ၾကားသိရသမွ်

“သခင်ဖြစ်သူ ၏ အသုဘ ကို အော်မြည် ငိုယိုပြီး လိုက်ပို့တဲ့ မြင်းကြီးကို ကြည့်ပြီး လူများစွာ မျက်ရည် မဆည်နိုင် ဖြစ်ခဲ့ရတဲ့ အဖြစ် (ရုပ်/သံ)”

“သခင်ဖြစ်သူ ၏ အသုဘ ကို အော်မြည် ငိုယိုပြီး လိုက်ပို့တဲ့ မြင်းကြီးကို ကြည့်ပြီး လူများစွာ မျက်ရည် မဆည်နိုင် ဖြစ်ခဲ့ရတဲ့ အဖြစ် (ရုပ်/သံ)”

သခင်၏ အသုဘကို လိုက် ပို့သည့် မြင်းကြီး တစ်ကောင် ဆောက်တည်ရာ မရ ဖြစ်ပြီး ဝမ်းနည်း ငိုကြွေး နေသည် ဟု ယူဆ ရသည့် ဗီဒီယိုဖိုင် ပျံ့နှံ့ လာသည် ။

မြင်း ကြီးက သခင်၏ ခေါင်းတလား ပေါ် ခေါင်း တင်ကာ ဟီပြီး သက်ပြင်း ချ လိုက်သည်မှာ ဝမ်းနည်းသည့် အပြုအမူ အလား ဖြစ်နေ သည်။

မြင်းကြီးသည် ခွာကို ပေါက်ကာ၊ ကျယ်လောင်စွာ ဟီပြီး ခေါင်းကို အပေါ် အောက် ယမ်းခါ နေသည်ကို ဗီဒီယိုဖိုင် တွင် မြင်တွေ့ ရမည် ဖြစ်သည်။

အသက် ၃၄ နှစ် အရွယ် ဘရာဇီး နိုင်ငံသား အင်လ မာဖီဂူရီဒို နှင့် ဆီရီနို ဆိုသည့် မြင်းသည် တစ်ဦးအပေါ် တစ်ဦး အလွန် သံယောဇဉ် ကြီးကြသည်။

၎င်းသည် နှစ်သစ်ကူးနေ့တွင် ဆိုင် ကယ်မှောက်ကာ ကွယ်လွန် သွားခြင်း ဖြစ် သည် ။

၎င်းအစ်ကိုကဘရာဇီး အရှေ့ မြောက်ပိုင်း တွင် ပြုလုပ်သည့် ဈာပနပွဲ သို့ မြင်းကို ခေါ်လာခြင်း ဖြစ်သည်။

မြင်း၏ အဖြစ်ကို ကြည့်ကာ ဈာပနပွဲ လာသူ များမှာ မျက်ရည် မထိန်းနိုင်အောင် ဖြစ်သွားကြ သည်။

မြင်းတို့သည် သခင် သေဆုံး သွားလျှင် သိကြပြီး ထိုအတွက်လည်း ဝမ်းနည်း တတ်ကြ သည်ဟု မြင်းများကို

နှစ်ပေါင်း ၂၀ ပြုစု စောင့်ရှောက် မွေးမြူ လာသည့် တိရစ္ဆာန် ဆရာဝန် မာစီလိုဆာ ဗို့စ်က ဆိုသည် ။

(crd – thukuma)

video Player

Zawgyi

“သခင္ျဖစ္သူ ၏ အသုဘ ကို ေအာ္ျမည္ ငိုယိုၿပီး လိုက္ပို႔တဲ့ ျမင္းႀကီးကို ၾကည့္ၿပီး လူမ်ားစြာ မ်က္ရည္ မဆည္ႏိုင္ ျဖစ္ခဲ့ရတဲ့ အျဖစ္ (႐ုပ္/သံ)”

သခင္၏ အသုဘကို လိုက္ ပို႔သည့္ ျမင္းႀကီး တစ္ေကာင္ ေဆာက္တည္ရာ မရ ျဖစ္ၿပီး ဝမ္းနည္း ငိုေႂကြး ေနသည္ ဟု ယူဆ ရသည့္ ဗီဒီယိုဖိုင္ ပ်ံ႕ႏွံ႔ လာသည္ ။

ျမင္း ႀကီးက သခင္၏ ေခါင္းတလား ေပၚ ေခါင္း တင္ကာ ဟီၿပီး သက္ျပင္း ခ် လိုက္သည္မွာ ဝမ္းနည္းသည့္ အျပဳအမူ အလား ျဖစ္ေန သည္။

ျမင္းႀကီးသည္ ခြာကို ေပါက္ကာ၊ က်ယ္ေလာင္စြာ ဟီၿပီး ေခါင္းကို အေပၚ ေအာက္ ယမ္းခါ ေနသည္ကို ဗီဒီယိုဖိုင္ တြင္ ျမင္ေတြ႕ ရမည္ ျဖစ္သည္။

အသက္ ၃၄ ႏွစ္ အ႐ြယ္ ဘရာဇီး ႏိုင္ငံသား အင္လ မာဖီဂူရီဒို ႏွင့္.. ဆီရီႏို ဆိုသည့္ ျမင္းသည္ တစ္ဦးအေပၚ တစ္ဦး အလြန္ သံေယာဇဥ္ ႀကီးၾကသည္။

၎သည္ ႏွစ္သစ္ကူးေန႔တြင္ ဆိုင္ ကယ္ေမွာက္ကာ ကြယ္လြန္ သြားျခင္း ျဖစ္ သည္။

၎အစ္ကိုကဘရာဇီး အေရွ႕ ေျမာက္ပိုင္း တြင္ ျပဳလုပ္သည့္ ဈာပနပြဲ သို႔ ျမင္းကို ေခၚလာျခင္း ျဖစ္သည္။

ျမင္း၏ အျဖစ္ကို ၾကည့္ကာ ဈာပနပြဲ လာသူ မ်ားမွာ မ်က္ရည္ မထိန္းႏိုင္ေအာင္ ျဖစ္သြားၾက သည္။

ျမင္းတို႔သည္ သခင္ ေသဆုံး သြားလွ်င္ သိၾကၿပီး ထိုအတြက္လည္း ဝမ္းနည္း တတ္ၾက သည္ဟု ျမင္းမ်ားကို

ႏွစ္ေပါင္း ၂၀ ျပဳစု ေစာင့္ေရွာက္ ေမြးျမဴ လာသည့္ တိရစာၦန္ ဆရာဝန္ မာစီလိုဆာ ဗို႔စ္က ဆိုသည္ ။

(crd – thukuma)