အနုပညာ

အေႂကြးေတြေတာင္ျပန္မဆပ္ပဲ အလႉလုပ္ေနတဲ့ ျဖဴျဖဴေထြးကို မတိုက္ခိုက္ပါနဲ႔လို႔ ေျပာလိုက္တဲ့ ေနေဒြး

အေႂကြးေတြေတာင္ျပန္မဆပ္ပဲ အလႉလုပ္ေနတဲ့ ျဖဴျဖဴေထြးကို မတိုက္ခိုက္ပါနဲ႔လို႔ ေျပာလိုက္တဲ့ ေနေဒြး

ရစရာရွိတဲ့အေႂကြး သိန္း (၂၀) ျပန္မဆပ္ရင္ေတာင္ အလႉေတြလုပ္ၿပီး ဇာတ္ပို႔ေတြကိုအလုပ္ေပးေနတဲ့သူကို သြားမေစာ္ကားပါနဲ႔လို႔မင္းခန႔္ေက်ာ္ကိုဒဲ့ေျပာလိုက္တဲ့ သ႐ုပ္ေဆာင္ ေနေဒြးကေတာ့ ဗီဒီယိုဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း ၿမိဳ႕ပရိသတ္၊နယ္ပရိသတ္အစုံရဲ႕ အားေပးမႈကို ရရွိခဲ့တာပဲ ျဖစ္ပါတယ္။

 

ေနေဒြးကေတာ့ ေအာင္ျမင္မႈေတြမ်ားစြာ ရရွိခဲ့သလို အမႈအခင္းျပႆနာအခ်ိဳ႕နဲ႔လည္း ရင္ဆိုင္ခဲ့ရၿပီးေနာက္ မင္းခန႔္ေက်ာ္ကို သူပိုင္ဆိုင္တဲ့ ဇာတ္ကားႏွစ္ကား ျဖန႔္ခ်ီေရာင္းခ်ဖို႔ ေပးခဲ့ေပမယ့္ ဇာတ္ကားတန္ဖိုးေငြမ်ားကို ျပန္လည္ မရရွိခဲ့တာေၾကာင့္ ေငြေရးေၾကးေရးျပႆနာေတြလည္း ရွိခဲ့ေသးပါတယ္။

 

ဒီကေန႔မွာေတာ့ ေနေဒြးကေတာ့ သူရစရာရွိတဲ့ ေငြေတြကို ျပန္လည္မေပးအပ္ေသးတဲ့ အဆိုပါ ဒါ႐ိုက္တာ သိေစရန္ သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာကေန အခုလိုပဲ ေျပာလာပါတယ္။

 

“ကိုယ္ေတြလည္း အခုတေလာလႉျဖစ္ေနတာဆိုေတာ့ ရဖို႔ရွိေနတဲ့ အေႂကြးသိန္း(၂၀) လည္း လႉလိုက္ပါတယ္ဗ်ာ။ ကိုယ့္အေႂကြးေတာင္ ေတာင္းပန္မွျပန္ေပးမယ္ဆိုေတာ့.. ဒါေပမယ့္ အေႂကြးျပန္မေပးလည္းေနပါဗ်ာ။

 

အလႉေတြလုပ္ၿပီး ခက္ခဲေနတဲ့ ဇာတ္ပို႔ဇာတ္ရံေတြကို တတ္ႏိုင္သေလာက္ အလုပ္ေပးေနတဲ့သူေတြကိုေတာ့ သြားၿပီးမေစာ္ကားပါနဲ႔ဗ်ာ” ဆိုၿပီး သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားခဲ့တာ ျဖစ္ပါတယ္။

ေနေဒြးကေတာ့ သူ႔ရဲ႕ ရစရာရွိတဲ့အေႂကြးေတြကို မေပးတဲ့အျပင္ ပရဟိတအလႉေတြလုပ္ေနတဲ့သူေတြကို ေစာ္ကားတယ္ဆိုတဲ့ မင္းခန႔္ေက်ာ္ကို ဒဲ့ေျပာလာတာပဲ ျဖစ္ပါတယ္။

 

ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

ခရက္ဒစ္

Unicode

အကြွေးတွေတောင်ပြန်မဆပ်ပဲ အလှူလုပ်နေတဲ့ ဖြူဖြူထွေးကို မတိုက်ခိုက်ပါနဲ့လို့ ပြောလိုက်တဲ့ နေဒွေး

ရစရာရှိတဲ့အကြွေး သိန်း (၂၀) ပြန်မဆပ်ရင်တောင် အလှူတွေလုပ်ပြီး ဇာတ်ပို့တွေကိုအလုပ်ပေးနေတဲ့သူကို သွားမစော်ကားပါနဲ့လို့မင်းခန့်ကျော်ကိုဒဲ့ပြောလိုက်တဲ့ သရုပ်ဆောင် နေဒွေးကတော့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း မြို့ပရိသတ်၊နယ်ပရိသတ်အစုံရဲ့ အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

နေဒွေးကတော့ အောင်မြင်မှုတွေများစွာ ရရှိခဲ့သလို အမှုအခင်းပြဿနာအချို့နဲ့လည်း ရင်ဆိုင်ခဲ့ရပြီးနောက် မင်းခန့်ကျော်ကို သူပိုင်ဆိုင်တဲ့ ဇာတ်ကားနှစ်ကား ဖြန့်ချီရောင်းချဖို့ ပေးခဲ့ပေမယ့် ဇာတ်ကားတန်ဖိုးငွေများကို ပြန်လည် မရရှိခဲ့တာကြောင့် ငွေရေးကြေးရေးပြဿနာတွေလည်း ရှိခဲ့သေးပါတယ်။

ဒီကနေ့မှာတော့ နေဒွေးကတော့ သူရစရာရှိတဲ့ ငွေတွေကို ပြန်လည်မပေးအပ်သေးတဲ့ အဆိုပါ ဒါရိုက်တာ သိစေရန် သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အခုလိုပဲ ပြောလာပါတယ်။

“ကိုယ်တွေလည်း အခုတလောလှူဖြစ်နေတာဆိုတော့ ရဖို့ရှိနေတဲ့ အကြွေးသိန်း(၂၀) လည်း လှူလိုက်ပါတယ်ဗျာ။ ကိုယ့်အကြွေးတောင် တောင်းပန်မှပြန်ပေးမယ်ဆိုတော့.. ဒါပေမယ့် အကြွေးပြန်မပေးလည်းနေပါဗျာ။

အလှူတွေလုပ်ပြီး ခက်ခဲနေတဲ့ ဇာတ်ပို့ဇာတ်ရံတွေကို တတ်နိုင်သလောက် အလုပ်ပေးနေတဲ့သူတွေကိုတော့ သွားပြီးမစော်ကားပါနဲ့ဗျာ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

နေဒွေးကတော့ သူ့ရဲ့ ရစရာရှိတဲ့အကြွေးတွေကို မပေးတဲ့အပြင် ပရဟိတအလှူတွေလုပ်နေတဲ့သူတွေကို စော်ကားတယ်ဆိုတဲ့ မင်းခန့်ကျော်ကို ဒဲ့ပြောလာတာပဲ ဖြစ်ပါတယ်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ခရက်ဒစ်