ေအာင္ဘာေလသိန္းဆုဌာနခြဲက ဝန္ထမ္း ၁ ဦးတြင္ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိ
ေအာင္ဘာေလသိန္းဆုဌာနခြဲက ဝန္ထမ္းတေယာက္မွာ ကိုဗစ္-၁၉ စစ္ေဆးေတြ႕ၿပီးေနာက္ပိုင္း ဝန္ထမ္းတခ်ိဳ႕ကို အသြားအလာကန႔္သတ္ေစာင့္ၾကည့္ထားတယ္လို႔ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္က ေျပာပါတယ္။
ပိုးေတြ႕ခဲ့ရသူဟာ ထီလက္မွတ္ေတြထားတဲ့ ဂိုေဒါင္ဝန္ထမ္းျဖစ္ၿပီး သူနဲ႔ဆက္စပ္သူ အေယာက္ ၂၀ ေလာက္ကို ေစာင့္ၾကည့္ကန႔္သတ္လိုက္တာပါ။
ျပည္တြင္းအခြန္မ်ားဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းထြဋ္က “ေအာင္ဘာေလမွာက အထပ္ေတြ အမ်ားႀကီးရွိတယ္။ ေအာက္ဆုံးထပ္မွာ ထီလက္မွတ္ေတြထားတဲ့ ဂိုေဒါင္ရွိတယ္။ အဲဒီမွာ တာဝန္က်တဲ့ ကေလးတေယာက္မွာ ပိုးေတြ႕တာ။ တိုင္းက်န္းမာေရးကို အေၾကာင္းၾကားေတာ့ သူတို႔လာၿပီး ပိုးသတ္ေဆးဖ်န္းတယ္။ ဝန္ထမ္းေတြကိုလည္း အေသးစိတ္ အင္တာဗ်ဴးၿပီးေတာ့ တခ်ိဳ႕ကို ထားတယ္။ တခ်ိဳ႕ကို ထားတယ္” လို႔ ေျပာပါတယ္။
အဲဒီဂိုေဒါင္မွာ စက္တင္ဘာလမွာ ေရာင္းခ်မယ့္ အႀကိမ္ ၂၀ ေျမာက္ က်ပ္ ၁၀၀၀ တန္ထီေတြလည္း ေရာက္ေနေပမယ့္ ဘာမွစိုးရိမ္စရာမရွိဘူးလို႔ သူက ေျပာပါတယ္။ေအာင္ဘာေလ႐ုံးကို ေလာ့ေဒါင္းလုပ္တယ္ဆိုၿပီး လူမႈကြန္ရက္မွာ ေရးသားေနၾကတာေတြလည္း မမွန္ဘူးလို႔ သူက ေျပာပါတယ္။
၁၉ ႀကိမ္ေျမာက္ ေအာင္ဘာေလထီဖြင့္ပြဲကို စက္တင္ဘာ ၁ ရက္မွာ ျပဳလုပ္မွာျဖစ္ၿပီး က်ပ္သန္းေပါင္း ၁၈၁၆၃ ေက်ာ္ ဖြင့္လွစ္မယ္လို႔ ေအာင္ဘာေလသိန္းဆုဌာနခြဲက ထုတ္ျပန္ထားပါတယ္။
DVB TV News
Unicode
အောင်ဘာလေသိန်းဆုဌာနခွဲက ဝန်ထမ်း ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
အောင်ဘာလေသိန်းဆုဌာနခွဲက ဝန်ထမ်းတယောက်မှာ ကိုဗစ်-၁၉ စစ်ဆေးတွေ့ပြီးနောက်ပိုင်း ဝန်ထမ်းတချို့ကို အသွားအလာကန့်သတ်စောင့်ကြည့်ထားတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
ပိုးတွေ့ခဲ့ရသူဟာ ထီလက်မှတ်တွေထားတဲ့ ဂိုဒေါင်ဝန်ထမ်းဖြစ်ပြီး သူနဲ့ဆက်စပ်သူ အယောက် ၂၀ လောက်ကို စောင့်ကြည့်ကန့်သတ်လိုက်တာပါ။
ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “အောင်ဘာလေမှာက အထပ်တွေ အများကြီးရှိတယ်။ အောက်ဆုံးထပ်မှာ ထီလက်မှတ်တွေထားတဲ့ ဂိုဒေါင်ရှိတယ်။ အဲဒီမှာ တာဝန်ကျတဲ့ ကလေးတယောက်မှာ ပိုးတွေ့တာ။ တိုင်းကျန်းမာရေးကို အကြောင်းကြားတော့ သူတို့လာပြီး ပိုးသတ်ဆေးဖျန်းတယ်။ ဝန်ထမ်းတွေကိုလည်း အသေးစိတ် အင်တာဗျူးပြီးတော့ တချို့ကို ထားတယ်။ တချို့ကို ထားတယ်” လို့ ပြောပါတယ်။
အဲဒီဂိုဒေါင်မှာ စက်တင်ဘာလမှာ ရောင်းချမယ့် အကြိမ် ၂၀ မြောက် ကျပ် ၁၀၀၀ တန်ထီတွေလည်း ရောက်နေပေမယ့် ဘာမှစိုးရိမ်စရာမရှိဘူးလို့ သူက ပြောပါတယ်။အောင်ဘာလေရုံးကို လော့ဒေါင်းလုပ်တယ်ဆိုပြီး လူမှုကွန်ရက်မှာ ရေးသားနေကြတာတွေလည်း မမှန်ဘူးလို့ သူက ပြောပါတယ်။
၁၉ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲကို စက်တင်ဘာ ၁ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး ကျပ်သန်းပေါင်း ၁၈၁၆၃ ကျော် ဖွင့်လှစ်မယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားပါတယ်။
DVB TV News