရွိရသူေတြရဲ႕ ထက္ဝက္ေက်ာ္ျဖစ္တဲ့ ၆၁ရာခိုင္ႏႈန္းေလာက္ဟာ အျမင္အားျဖင့္ ေနေကာင္းက်န္းမာ ေရာဂါလကၡဏာ တစ္စုံတစ္ရာျပသျခင္းမရွိသူေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။

တကယ္လို႔ ရပ္ကြက္/ေက်း႐ြာအတြင္း၊ လူထုအတြင္း ေရာဂါလကၡဏာ တစ္စုံတစ္ရာမရွိဘဲ ကိုဗစ္ ဗိုင္းရပ္စ္ပိုးရွိေနေသာသူေတြ ရွိေနပါက ထိုသူတို႔ထံမွ တိတ္တဆိတ္ကူးစက္ျပန႔္ပြားၿပီး ေရာဂါျဖစ္ပြားမႈဒုတိယလႈိင္း အျဖစ္ အရွိန္အဟုန္ျမင့္မားစြာျဖင့္ ေပၚေပါက္လာႏိုင္တဲ့ အလားအလာ မ်ားစြာရွိတယ္လို႔လည္း ဆိုပါတယ္။

ၿပီးခဲ့တဲ့ ဩဂုတ္ ၁၆ ရက္နဲ႔ ၁၇ ရက္ေတြမွာ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ ျပည္ပကိုခရီးသြားခဲ့တာမရွိဘဲ ျမန္မာျပည္တြင္းမွာ ကိုဗစ္-၁၉ ေရာဂါကူးစက္သူ ၄ ဦး ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

ျမန္မာျပည္သူေတြအၾကား ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေရးအတြက္ မတ္လ၊ ဧၿပီလနဲ႔ ေမလတို႔မွာ သတ္မွတ္ထားတဲ့က်န္းမာေရးစည္းကမ္းေတြ လိုက္နာမႈ အားေကာင္းခဲ့ေပမယ့္ ဇြန္လအလယ္ေလာက္ကစလို႔လိုက္နာမႈအားနည္းေနတာ ေတြ႕တယ္လို႔လည္းဆိုပါတယ္။

ကိုဗစ္-၁၉ ဒုတိယလႈိင္း မျဖစ္ေပၚေစရန္ တတ္ႏိုင္သမွ် လူစုလူေဝးရွိရာေနရာမ်ားသို႔ မလိုအပ္ဘဲမသြားၾကဖို႔၊ခပ္ခြာခြာေနထိုင္ၾကဖို႔၊ ႏွာေခါင္းစည္း Mask တပ္ဆင္ၾကဖို႔၊ လက္ကို ဆပ္ျပာႏွင့္ေရ အသုံးျပဳ ေဆးေၾကာၾကဖို႔နဲ႔ ျပည္ပက တရားမဝင္ ျပန္လည္ဝင္ေရာက္လာသူေတြကို သတင္းပို႔ၾကဖို႔လည္း တိုက္တြန္းထားပါတယ္။

ဩဂုတ္ ၁၉ ရက္ မနက္အထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါဓာတ္ခြဲအတည္ျပဳလူနာ စုစုေပါင္း ၃၇၉ ဦး၊ေသဆုံးသူ ၆ ဦး၊ ႏွစ္ ႀကိမ္ဆက္တိုက္ ပိုးမေတြ႕ရွိသူ ၃၃၁ ဦးနဲ႔ ေဆး႐ုံမွဆင္းသြားသူ ၃၂၈ ဦး၊ ေစာင့္ၾကည့္လူနာအသစ္ ၂၇ ဦးရွိပါတယ္။

ဒီဗြီဘီ

Unicode

မြန်မာနိုင်ငံတွင် ကိုဗစ်ဒုတိယလှိုင်း အရှိန်အဟုန်မြင့်စွာပေါ်ပေါက်လာနိုင်ဟု သတိပေး

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေးအတွက် ဂရုပြုကြဖို့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကသြဂုတ်လ ၁၈ ရက် နေ့စွဲနဲ့ ပြည်သူသို့ပန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုပထမလှိုင်းရဲ့ အကျပိုင်းသို့ရောက်ရှိနေကာ ပထမလှိုင်း မကြာမီပြီးဆုံးတော့မယ့်အခြေအနေဖြစ်ပြီး မြန်မာပြည်မှာ ရောဂါပိုးတွေ့ရှိရသူတွေရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ၆၁ရာခိုင်နှုန်းလောက်ဟာ အမြင်အားဖြင့် နေကောင်းကျန်းမာ ရောဂါလက္ခဏာ တစ်စုံတစ်ရာပြသခြင်းမရှိသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ ရပ်ကွက်/ကျေးရွာအတွင်း၊ လူထုအတွင်း ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိဘဲ ကိုဗစ် ဗိုင်းရပ်စ်ပိုးရှိနေသောသူတွေ ရှိနေပါက ထိုသူတို့ထံမှ တိတ်တဆိတ်ကူးစက်ပြန့်ပွားပြီး ရောဂါဖြစ်ပွားမှုဒုတိယလှိုင်း အဖြစ် အရှိန်အဟုန်မြင့်မားစွာဖြင့် ပေါ်ပေါက်လာနိုင်တဲ့ အလားအလာ များစွာရှိတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်ပကိုခရီးသွားခဲ့တာမရှိဘဲ မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်သူ ၄ ဦး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေအကြား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မတ်လ၊ ဧပြီလနဲ့ မေလတို့မှာ သတ်မှတ်ထားတဲ့ကျန်းမာရေးစည်းကမ်းတွေ လိုက်နာမှု အားကောင်းခဲ့ပေမယ့် ဇွန်လအလယ်လောက်ကစလို့လိုက်နာမှုအားနည်းနေတာ တွေ့တယ်လို့လည်းဆိုပါတယ်။

ကိုဗစ်-၁၉ ဒုတိယလှိုင်း မဖြစ်ပေါ်စေရန် တတ်နိုင်သမျှ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲမသွားကြဖို့၊ခပ်ခွာခွာနေထိုင်ကြဖို့၊ နှာခေါင်းစည်း Mask တပ်ဆင်ကြဖို့၊ လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု ဆေးကြောကြဖို့နဲ့ ပြည်ပက တရားမဝင် ပြန်လည်ဝင်ရောက်လာသူတွေကို သတင်းပို့ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဩဂုတ် ၁၉ ရက် မနက်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၃၇၉ ဦး၊သေဆုံးသူ ၆ ဦး၊ နှစ် ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၃၁ ဦးနဲ့ ဆေးရုံမှဆင်းသွားသူ ၃၂၈ ဦး၊ စောင့်ကြည့်လူနာအသစ် ၂၇ ဦးရှိပါတယ်။

ဒီဗွီဘီ