အေထြအေထြဗဟုသုတ

“ကပ္ေရာဂါျဖစ္ရျခင္းအေၾကာင္းရင္း”

“ကပ္ေရာဂါျဖစ္ရျခင္းအေၾကာင္းရင္း”

လူတို့ အသက္တမ္း ၅၀၀- တမ္းေအာက္၌ ေလာကတြင္ အယုတ္တရားႀကီး ၃-မ်ိဳး ျဖစ္ေပၚလာ၏။

၁။ အဓမ္မရာဂ။

၂။ ဝိေသမလာဘ။

၃။ မိစၧာ ဓမၼ ဆိုၿပီး သုံးမ်ိဳးရွိတယ္။

!အဓမၼရာဂ ဟူသည္!

=======

ေယာက္်ား မိန္းမတို့သည္ မိမိတို့ဆိုင္ရာ အာ႐ုံမ်ားႏွင့္ မတင္းတိမ္နိုင္ၾကဘဲ၊ အျခားတစ္ပါး၌ စြန္းၿငိက်ဴးလြန္ေသာ ရာဂတရားျဖစ္၏။ (လယ္တီဆရာေတာ္)

(တစ္နည္း)

အေမ အေဒၚ အမ စေသာ ရာဂမျဖစ္သင့္သူတို့၌ တက္မက္ေသာ ရာဂ တရားကို အဓမၼရာဂ ဟု ေခၚသည္။ (အ႒ကထာ)

ယခုေခတ္မွာ အဖနဲ႔သမီး၊ အမိနဲ႔သား၊ အကိုနဲ႔ႏွမ၊ဦးေလးနဲ႔ တူမေတြပါ မက်န္ရေအာင္ ဖတ္လိုက္ရ၊ ၾကားလိုက္ရတဲ့ သတင္းေတြက ဟုတ္မွ ဟုတ္ပါရဲ့လို့ေတာင္ ထင္ေနရတာ ဒါေတြဟာ တစ္ကယ္ေတာ့ အဓမၼရာဂ။ မျဖစ္သင့္ မျဖစ္ထိုက္ဖူး ဆိုေပမယ့္ ဆုတ္ကပ္ ေရာက္လာတဲ့အခ်ိန္မွာ ကပ္ဆိုက္ဖို့အတြက္ မေကာင္းႀကံေတာ့ ကပ္ေဘးႀကီးဆိုက္ဖို့ အတြက္ အေၾကာင္းတရားေတြ ဖန္တီးသလိုျဖစ္ေနတာေပါ့။

!ဝိသမေလာဘ ဟူသည္!

========

ပစၥည္းဥစၥာတို့၌ သူ႔ဖို့ကိုယ့္ဖို့ မၽွတျခင္း မရွိၾကဘဲ ကိုယ့္ဖို့ကိုယ္သာ လုယက္ဆြဲငင္ၾကေသာ ေလာဘတရား ျဖစ္၏။ရသမၽွ ပစၥည္းေတြက ဘယ္ေတာ့မွျပည့္တယ္..ေတာ္ပီ တန္ပါၿပီဆို ရွိမလာခဲ့ၾကဘူး ျဖည့္သာျဖည့္ေနၾကတာျပည့္သြားၿပီဆိုတာ မရွိၾကဘူး။ ရေလ လိုေလ အို တေစၧဘဝ ျဖစ္ေနၾကတာေတြက မ်ားလွပေလ။

!မိစ္ဆာဓမ္မ ဟူသည်!

==========

တိရစၧာန္ကို သတ္မွုသည္ အျပစ္မရွိ၊အရက္ေသာက္ျခင္းသည္ အျပစ္မရွိအစရွိသျဖင့္ ယူဆမွုမ်ိဳး ျဖစ္၏။

(လယ္တီဆရာေတာ္)

အမွားကို အမွန္ထင္၊ အမွန္ျပင္သူကိုေတာ့ အမ်ားကမုန္း၊ကိုယ့္ကိုယ္ လုံးလုံးမထိရင္ အမွားေတြကို အမွန္လိုသုံးတဲ့ေခတ္။

(တစ္နည္း)

ေယာက္်ားအခ်င္းခ်င္း တပ္မက္ျခင္း၊ မိန္းမအခ်င္းခ်င္း တပ္မက္ျခင္းသည္ မိစၧာဓမၼ မည္၏။ (အ႒ကထာ)

ထိုအခါ နတ္ျဗဟၼာတို့သည္ လူတို့ကို မၾကည္ညိဳေတာ့ၿပီ။ လူ႔ေလာကကို မေစာင့္ေရွာက္ၾကေတာ့ၿပီ။ နတ္ဆိုးတို့ကို ထိန္းခ်ဳပ္ထားျခင္း မရွိေတာ့ဘဲ လႊတ္ထားၾကကုန္၏။

နတ္ဆိုး သရဲ သဘက္တို့သည္ လူတို့ေနရာသို့ လာေရာက္၍ လူတို့အား ကပ္ေရာဂါအမ်ိဳးမ်ိဳးေပး၍ အေသြးအဆီတို့ကို စားေသာက္ၾကကုန္၏။

လူတို့ကို မရခဲ့ေသာ္ ကၽြဲ ႏြား ျမင္း သိုး စေသာ သတၱဝါတို့အား ကပ္ေရာဂါအမ်ိဳးမ်ိဳးေပး၍ အေသြး အဆီတို့ကို စားေသာက္ၾကကုန္၏။

ထိုကပ္ဆိုက္ရာ ၿမိဳ့ရြာတို့၌ လူ ကၽြဲ ႏြားတို့သည္ ေထာင္ ေသာင္းမ်ားစြာ ေသဆုံးၾကကုန္ေတာ့၏။

ဤသည္မွာ ကပ္ေရာဂါဆိုက္ရျခင္းအေၾကာင္းျဖစ္၏။

ခုလိုမ်ိဳးကပ္ႀကီးဆိုက္ေနခ်ိန္ေတာင္မွ တစ္ခ်ိဳ့ေတြက ရတာေလးေတြကိုေလာဘႀကီးၿပီးမျဖစ္သင့္တာေတြျဖစ္ေနၾကတယ္

တစ္ခ်ိဳ့က လိုခ်င္မွုေလာဘေတြ မထိန္းနိူင္ၾကေတာ့ေဒါသျဖစ္ကာ သူတစ္ပါးအသက္ကို သတ္မိၾကတယ္။

တစ္ခ်ိဳ့ေတြက အတတ္ပညာရွိၾကၿပီးအသိပညာ အလိမၼာဉာဏ္ပညာတရားေတြကင္းမဲ့သြားကာမလုပ္သင့္ မျဖစ္သင့္တာေတြ ေမာဟဆိုတဲ့ မသိမွုေၾကာင့္ထပ္ခါတစ္လဲလဲ မွားေနၾကတယ္။

တစ္ကယ္ေတာ့ဒါေတြဟာ ေလာဘ ေဒါသ ေမာဟ တရားဆိုးသုံးပါးေၾကာင့္ေရာဂႏၲရကပ္ ၊ သတၱႏၲရကပ္ ၊ ဒုဗၻိကၡႏၲရကပ္ ေတြ ဆိုက္လာၾကတာပါ။

လူ႔ေလာက၌လူ႔အသက္တမ္း ၅၀၀ အထက္တြင္ အယုတ္တရားႀကီး၃ ခု မရွိေသးလၽွင္ နတ္ သိၾကား ျဗဟၼာတို့သည္လူတို့ကို ၾကည္ညိဳ ေလးစားၾကကုန္၏။

လူ႔ေလာကကို ၾကည့္ရွု ေစာင့္ေရွာက္ၾကကုန္၏။လူတို့ကို ထိပါးျခင္း မရွိရေအာင္နတ္ဆိုးတို့ကိုထိန္းခ်ဳပ္ထားၾကကုန္၏။

ထိုအခါ လူ႔ေလာကတြင္ မည့္သည့္ ကပ္ေရာဂါမၽွ မရွိ။

ထို့ေၾကာင့္ လူ႔ျပည္ လူ႔ေလာကတြင္ကပ္ေရာဂါမ်ား မေပၚေပါက္လိုလၽွင္အယုတ္တရားႀကီး ၃ခုကို ဂ႐ုျပဳၾကကုန္ရာ၏။

က်မ္းကိုး။

၁။ အဂၤဳတၱိဳရ္ တိကနိပါတ္၊ ပေလာကသုတ္

၂။ ပါထိကဝဂၢအ႒ကထာ ၃၆၊ ေရာဂႏၲရဒီပနီ။

==========

သရဏဂုံစြဲျမဲသူသရဏဂုံသုံးပါးကို မျပတ္ရြတ္ဖတ္ပူေဇာ္ေနသူတို့အားမည္သည့္ နတ္ယုတ္မာတို့ကမွေႏွာက္ယွက္ဖ်က္ဆီးခြင့္မရွိ ေႏွာက္ယွက္ဖ်က္ဆီး၍ မရပါေခ်။

ထို့ေၾကာင့္ သရဏဂုံသုံးပါးကို ရြတ္ဖတ္ပြားမ်ား ထုံမႊန္းထားၿပီးေဘးဒုကၡကပ္အေပါင္းမွ ေက်ာ္လႊားနိုင္ၾကပါေစသတည္း။

ကမၻာသူ ကမၻာသားအားလုံး ႏွင့္ ျမန္မာျပည္သူ ျပည္သားအားလုံးကပ္ေရာဂါဆိုးႀကီးမွ ေက်ာ္လႊားနိုင္ၾကပါေစ…။

အရွင္ဝိသုတ- (ေရစႀကိဳ)

Crd, original Uploader.

Credit post ##December##

=============

“ကပ်ရောဂါဖြစ်ရခြင်းအကြောင်းရင်း”

လူတို့ အသက်တမ်း ၅၀၀- တမ်းအောက်၌ လောကတွင် အယုတ်တရားကြီး ၃-မျိုး ဖြစ်ပေါ်လာ၏။

၁။ အဓမ်မရာဂ။

၂။ ဝိသေမလာဘ။

၃။ မိစ္ဆာ ဓမ္မ ဆိုပြီး သုံးမျိုးရှိတယ်။

!အဓမ္မရာဂ ဟူသည်!

=======

ယောက်ျား မိန်းမတို့သည် မိမိတို့ဆိုင်ရာ အာရုံများနှင့် မတင်းတိမ်နိုင်ကြဘဲ၊ အခြားတစ်ပါး၌ စွန်းငြိကျူးလွန်သော ရာဂတရားဖြစ်၏။ (လယ်တီဆရာတော်)

(တစ်နည်း)

အမေ အဒေါ် အမ စသော ရာဂမဖြစ်သင့်သူတို့၌ တက်မက်သော ရာဂ တရားကို အဓမ္မရာဂ ဟု ခေါ်သည်။ (အဋ္ဌကထာ)

ယခုခေတ်မှာ အဖနဲ့သမီး၊ အမိနဲ့သား၊ အကိုနဲ့နှမ၊ဦးလေးနဲ့ တူမတွေပါ မကျန်ရအောင် ဖတ်လိုက်ရ၊ ကြားလိုက်ရတဲ့ သတင်းတွေက ဟုတ်မှ ဟုတ်ပါရဲ့လို့တောင် ထင်နေရတာ ဒါတွေဟာ တစ်ကယ်တော့ အဓမ္မရာဂ။ မဖြစ်သင့် မဖြစ်ထိုက်ဖူး ဆိုပေမယ့် ဆုတ်ကပ် ရောက်လာတဲ့အချိန်မှာ ကပ်ဆိုက်ဖို့အတွက် မကောင်းကြံတော့ ကပ်ဘေးကြီးဆိုက်ဖို့ အတွက် အကြောင်းတရားတွေ ဖန်တီးသလိုဖြစ်နေတာပေါ့။

!ဝိသမလောဘ ဟူသည်!

========

ပစ္စည်းဥစ္စာတို့၌ သူ့ဖို့ကိုယ့်ဖို့ မျှတခြင်း မရှိကြဘဲ ကိုယ့်ဖို့ကိုယ်သာ လုယက်ဆွဲငင်ကြသော လောဘတရား ဖြစ်၏။ရသမျှ ပစ္စည်းတွေက ဘယ်တော့မှပြည့်တယ်..တော်ပီ တန်ပါပြီဆို ရှိမလာခဲ့ကြဘူး ဖြည့်သာဖြည့်နေကြတာပြည့်သွားပြီဆိုတာ မရှိကြဘူး။ ရလေ လိုလေ အို တစ္ဆေဘဝ ဖြစ်နေကြတာတွေက များလှပလေ။

!မိစ်ဆာဓမ်မ ဟူသညျ!

==========

တိရစ္ဆာန်ကို သတ်မှုသည် အပြစ်မရှိ၊အရက်သောက်ခြင်းသည် အပြစ်မရှိအစရှိသဖြင့် ယူဆမှုမျိုး ဖြစ်၏။

(လယ်တီဆရာတော်)

အမှားကို အမှန်ထင်၊ အမှန်ပြင်သူကိုတော့ အများကမုန်း၊ကိုယ့်ကိုယ် လုံးလုံးမထိရင် အမှားတွေကို အမှန်လိုသုံးတဲ့ခေတ်။

(တစ်နည်း)

ယောက်ျားအချင်းချင်း တပ်မက်ခြင်း၊ မိန်းမအချင်းချင်း တပ်မက်ခြင်းသည် မိစ္ဆာဓမ္မ မည်၏။ (အဋ္ဌကထာ)

ထိုအခါ နတ်ဗြဟ္မာတို့သည် လူတို့ကို မကြည်ညိုတော့ပြီ။ လူ့လောကကို မစောင့်ရှောက်ကြတော့ပြီ။ နတ်ဆိုးတို့ကို ထိန်းချုပ်ထားခြင်း မရှိတော့ဘဲ လွှတ်ထားကြကုန်၏။

နတ်ဆိုး သရဲ သဘက်တို့သည် လူတို့နေရာသို့ လာရောက်၍ လူတို့အား ကပ်ရောဂါအမျိုးမျိုးပေး၍ အသွေးအဆီတို့ကို စားသောက်ကြကုန်၏။

လူတို့ကို မရခဲ့သော် ကျွဲ နွား မြင်း သိုး စသော သတ္တဝါတို့အား ကပ်ရောဂါအမျိုးမျိုးပေး၍ အသွေး အဆီတို့ကို စားသောက်ကြကုန်၏။

ထိုကပ်ဆိုက်ရာ မြို့ရွာတို့၌ လူ ကျွဲ နွားတို့သည် ထောင် သောင်းများစွာ သေဆုံးကြကုန်တော့၏။

ဤသည်မှာ ကပ်ရောဂါဆိုက်ရခြင်းအကြောင်းဖြစ်၏။

ခုလိုမျိုးကပ်ကြီးဆိုက်နေချိန်တောင်မှ တစ်ချို့တွေက ရတာလေးတွေကိုလောဘကြီးပြီးမဖြစ်သင့်တာတွေဖြစ်နေကြတယ်

တစ်ချို့က လိုချင်မှုလောဘတွေ မထိန်းနိူင်ကြတော့ဒေါသဖြစ်ကာ သူတစ်ပါးအသက်ကို သတ်မိကြတယ်။

တစ်ချို့တွေက အတတ်ပညာရှိကြပြီးအသိပညာ အလိမ္မာဉာဏ်ပညာတရားတွေကင်းမဲ့သွားကာမလုပ်သင့် မဖြစ်သင့်တာတွေ မောဟဆိုတဲ့ မသိမှုကြောင့်ထပ်ခါတစ်လဲလဲ မှားနေကြတယ်။

တစ်ကယ်တော့ဒါတွေဟာ လောဘ ဒေါသ မောဟ တရားဆိုးသုံးပါးကြောင့်ရောဂန္တရကပ် ၊ သတ္တန္တရကပ် ၊ ဒုဗ္ဘိက္ခန္တရကပ် တွေ ဆိုက်လာကြတာပါ။

လူ့လောက၌လူ့အသက်တမ်း ၅၀၀ အထက်တွင် အယုတ်တရားကြီး၃ ခု မရှိသေးလျှင် နတ် သိကြား ဗြဟ္မာတို့သည်လူတို့ကို ကြည်ညို လေးစားကြကုန်၏။

လူ့လောကကို ကြည့်ရှု စောင့်ရှောက်ကြကုန်၏။လူတို့ကို ထိပါးခြင်း မရှိရအောင်နတ်ဆိုးတို့ကိုထိန်းချုပ်ထားကြကုန်၏။

ထိုအခါ လူ့လောကတွင် မည့်သည့် ကပ်ရောဂါမျှ မရှိ။

ထို့ကြောင့် လူ့ပြည် လူ့လောကတွင်ကပ်ရောဂါများ မပေါ်ပေါက်လိုလျှင်အယုတ်တရားကြီး ၃ခုကို ဂရုပြုကြကုန်ရာ၏။

ကျမ်းကိုး။

၁။ အင်္ဂုတ္တိုရ် တိကနိပါတ်၊ ပလောကသုတ်

၂။ ပါထိကဝဂ္ဂအဋ္ဌကထာ ၃၆၊ ရောဂန္တရဒီပနီ။

==========

သရဏဂုံစွဲမြဲသူသရဏဂုံသုံးပါးကို မပြတ်ရွတ်ဖတ်ပူဇော်နေသူတို့အားမည်သည့် နတ်ယုတ်မာတို့ကမှနှောက်ယှက်ဖျက်ဆီးခွင့်မရှိ နှောက်ယှက်ဖျက်ဆီး၍ မရပါချေ။

ထို့ကြောင့် သရဏဂုံသုံးပါးကို ရွတ်ဖတ်ပွားများ ထုံမွှန်းထားပြီးဘေးဒုက္ခကပ်အပေါင်းမှ ကျော်လွှားနိုင်ကြပါစေသတည်း။

ကမ္ဘာသူ ကမ္ဘာသားအားလုံး နှင့် မြန်မာပြည်သူ ပြည်သားအားလုံးကပ်ရောဂါဆိုးကြီးမှ ကျော်လွှားနိုင်ကြပါစေ…။

အရှင်ဝိသုတ- (ရေစကြို)

Crd, original Uploader.

Credit post ##December##