ျပည္တြင္းသတင္း

ဖုန်းများ၏ IMEI နံပါတ်များ မှတ်ပုံမတင်လျှင် အခွန်မဆောင်လျှင် ဖုန်းလိုင်းအသုံးပြု ခွင့်ပိတ်မည့် စစ်ကောင်စီ

စစ်ကောင်စီက ပြည်သူများ၏ မိုဘိုင်းလ်ဖုန်းဟန်းဆက်များအားလုံးကို အခွန် ကောက်၊ မှတ်ပုံတင်ခိုင်းပြီး လုံခြုံရေးအရ အလုံးစုံ ထိန်းချုပ်မည် ၊

ဖုန်းဟန်းဆက်များ၏ IMEI နံပါတ်များ မှတ်ပုံမတင်လျှင် အခွန်မဆောင်လျှင် ဖုန်းလိုင်းအသုံးပြု ခွင့်ပိတ်မည်

ရန်ကုန်၊ မေ ၁၃

စစ်ကောင်စီက ပြည်သူများ အသုံးပြုနေသော မိုဘိုင်းလ်ဖုန်းဟန်းဆက်များ၏ IMEI နံပါတ်များကို ဟန်းဆက် တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၃ ဒေါ်လာ (မြန်မာငွေကျပ် ၆၀၀၀ ကျပ်ဝန်းကျင်)

မှတ်ပုံတင်အခွန်ဆောင်ခိုင်းပြီး လုံခြုံ ရေးအရ ပိုမို ထိန်းချုပ်ရန်ရှိကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာနသတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

မေလ ၁၁ ရက်နေ့ မိုဘိုင်းဖုန်းဟန်းဆက်များ အခွန်ငွေကောက်ခံရေး အစည်း အဝေးတစ်ရပ်ကို နေပြည်တော်၊ စီမံ ကိန်း နှင့် ဘဏ္ဏာရေးဝန်ကြီးဌာန၊

ရုံးအမှတ် ( ၂၆ )တွင် ကျင်းပခဲ့ပြီး စစ်ကောင်စီ စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုဝန်ကြီး၊ ဒုတိယအတွင်းဝန်၊ ညွှန်ချူပ်၊ ပို့/ဆက် ဒုဝန်ကြီး အပါအဝင် အရာရှိများ၊

မြန်မာနိုင်ငံမိုဘိုင်းလ်ဖုန်းတင်သွင်းသူများအသင်း MMIA နှင့်၊ Solutions Hub Company Ltd မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုဝန်ကြီးက မိုဘိုင်းလ်ဟန်းဆက်များမှ အခွန်ငွေ များရရှိစေရန်

ပြည်သူအများကိုင်ဆောင်နေသော ဟန်းဆက် များ၏ IMEI (International Mobile Equipment Identity) နံပါတ်များကို

Data server တစ်ခုတည်ဆောက်ပြီး ပညာပေးကာလသတ်မှတ်ကာ အခွန် ကောက် မှတ်ပုံတင်ထည့်သွင်း သိမ်း ဆည်းစေမည်ဖြစ်ကြောင်း၊

ပညာပေးကာလ ကျော်လွန်ပါက အခွန်မဆောင်၊ မှတ်ပုံ မတင်သော ဟန်းဆက်များကို ဆက်သွယ်ရေး စနစ် အသုံးမပြုနိုင်ရန် ပိတ်ပင်မည်ဟု ပြောဆိုကြောင်း နေပြည်တော် ဆက်သွယ်ရေးသတင်းရင်းမြစ်က ပြောသည်။

မိုဘိုင်းလ်ဖုန်းများကို မှတ်ပုံတင်နိုင်ရေးအတွက် အဓိက လုပ်ငန်းလုပ်ကိုင်လိုသူ Solutions Hub Company က တစ်နိုင်ငံလုံးမှ မိုဘိုင်းဟန်းဆက်များကို

ရက်ပေါင်း ၆၀ အတွင်း ဟန်းဆက် IMEI နံပါတ်များကို မှတ်ပုံတင်စေကာ ရက်ပေါင်း ၆၀ ကျော်လွန်ချိန်

မှတ်ပုံမတင်ထားသော ဟန်းဆက်များကို ဆက်သွယ်ရေးစနစ်မှ ပယ်ထုတ်နိုင်သည့် နည်းလမ်းများကို ရှင်းလင်းပြောဆိုသည်။

NLD အစိုးရလက်ထက်တွင် ယင်းစနစ် အသုံးပြုရန် တင်ပြခဲ့သော်လည်း NLD အစိုးရက ပြည်သူများ လွတ်လပ်စွာ ဖုန်းအသုံးပြုနိုင်ရေး အတွက်

ယင်းစနစ်ကို လက်မခံပယ်ချခဲ့ကြောင်း ၊ ယခု နစက လက်ထက်တွင် အကောင် အထည် ဖော်လိုကြောင်း၊

အဆိုပါစနစ်ကို ရက်ပေါင်း ၁၂၀ အတွင်း ပြီးစီးအောင် တည်ဆောက် နိုင်ပြီး ပညာပေးကာလ ရက်ပေါင်း ၆၀ သတ်မှတ်အတွင်း ဟန်းဆက်များ၏ IMEI နံပါတ်များကို သိမ်းဆည်းနိုင်ကြောင်း ၊

မှတ်ပုံမတင်ထားလျှင် ဖုန်းများ အသုံးပြုမရအောင် ပိတ်ပင်မည်ဖြစ်ကြောင်း Solutions Hub Company က ပြောဆိုသည်။

ထိုကဲ့သို့ မိုဘိုင်းလ်ဖုန်းများကို IMEI နံပါတ်မှတ်ပုံတင်စေသည့် နည်းလမ်းကို ရုရှား၊ အဇာဘိုင်ဂျန် နိုင်ငံ အပါအဝင် ၈ နိုင်ငံတွင် အသုံးပြုနေသည်ဟု Solutions Hub Company က တင်ပြကြောင်း သိရှိရသည်။

ဆက်သွယ်ရေးသတင်းရင်းမြစ်၏ အဆိုအရ စစ်ကောင်စီသည် ဟန်းဆက်များကို အခွန်ကောက်ခံရန်နှင့် မှတ်ပုံတင်စေခြင်းဖြင့် တစ်နိုင်ငံလုံးရှိ ဖုန်းများကို လုံခြုံရေးအရ ထိန်းချုပ်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း ၊

ဟန်းဆက်များမှတ်ပုံတင်ခြင်းလုပ်ငန်းကို လုပ်ကိုင်မည့် Solutions Hub ကုမ္ပဏီသည် ၎င်း၏ အကျိုးအတွက် ပြည်သူကို ချနင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

“Solutions Hub က ဖုန်းတစ်လုံးကို ဒေါ်လာ ၃ ဒေါ်လာ(မြန်မာကျပ်ငွေ ၆၀၀၀) နဲ့ မှတ်ပုံတင် အခွန် ကောက်မှာဆိုတော့ ဖုန်းအလုံး သန်း ၅၀ ဆိုရင် ဒေါ်လာ သန်း ၁၅၀ ရသွားမယ်။

နောက်ပြီး ဖုန်းတွေကို IMEI နံပါတ်သိရင် ဘယ်နေရာမှာ ဘာသုံးသုံးခြေရာခံလို့ရလာမယ်။

ဆိုးကျိုးတွေက ပိုများတယ်။ Solutions Hub အနေနဲ့ ကိုယ့်အကျိုးစီးပွားအတွက် ပြည်သူတွေကို ဒုက္ခပေးတာမျိုး မလုပ်သင့်ဘူး” ဟု ဆက်သွယ်ရေးဌာနနှင့် တွဲဖက်လုပ်ကိုင်နေသူ နည်းပညာကျွမ်းကျင်သူ တစ်ဦးက ပြောဆိုသည်။

ပည်သူများအနေဖြင့် မိမိမိုဘိုင်းလ်ဖုန်း၏ IMEI နံပါတ်ကို *#06# ကိုနှိပ်၍ စစ်ဆေးကြည့်ရှုနိုင်သည်။

ဓာတ်ပုံ- မိုဘိုင်းလ်ဖုန်းအသုံးပြုကြသူတချို့။

Photo- Yuichi Nitta

credit

စစ္ေကာင္စီက ျပည္သူမ်ား၏ မိုဘိုင္းလ္ဖုန္းဟန္းဆက္မ်ားအားလုံးကို အခြန္ ေကာက္၊ မွတ္ပုံတင္ခိုင္းၿပီး လုံျခဳံေရးအရ အလုံးစုံ ထိန္းခ်ဳပ္မည္ ၊

ဖုန္းဟန္းဆက္မ်ား၏ IMEI နံပါတ္မ်ား မွတ္ပုံမတင္လၽွင္ အခြန္မေဆာင္လၽွင္ ဖုန္းလိုင္းအသုံးျပဳ ခြင့္ပိတ္မည္

ရန္ကုန္၊ ေမ ၁၃

စစ္ေကာင္စီက ျပည္သူမ်ား အသုံးျပဳေနေသာ မိုဘိုင္းလ္ဖုန္းဟန္းဆက္မ်ား၏ IMEI နံပါတ္မ်ားကို ဟန္းဆက္ တစ္လုံးလၽွင္ အေမရိကန္ေဒၚလာ ၃ ေဒၚလာ (ျမန္မာေငြက်ပ္ ၆၀၀၀ က်ပ္ဝန္းက်င္)

မွတ္ပုံတင္အခြန္ေဆာင္ခိုင္းၿပီး လုံျခဳံ ေရးအရ ပိုမို ထိန္းခ်ဳပ္ရန္ရွိေၾကာင္း ဆက္သြယ္ေရးဝန္ႀကီးဌာနသတင္းရင္းျမစ္က အတည္ျပဳေျပာဆိုသည္။

ေမလ ၁၁ ရက္ေန႔ မိုဘိုင္းဖုန္းဟန္းဆက္မ်ား အခြန္ေငြေကာက္ခံေရး အစည္း အေဝးတစ္ရပ္ကို ေနျပည္ေတာ္၊ စီမံ ကိန္း ႏွင့္ ဘဏၰာေရးဝန္ႀကီးဌာန၊

႐ုံးအမွတ္ ( ၂၆ )တြင္ က်င္းပခဲ့ၿပီး စစ္ေကာင္စီ စီမံကိန္းႏွင့္ဘ႑ာေရး ဒုဝန္ႀကီး၊ ဒုတိယအတြင္းဝန္၊ ညႊန္ခ်ဴပ္၊ ပို႔/ဆက္ ဒုဝန္ႀကီး အပါအဝင္ အရာရွိမ်ား၊

ျမန္မာနိုင္ငံမိုဘိုင္းလ္ဖုန္းတင္သြင္းသူမ်ားအသင္း MMIA ႏွင့္၊ Solutions Hub Company Ltd မွတာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရွိရသည္။

အစည္းအေဝးတြင္ စီမံကိန္းႏွင့္ဘ႑ာေရး ဒုဝန္ႀကီးက မိုဘိုင္းလ္ဟန္းဆက္မ်ားမွ အခြန္ေငြ မ်ားရရွိေစရန္

ျပည္သူအမ်ားကိုင္ေဆာင္ေနေသာ ဟန္းဆက္ မ်ား၏ IMEI (International Mobile Equipment Identity) နံပါတ္မ်ားကို

Data server တစ္ခုတည္ေဆာက္ၿပီး ပညာေပးကာလသတ္မွတ္ကာ အခြန္ ေကာက္ မွတ္ပုံတင္ထည့္သြင္း သိမ္း ဆည္းေစမည္ျဖစ္ေၾကာင္း၊

ပညာေပးကာလ ေက်ာ္လြန္ပါက အခြန္မေဆာင္၊ မွတ္ပုံ မတင္ေသာ ဟန္းဆက္မ်ားကို ဆက္သြယ္ေရး စနစ္ အသုံးမျပဳနိုင္ရန္ ပိတ္ပင္မည္ဟု ေျပာဆိုေၾကာင္း ေနျပည္ေတာ္ ဆက္သြယ္ေရးသတင္းရင္းျမစ္က ေျပာသည္။

မိုဘိုင္းလ္ဖုန္းမ်ားကို မွတ္ပုံတင္နိုင္ေရးအတြက္ အဓိက လုပ္ငန္းလုပ္ကိုင္လိုသူ Solutions Hub Company က တစ္နိုင္ငံလုံးမွ မိုဘိုင္းဟန္းဆက္မ်ားကို

ရက္ေပါင္း ၆၀ အတြင္း ဟန္းဆက္ IMEI နံပါတ္မ်ားကို မွတ္ပုံတင္ေစကာ ရက္ေပါင္း ၆၀ ေက်ာ္လြန္ခ်ိန္

မွတ္ပုံမတင္ထားေသာ ဟန္းဆက္မ်ားကို ဆက္သြယ္ေရးစနစ္မွ ပယ္ထုတ္နိုင္သည့္ နည္းလမ္းမ်ားကို ရွင္းလင္းေျပာဆိုသည္။

NLD အစိုးရလက္ထက္တြင္ ယင္းစနစ္ အသုံးျပဳရန္ တင္ျပခဲ့ေသာ္လည္း NLD အစိုးရက ျပည္သူမ်ား လြတ္လပ္စြာ ဖုန္းအသုံးျပဳနိုင္ေရး အတြက္

ယင္းစနစ္ကို လက္မခံပယ္ခ်ခဲ့ေၾကာင္း ၊ ယခု နစက လက္ထက္တြင္ အေကာင္ အထည္ ေဖာ္လိုေၾကာင္း၊

အဆိုပါစနစ္ကို ရက္ေပါင္း ၁၂၀ အတြင္း ၿပီးစီးေအာင္ တည္ေဆာက္ နိုင္ၿပီး ပညာေပးကာလ ရက္ေပါင္း ၆၀ သတ္မွတ္အတြင္း ဟန္းဆက္မ်ား၏ IMEI နံပါတ္မ်ားကို သိမ္းဆည္းနိုင္ေၾကာင္း ၊

မွတ္ပုံမတင္ထားလၽွင္ ဖုန္းမ်ား အသုံးျပဳမရေအာင္ ပိတ္ပင္မည္ျဖစ္ေၾကာင္း Solutions Hub Company က ေျပာဆိုသည္။

ထိုကဲ့သို႔ မိုဘိုင္းလ္ဖုန္းမ်ားကို IMEI နံပါတ္မွတ္ပုံတင္ေစသည့္ နည္းလမ္းကို ႐ုရွား၊ အဇာဘိုင္ဂ်န္ နိုင္ငံ အပါအဝင္ ၈ နိုင္ငံတြင္ အသုံးျပဳေနသည္ဟု Solutions Hub Company က တင္ျပေၾကာင္း သိရွိရသည္။

ဆက္သြယ္ေရးသတင္းရင္းျမစ္၏ အဆိုအရ စစ္ေကာင္စီသည္ ဟန္းဆက္မ်ားကို အခြန္ေကာက္ခံရန္ႏွင့္ မွတ္ပုံတင္ေစျခင္းျဖင့္ တစ္နိုင္ငံလုံးရွိ ဖုန္းမ်ားကို လုံျခဳံေရးအရ ထိန္းခ်ဳပ္ရန္ ျပင္ဆင္ျခင္းျဖစ္ေၾကာင္း ၊

ဟန္းဆက္မ်ားမွတ္ပုံတင္ျခင္းလုပ္ငန္းကို လုပ္ကိုင္မည့္ Solutions Hub ကုမၸဏီသည္ ၎၏ အက်ိဳးအတြက္ ျပည္သူကို ခ်နင္းျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“Solutions Hub က ဖုန္းတစ္လုံးကို ေဒၚလာ ၃ ေဒၚလာ(ျမန္မာက်ပ္ေငြ ၆၀၀၀) နဲ႔ မွတ္ပုံတင္ အခြန္ ေကာက္မွာဆိုေတာ့ ဖုန္းအလုံး သန္း ၅၀ ဆိုရင္ ေဒၚလာ သန္း ၁၅၀ ရသြားမယ္။

ေနာက္ၿပီး ဖုန္းေတြကို IMEI နံပါတ္သိရင္ ဘယ္ေနရာမွာ ဘာသုံးသုံးေျခရာခံလို႔ရလာမယ္။

ဆိုးက်ိဳးေတြက ပိုမ်ားတယ္။ Solutions Hub အေနနဲ႔ ကိုယ့္အက်ိဳးစီးပြားအတြက္ ျပည္သူေတြကို ဒုကၡေပးတာမ်ိဳး မလုပ္သင့္ဘူး” ဟု ဆက္သြယ္ေရးဌာနႏွင့္ တြဲဖက္လုပ္ကိုင္ေနသူ နည္းပညာကၽြမ္းက်င္သူ တစ္ဦးက ေျပာဆိုသည္။

ပည္သူမ်ားအေနျဖင့္ မိမိမိုဘိုင္းလ္ဖုန္း၏ IMEI နံပါတ္ကို *#06# ကိုႏွိပ္၍ စစ္ေဆးၾကည့္ရႈနိုင္သည္။

ဓာတ္ပုံ- မိုဘိုင္းလ္ဖုန္းအသုံးျပဳၾကသူတခ်ိဳ႕။

Photo- Yuichi Nitta