ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ရဲ့လိုက်ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် “မြန်မာ့စပါးအုံး” အောင်လအန်ဆန်ကို foodpanda ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်လိုက်ပါတယ်။
ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့စာချုပ်ချုပ်ဆိုကာ သံတမန်တဦးအဖြစ် ဆောင်ရွက်နေတဲ့ အောင်လဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အာရှတိုက်ရဲ့ ဈေးကွက်အကြီးမားဆုံး ရရှိထားတဲ့ အွန်လိုင်းအစားအသောက် ပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ foodpanda နဲ့ လက်တွဲခဲ့တာပါ။
အောင်လအန်ဆန်က “foodpanda မိသားစုဝင် တစ်ယောက်ဖြစ်ရတာ ကျနော် အရမ်းကျေနပ်မိပါတယ်။
အစားအစာဖြန့်ဖြူးရေးလုပ်ငန်းဆိုတာ လူတွေက ကိုယ်စားချင်တာကို ကလစ်ကလေးတစ်ချက်နှိပ်ရုံနဲ့ အိမ်တိုင်ရာရောက် လာရောက်ပို့ဆောင်ပေးတာဖြစ်ပါတယ်။
အထူးသဖြင့် အခုလို ကပ်ဆိုးကာလအတွင်း အစားအသောက်ကောင်းကောင်းစားသောက်ဖို့က အရေးကြီးသလို အစားအစာတွေကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့ ဝန်ထမ်းတွေရဲ့ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ်ပြုရပါမယ်။
မြန်မာအစားအစာတွေက ကျနော့်ဘဝရဲ့ကြီး မားတဲ့ အစိတ်အပိုင်းတခုပါပဲ။ ဘယ်နေရာကိုပဲရောက်နေပါစေ ကျနော့်ရဲ့မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေကို မြန်မာအစားအစေတွေနဲ့ မိတ်ဆက်ပေးလေ့ရှိပါတယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ မိသားစုနဲ့အတူ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေပေမယ့် မွေးရပ်မြေမြန်မာနိုင်ငံကို လွမ်းဆွတ်မိသလို ကိုဗစ်-၁၉ ကြောင့် ရန်ကုန်ကို ပြန်လို့မရသေးကြောင်း အောင်လက ဆိုပါတယ်။
ရောဂါကပ်ဆိုးကာလအတွင်း ဆရာဝန်၊ သူနာပြုနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ကြိုးစားအားထုတ်မှုအပေါ် ချီးကျူးခဲ့ပြီး အစားအစာဖြန့်ဖြူးပေးနေတဲ့ delivery သမားလေးတွေရဲ့ လုပ်အားနှုန်းကိုလည်း အသိအမှတ်ပြုတယ်လို့ဆိုပါတယ်။
foodpanda Myanmar ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးဇေယျာမင်းကလည်း မြန်မာနိုင်ငံသားတွေ ချစ်ခင်နှစ်သက်တဲ့ အောင်လအန်ဆန်နဲ့ စာချုပ်ချုပ်ခွင့်ရတဲ့အပေါ် ကျေနပ်မိတယ်လို့ ပြောပါတယ်။
“အောင်လအန်ဆန်ကို ကျနော်တို့ရဲ့ သံတမန်အဖြစ် ခန့်အပ်နိုင်ခဲ့လို့ ပျော်ရွှင်မိသလို ကြိုလည်းကြိုဆိုပါတယ်။
ဒီနှစ်ဦးနှစ်ဖက် မိတ်ဖက်မှုက မြန်မာလူမျိုးတွေ ချစ်ခင်နှစ်သက်ကြတဲ့ ကမ္ဘာ့ချန်ပီယံတစ်ယောက်နဲ့အတူ ဒေသခံစားသောက်ဆိုင်များရဲ့ မတူကွဲပြားမှုတွေကို ဂုဏ်ပြုဖို့ foodpanda ရဲ့ ကတိကဝတ်ကို မီးမောင်းထိုးပြလိုက်တာပါပဲ။
ကျနော်တို့ဟာ ဒေသခံ စားသောက်ဆိုင်တွေနဲ့ ဖောက်သည်တွေကို စုစည်းပြီး အချိန်တိုအတွင်းမှာပဲ ပို့ဆောင်ခအခမဲ့နဲ့ ပို့ဆောင်ပေးနိုင်မယ့် လုပ်ငန်းနယ်ပယ်ကို ဦးဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အောင်လအန်ဆန်ကို မြန်မာစားသုံးသူတွေနဲ့ စတင်မိတ်ဆက်ပေးမယ့် စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်ကို မကြာခင် စတင်နိုင်မယ် လို့ မျှော်လင့်ပါတယ်။”
အစားအစာတွေကို အွန်လိုင်းကနေ မှာယူစားသုံးတာဟာ မြန်မာနိုင်ငံမှာ တဖြည်းဖြည်း ရေပန်းစားလာပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကာလမှာတော့ ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာ ကန့်သတ်တာ၊
အတတ်နိုင်ဆုံး နေအိမ်မှာပဲ နေထိုင်ကြဖို့ အမိန့်ထုတ်ပြန်ထားချိန်မှာ မိမိစားနေကျ စားသောက်ဆိုင်က အစားအစာတွေကို စားသောက်ချင်သူတွေအနေနဲ့ အိမ်ပြင်မထွက်ရအမိန့်ကြောင့် အခက်တွေ့ခဲ့ကြသူတွေကို food delivery ကုမ္ပဏီတွေက ဖြည့်စွမ်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ foodpanda ဟာ သက်တမ်းအားဖြင့် ၈ နှစ်ရှိနေပြီဖြစ်ပြီး အာရှပစိဖိတ်ဒေသမှာ ဝန်ဆောင်မှုတွေကို ပေးအပ်နေပါတယ်။
ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ရုံးချုပ်ထားရှိတဲ့ foodpanda ဟာ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံဈေးကွက်ထဲ စတင်ဝင်ရောက်လာခဲ့ပြီး စားသုံးသူတွေရဲ့ယုံကြည်မှုကို ရယူနိုင်တာ ကြောင့် ရန်ကုန်အပြင် မန္တလေး၊ ပုဂံစတဲ့မြို့တွေအထိပါ လုပ်ငန်းတွေချဲ့ထွင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ် ကချင်တိုင်းရင်းသား အောင်လဟာ လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ ကမ္ဘာ့ချန်ပီယံခါးပတ်တစ်ခုကို ပထမဆုံး ရရှိဖူးသူဖြစ်ကြောင်း၊
ကမ္ဘာ့ချန်ပီယံတစ်ဦးဆိုတဲ့ မာန်မာနမရှိသလို သာမန်လူလို နှိမ့်ချမှုရှိတာကြောင့် စီးပွားရေးလုပ်ငန်းတွေက နှစ်ဦးနှစ်ဖက် အကျိုးရှိစေဖို့အတွက် အခုလို သံတမန်တအဖြစ် ခန့်အပ်လေ့ရှိကြပါတယ်။
credit Myanmar News
ကမၻာ့အႀကီးဆုံး ကိုယ္ခံပညာသိုင္းေပါင္းစုံ အားကစားအဖြဲ႕အစည္း ONE Championship ရဲ့လိုက္ဟဲဗီးဝိတ္တန္းနဲ႔ မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံခါးပတ္ႏွစ္ခုပိုင္ရွင္ “ျမန္မာ့စပါးအုံး” ေအာင္လအန္ဆန္ကို foodpanda ရဲ့ ျမန္မာနိုင္ငံဆိုင္ရာ သံတမန္အျဖစ္ ခန႔္အပ္လိုက္ပါတယ္။
ျပည္တြင္း၊ ျပည္ပ စီးပြားေရးလုပ္ငန္းႀကီးေတြနဲ႔စာခ်ဳပ္ခ်ဳပ္ဆိုကာ သံတမန္တဦးအျဖစ္ ေဆာင္ရြက္ေနတဲ့ ေအာင္လဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ အာရွတိုက္ရဲ့ ေဈးကြက္အႀကီးမားဆုံး ရရွိထားတဲ့ အြန္လိုင္းအစားအေသာက္ ပို႔ေဆာင္ေရးကုမၸဏီတစ္ခုျဖစ္တဲ့ foodpanda နဲ႔ လက္တြဲခဲ့တာပါ။
ေအာင္လအန္ဆန္က “foodpanda မိသားစုဝင္ တစ္ေယာက္ျဖစ္ရတာ က်ေနာ္ အရမ္းေက်နပ္မိပါတယ္။
အစားအစာျဖန႔္ျဖဴးေရးလုပ္ငန္းဆိုတာ လူေတြက ကိုယ္စားခ်င္တာကို ကလစ္ကေလးတစ္ခ်က္ႏွိပ္႐ုံနဲ႔ အိမ္တိုင္ရာေရာက္ လာေရာက္ပို႔ေဆာင္ေပးတာျဖစ္ပါတယ္။
အထူးသျဖင့္ အခုလို ကပ္ဆိုးကာလအတြင္း အစားအေသာက္ေကာင္းေကာင္းစားေသာက္ဖို႔က အေရးႀကီးသလို အစားအစာေတြကို အိမ္တိုင္ရာေရာက္ပို႔ေဆာင္ေပးတဲ့ ဝန္ထမ္းေတြရဲ့ႀကိဳးစားအားထုတ္မႈကိုလည္း အသိအမွတ္ျပဳရပါမယ္။
ျမန္မာအစားအစာေတြက က်ေနာ့္ဘဝရဲ့ႀကီး မားတဲ့ အစိတ္အပိုင္းတခုပါပဲ။ ဘယ္ေနရာကိုပဲေရာက္ေနပါေစ က်ေနာ့္ရဲ့မိသားစု၊ မိတ္ေဆြသူငယ္ခ်င္းေတြကို ျမန္မာအစားအစေေတြနဲ႔ မိတ္ဆက္ေပးေလ့ရွိပါတယ္” လို႔ ေျပာပါတယ္။
လက္ရွိအခ်ိန္မွာ မိသားစုနဲ႔အတူ အေမရိကန္ျပည္ေထာင္စုမွာ ေနထိုင္ေနေပမယ့္ ေမြးရပ္ေျမျမန္မာနိုင္ငံကို လြမ္းဆြတ္မိသလို ကိုဗစ္-၁၉ ေၾကာင့္ ရန္ကုန္ကို ျပန္လို႔မရေသးေၾကာင္း ေအာင္လက ဆိုပါတယ္။
ေရာဂါကပ္ဆိုးကာလအတြင္း ဆရာဝန္၊ သူနာျပဳနဲ႔ ေဆးဘက္ဆိုင္ရာ ဝန္ထမ္းေတြရဲ့ႀကိဳးစားအားထုတ္မႈအေပၚ ခ်ီးက်ဴးခဲ့ၿပီး အစားအစာျဖန႔္ျဖဴးေပးေနတဲ့ delivery သမားေလးေတြရဲ့ လုပ္အားႏႈန္းကိုလည္း အသိအမွတ္ျပဳတယ္လို႔ဆိုပါတယ္။
foodpanda Myanmar ရဲ့ မန္ေနးဂ်င္းဒါရိုက္တာ ဦးေဇယ်ာမင္းကလည္း ျမန္မာနိုင္ငံသားေတြ ခ်စ္ခင္ႏွစ္သက္တဲ့ ေအာင္လအန္ဆန္နဲ႔ စာခ်ဳပ္ခ်ဳပ္ခြင့္ရတဲ့အေပၚ ေက်နပ္မိတယ္လို႔ ေျပာပါတယ္။
“ေအာင္လအန္ဆန္ကို က်ေနာ္တို႔ရဲ့ သံတမန္အျဖစ္ ခန႔္အပ္နိုင္ခဲ့လို႔ ေပ်ာ္ရႊင္မိသလို ႀကိဳလည္းႀကိဳဆိုပါတယ္။
ဒီႏွစ္ဦးႏွစ္ဖက္ မိတ္ဖက္မႈက ျမန္မာလူမ်ိဳးေတြ ခ်စ္ခင္ႏွစ္သက္ၾကတဲ့ ကမၻာ့ခ်န္ပီယံတစ္ေယာက္နဲ႔အတူ ေဒသခံစားေသာက္ဆိုင္မ်ားရဲ့ မတူကြဲျပားမႈေတြကို ဂုဏ္ျပဳဖို႔ foodpanda ရဲ့ ကတိကဝတ္ကို မီးေမာင္းထိုးျပလိုက္တာပါပဲ။
က်ေနာ္တို႔ဟာ ေဒသခံ စားေသာက္ဆိုင္ေတြနဲ႔ ေဖာက္သည္ေတြကို စုစည္းၿပီး အခ်ိန္တိုအတြင္းမွာပဲ ပို႔ေဆာင္ခအခမဲ့နဲ႔ ပို႔ေဆာင္ေပးနိုင္မယ့္ လုပ္ငန္းနယ္ပယ္ကို ဦးေဆာင္နိုင္ဖို႔ ႀကိဳးစားေနပါတယ္။ ေအာင္လအန္ဆန္ကို ျမန္မာစားသုံးသူေတြနဲ႔ စတင္မိတ္ဆက္ေပးမယ့္ စိတ္လႈပ္ရွားစရာ အေကာင္းဆုံးအခ်ိန္ကို မၾကာခင္ စတင္နိုင္မယ္ လို႔ ေမၽွာ္လင့္ပါတယ္။”
အစားအစာေတြကို အြန္လိုင္းကေန မွာယူစားသုံးတာဟာ ျမန္မာနိုင္ငံမွာ တျဖည္းျဖည္း ေရပန္းစားလာၿပီး အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ကိုဗစ္-၁၉ ကာလမွာေတာ့ ဗိုင္းရပ္စ္ပိုးကူးစက္မႈကို ထိန္းခ်ဳပ္နိုင္ေရးအတြက္ အသြားအလာ ကန႔္သတ္တာ၊
အတတ္နိုင္ဆုံး ေနအိမ္မွာပဲ ေနထိုင္ၾကဖို႔ အမိန႔္ထုတ္ျပန္ထားခ်ိန္မွာ မိမိစားေနက် စားေသာက္ဆိုင္က အစားအစာေတြကို စားေသာက္ခ်င္သူေတြအေနနဲ႔ အိမ္ျပင္မထြက္ရအမိန႔္ေၾကာင့္ အခက္ေတြ႕ခဲ့ၾကသူေတြကို food delivery ကုမၸဏီေတြက ျဖည့္စြမ္းေပးနိုင္ခဲ့တယ္လို႔ ဆိုပါတယ္။
၂၀၁၂ ခုႏွစ္က စတင္တည္ေထာင္ခဲ့တဲ့ foodpanda ဟာ သက္တမ္းအားျဖင့္ ၈ ႏွစ္ရွိေနၿပီျဖစ္ၿပီး အာရွပစိဖိတ္ေဒသမွာ ဝန္ေဆာင္မႈေတြကို ေပးအပ္ေနပါတယ္။
ဂ်ာမနီနိုင္ငံ၊ ဘာလင္ၿမိဳ႕မွာ ႐ုံးခ်ဳပ္ထားရွိတဲ့ foodpanda ဟာ ၂၀၁၉ ခုႏွစ္အတြင္း ျမန္မာနိုင္ငံေဈးကြက္ထဲ စတင္ဝင္ေရာက္လာခဲ့ၿပီး စားသုံးသူေတြရဲ့ယုံၾကည္မႈကို ရယူနိုင္တာ ေၾကာင့္ ရန္ကုန္အျပင္ မႏၲေလး၊ ပုဂံစတဲ့ၿမိဳ႕ေတြအထိပါ လုပ္ငန္းေတြခ်ဲ႕ထြင္နိုင္ခဲ့ၿပီျဖစ္ပါတယ္။
အသက္ ၃၅ ႏွစ္အရြယ္ ကခ်င္တိုင္းရင္းသား ေအာင္လဟာ လူဦးေရ သန္း ၅၀ ေက်ာ္ရွိတဲ့ ျမန္မာနိုင္ငံမွာ ကမၻာ့ခ်န္ပီယံခါးပတ္တစ္ခုကို ပထမဆုံး ရရွိဖူးသူျဖစ္ေၾကာင္း၊
ကမၻာ့ခ်န္ပီယံတစ္ဦးဆိုတဲ့ မာန္မာနမရွိသလို သာမန္လူလို ႏွိမ့္ခ်မႈရွိတာေၾကာင့္ စီးပြားေရးလုပ္ငန္းေတြက ႏွစ္ဦးႏွစ္ဖက္ အက်ိဳးရွိေစဖို႔အတြက္ အခုလို သံတမန္တအျဖစ္ ခန႔္အပ္ေလ့ရွိၾကပါတယ္။
credit Myanmar News