Thura Aung
unicode
ပုဂံဘုရားများ ဖောက်ထွင်းခံထားရ
ယနေ့ (၈/၆/၂၀၂၀)တွင် ပုဂံညောင်ဦးဧည့်လမ်းညွှန်များအသင်းမှ ပုဂံဘုရားများကို ကင်းပတ်လှည့်လည် ကြည့်ရှု့ စဉ် ရွာဟောင်းကြီးဘုရားမြောက်ဖက် ဘုရားစုများထဲမှ ဘုရားငါးဆူ ၏ ပြန်လည်ပြုပြင်ထားသော ကွမ်းတောင်များတွင် ဖောက်ထွင်းခံထားရသည်ကိုတွေ့ရှိရ၍
ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် သက်ဆိုင်ရာလုံခြုရေးအဖွဲ့အစည်းများသို့သတင်းပေးပို့၍ မှတ်တမ်းရယူ ပူးပေါင်း ဆောင်ရွက်နေပါကြောင်း အသိပေးအပ်ပါသည်။
ဓါတ်ပုံမှတ်တမ်းများ နှင့်တကွ ဖော်ပြအပ်ပါသည်။
အလုပ်အမှုဆောင်ကော်မတီ
ပုဂံညောင်ဦးဧည့်လမ်းညွှန်များအသင်း
Thura Aung