ၾကားသိရသမွ်

နေရာရွှေ့ပေးဖို့ ငြင်းဆန်ခဲ့ပြီး အဝိုင်းပတ်အလယ်မှာ နှစ် ၄၀ ကျော် နေထိုင်ခဲ့တဲ့ မိသားစု

ဝေးလ်နိုင်ငံက မိသားစုတစ်စုဟာ အဝိုင်းပတ်ထဲမှာ ဆယ်စုနှစ် ၄ ခုကျော် နေထိုင်ခဲ့ကြပါတယ်။ ဒေးဗစ်ဂျွန်ဟောင်းဝပ်ဆန်နဲ့ အီရီယန်တို့ဟာ ၁၉၆၀ ပြည့်နှစ်မှာ ဒင်ဘစ်ရှိုင်းယားကို ရွှေ့ပြောင်းလာခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ ဒီနေရာဟာ အခုလောက် မစည်ကားသေးပါဘူ..း။

ဒါပေမဲ့ ဆယ်စုနှစ် ၂ ခုအကြာမှာတော့ အခြေအနေတွေ ပြောင်းလဲသွားပြီး မြို့ပြအဆင့်မြှင့်တင်ဖို့သူတို့အိမ်ဘေးပတ်ပတ်လည်မှာ အဝိုင်းပတ်တည်ဆောက်မယ့်အကြောင်း အာဏာပိုင်တွေက လာအကြောင်းကြားခဲ့ပါတယ်။

ဒါပေမဲ့ သူတို့က အဲဒီနေရာကနေ ရွှေ့ပေးဖို့ ငြင်းဆန်ခဲ့ပြီး အဝိုင်းပတ်အလယ်မှာနေထိုင်ခဲ့တာပါ။

ဒီမှာ နေရတော့ အိမ်နီးနားချင်းတွေအတွက် စိတ်ပူစရာ မရှိတော့ဘူးပေါ့။ ဒါပေမဲ့ တစ်ခါတလေလည်း အဝိုင်းပတ်ထဲမှာ နေရတာ အလုပ်ရှုပ်တယ်။ အထူးသဖြင့် မြေးတွေ ရောက်လာရင်ပေါ့” လို့ ဟောင်းဝပ်ဆန်မိသားစုက ပြောပါတယ်။

အဝိုင်းပတ်ထဲမှာ နေထိုင်တဲ့ ဟောင်းဝပ်ဆန်မိသားစုကို လူအများစု မေးကြတဲ့ မေးခွန်း ၂ ခုကတော့ အိမ်ထဲဝင်ဖို့ လမ်းရွေးချယ်မှုနဲ့ နားမငြီးဘူးလားဆိုတာပါပဲ။ ”

အဲဒီကိစ္စက ဒီလောက်မဆိုးပါဘူး။ ဘေးဘီဝဲယာကြည့်ရတဲ့ကိစ္စကို စိတ်မပျက်ပါဘူး..။

တစ်နေ့ကို ကားကျပ်တဲ့အချိန်က အနည်းအကျဉ်းလောက်ပါပဲ” လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ပါဆယ်ထုပ် မှာတဲ့အခါမျိုးမှာတော့ လမ်းညွှန်ရတာ အခက်အခဲရှိတတ်ပါသတဲ့။

သူတို့မိသားစုဟာ အဝိုင်းပတ်နေအိမ်ကနေ ရွှေ့ပြောင်းဖို့လည်း အစီအစဉ်မရှိသေးပါဘူ..း။

crd

Unicode

နေရာရွှေ့ပေးဖို့ ငြင်းဆန်ခဲ့ပြီး အဝိုင်းပတ်အလယ်မှာ နှစ် ၄၀ ကျော် နေထိုင်ခဲ့တဲ့ မိသားစု

ဝေးလ်နိုင်ငံက မိသားစုတစ်စုဟာ အဝိုင်းပတ်ထဲမှာ ဆယ်စုနှစ် ၄ ခုကျော် နေထိုင်ခဲ့ကြပါတယ်။ ဒေးဗစ်ဂျွန်ဟောင်းဝပ်ဆန်နဲ့ အီရီယန်တို့ဟာ ၁၉၆၀ ပြည့်နှစ်မှာ ဒင်ဘစ်ရှိုင်းယားကို ရွှေ့ပြောင်းလာခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ ဒီနေရာဟာ အခုလောက် မစည်ကားသေးပါဘူး။