ျပည္တြင္းသတင္း

ကမ္ဘောဇဘဏ်မှ National Health Laboratory တွင် အရေးပေါ် လိုအပ်နေသော တန်ဖိုးကျပ်သိန်း ၁၂၅၀ ရှိသည့် ၅၀၀ KVA မီးစက်နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်း

ကမ္ဘောဇဘဏ်မှ National Health Laboratory တွင် အရေးပေါ်လိုအပ်နေသော တန်ဖိုးကျပ်သိန်း ၁၂၅၀ ရှိသည့် ၅၀၀ KVA မီးစက်နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်း

ကမ္ဘောဇဘဏ်သည် Covid-19 ရောဂါကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် National Health Laboratory တွင် အရေးပေါ်လိုအပ်နေသော ၅၀၀ KVA မီးစက်နှင့် ဆက်စပ်ပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ မေလ ၁၇ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရပါသည်။

ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းက တန်ဖိုး ကျပ်သိန်း ၁၂၅၀ ရှိသည့် အမေရိကန်နိုင်ငံ Caterpillar ကုမ္ပဏီ အမျိုးအစား ၅၀၀ KVA မီးစက်ကြီး၊

Auto Transfer System (ATS) နှင့် Generator earthing equipment တို့ကို National Health Laboratory ၏ ဒုတိယညွှန်ကြားရေးမှုးချုပ် ပါမောက္ခ ဒေါက်တာ ဒေါ်ဌေးဌေးတင်ထံ ပေးအပ်လှုဒါန်းခဲ့ပါသည်။

National Health Laboratory သည် တစ်နိုင်ငံလုံးမှ ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲစမ်းသပ်မှုမျာကို ဆောင်ရွက်နေသော WHO အသိအမှတ်ပြု ဓါတ်ခွဲခန်းတစ်ခုဖြစ်ပြီး COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားချိန်တွင် ၂၄ နာရီပတ်လုံး အချိန်နှင့်တစ်ပြေးညီ ဆေးစစ်ချက်များ ထုတ်ပြန်ပေးနေသော ဓါတ်ခွဲခန်းဖြစ်ပါသည်။

လှူဒါန်းမှုနှင့် ပတ်သက်၍ ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းက ”COVID- 19 ကူးစက်ပျံ့နှံ့မှုနှုန်းကို ထိန်းချုပ်တဲ့အခါမှာ အများပြည်သူကို ဝန်ဆောင်မှုတွေပေးနေတဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေကို ကဏ္ဌအသီးသီး၊ လူမှုအသိုင်းအဝိုင်း အသီးသီးက အတူလက်တွဲ ကူညီပေးကြဖို့ အလွန်အရေးကြီးပါတယ်။

ကျွန်မတို့ ကမ္ဘောဇဘဏ်ဟာ COVID-19 ရောဂါကို မြန်မာနိုင်ငံမှာ မတွေ့ခင်ကတည်းက ပြည်သူများအတွက် လှူဒါန်းမှုများစတင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ကမ္ဘောဇဘဏ်ရဲ့ လှူဒါန်းမှုဟာ ယခုလက်ရှိ ပြည်သူလူထုရဲ့ အသက်ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ပေးနေတဲ့ NHL ရဲ့ အရေးကြီးတဲ့ စမ်းသပ်စစ်ဆေးမှုနဲ့ သုတေသန လုပ်ငန်းတွေကို အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

COVID 19 ရောဂါ ကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချူပ်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘောဇဘဏ်သည် KBZ MS General Insurance၊ KBZ Life၊ Myanmar Airways International (MAI) နှင့်

Air KBZ တို့နှင့်လက်တွဲ၍ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစ၍ ယခုအချိန်အထိ ကျပ်သိန်းပေါင်း ၃၅,၂၂၄ သိန်း( သိန်းပေါင်း သုံးသောင်းငါးထောင်နှစ်ရာနှစ်ဆယ့်လေးသိန်း) လှူဒါန်းထားပါသည်။

ဆက်လက်၍လည်း ကမ္ဘောဘဏ်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာများတွင် လိုအပ်သည်တို့ကို ပူးပေါင်းပါဝင် လှူဒါန်းသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရပါသည်။

crd-KBZ BANK Myanmar_Online_News

ကေမာၻဇဘဏ္မွ National Health Laboratory တြင္ အေရးေပၚလိုအပ္ေနေသာ တန္ဖိုးက်ပ္သိန္း ၁၂၅၀ ရွိသည့္ ၅၀၀ KVA မီးစက္ႏွင့္ ဆက္စပ္ပစၥည္းမ်ား လႉဒါန္း

ကေမာၻဇဘဏ္သည္ Covid-19 ေရာဂါကို အခ်ိန္ႏွင့္တစ္ေျပးညီ စဥ္ဆက္မျပတ္ ရွာေဖြေဖာ္ထုတ္ႏိုင္ေရးအတြက္ National Health Laboratory တြင္ အေရးေပၚလိုအပ္ေနေသာ ၅၀၀ KVA မီးစက္ႏွင့္ ဆက္စပ္ပစၥည္းမ်ားကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ အမ်ိဳးသားက်န္းမာေရးဓါတ္ခြဲမႈဆိုင္ရာဌာနသို႔ ေမလ ၁၇ ရက္ေန႔က သြားေရာက္လႉဒါန္းခဲ့ေၾကာင္း သိရပါသည္။

ကေမာၻဇဘဏ္၏ ဒုတိယအမႈေဆာင္အရာရွိခ်ဳပ္ ေဒၚနန္းလိုင္းခမ္းက တန္ဖိုး က်ပ္သိန္း ၁၂၅၀ ရွိသည့္ အေမရိကန္ႏိုင္ငံ Caterpillar ကုမၸဏီ အမ်ိဳးအစား ၅၀၀ KVA မီးစက္ႀကီး၊ Auto Transfer System (ATS) ႏွင့္ Generator earthing equipment တို႔ကို National Health Laboratory ၏ ဒုတိယၫႊန္ၾကားေရးမႈးခ်ဳပ္ ပါေမာကၡ ေဒါက္တာ ေဒၚေဌးေဌးတင္ထံ ေပးအပ္လႈဒါန္းခဲ့ပါသည္။

National Health Laboratory သည္ တစ္ႏိုင္ငံလုံးမွ ျပည္သူမ်ား၏ က်န္းမာေရးဆိုင္ရာ ဓါတ္ခြဲစမ္းသပ္မႈမ်ာကို ေဆာင္႐ြက္ေနေသာ WHO အသိအမွတ္ျပဳ ဓါတ္ခြဲခန္းတစ္ခုျဖစ္ၿပီး COVID-19 ကမာၻ႔ကပ္ေရာဂါ ျဖစ္ပြားခ်ိန္တြင္ ၂၄ နာရီပတ္လုံး အခ်ိန္ႏွင့္တစ္ေျပးညီ ေဆးစစ္ခ်က္မ်ား ထုတ္ျပန္ေပးေနေသာ ဓါတ္ခြဲခန္းျဖစ္ပါသည္။

လႉဒါန္းမႈႏွင့္ ပတ္သက္၍ ကေမာၻဇဘဏ္ ဒုတိယအမႈေဆာင္အရာရွိခ်ဳပ္ ေဒၚနန္းလိုင္းခမ္းက ”COVID- 19 ကူးစက္ပ်ံ႕ႏွံ႔မႈႏႈန္းကို ထိန္းခ်ဳပ္တဲ့အခါမွာ အမ်ားျပည္သူကို ဝန္ေဆာင္မႈေတြေပးေနတဲ့ သက္ဆိုင္ရာ အစိုးရအဖြဲ႕အစည္းေတြကို ကဏၭအသီးသီး၊ လူမႈအသိုင္းအဝိုင္း အသီးသီးက အတူလက္တြဲ ကူညီေပးၾကဖို႔ အလြန္အေရးႀကီးပါတယ္။

ကြၽန္မတို႔ ကေမာၻဇဘဏ္ဟာ COVID-19 ေရာဂါကို ျမန္မာႏိုင္ငံမွာ မေတြ႕ခင္ကတည္းက ျပည္သူမ်ားအတြက္ လႉဒါန္းမႈမ်ားစတင္ခဲ့တာျဖစ္ပါတယ္။

ဒီေန႔ ကေမာၻဇဘဏ္ရဲ႕ လႉဒါန္းမႈဟာ ယခုလက္ရွိ ျပည္သူလူထုရဲ႕ အသက္ေဘးအႏၲရာယ္ကို ႀကိဳတင္ကာကြယ္ေပးေနတဲ့ NHL ရဲ႕ အေရးႀကီးတဲ့ စမ္းသပ္စစ္ေဆးမႈနဲ႔ သုေတသန လုပ္ငန္းေတြကို အေထာက္အကူျပဳေစမွာ ျဖစ္ပါတယ္။” ဟု ေျပာၾကားခဲ့ပါသည္။

COVID 19 ေရာဂါ ကာကြယ္ေရး၊ ကုသေရးႏွင့္ ထိန္းခ်ဴပ္ေရး လုပ္ငန္းစဥ္မ်ားကို ထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ရန္အတြက္ ကေမာၻဇဘဏ္သည္ KBZ MS General Insurance၊ KBZ Life၊ Myanmar Airways International (MAI) ႏွင့္

Air KBZ တို႔ႏွင့္လက္တြဲ၍ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔မွစ၍ ယခုအခ်ိန္အထိ က်ပ္သိန္းေပါင္း ၃၅,၂၂၄ သိန္း( သိန္းေပါင္း သုံးေသာင္းငါးေထာင္ႏွစ္ရာႏွစ္ဆယ့္ေလးသိန္း) လႉဒါန္းထားပါသည္။

ဆက္လက္၍လည္း ကေမာၻဘဏ္သည္ တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ လိုအပ္သည့္အခ်ိန္၊ လိုအပ္သည့္ေနရာမ်ားတြင္ လိုအပ္သည္တို႔ကို ပူးေပါင္းပါဝင္ လႉဒါန္းသြားရန္ စီစဥ္ေဆာင္႐ြက္ထားေၾကာင္း သိရပါသည္။

crd-KBZ BANK Myanmar_Online_News