ၾကားသိရသမွ်

“မင်းလားကွ မန်ယူဖန်”ဟုဆိုကာ လူငယ်တစ်ဦးကို အရက်ပုလင်းဖြင့် လူငယ်တစ်စုမှ ရိုက်နှက်မှုဖြစ်ပွား

နိုဝင်ဘာ ၂၉

မိတ္ထီလာမြို့နယ်မှာ “မင်းလားကွ မန်ယူဖန်”ဟုဆိုကာ လူငယ်တစ်ဦးကို အရက်ပုလင်းဖြင့် လူငယ်တစ်စုမှ ရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့ မျိုးဆက်သစ်မြတ်ပါရမီလူမှုကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၁နာရီခွဲအချိန်က မိတ္ထီလာမြို့၊ ပေါက်ချောင်းကွက်သစ်မှာ လူငယ်တစ်ဦးသည် ဘောလုံးပွဲကြည့်ပြီး တစ်ဦးတည်းအိမ်ပြန်လာသည့်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ထိုသို့ ဘောလုံးပွဲကြည့်ပြီး လမ်းလျှောက်ကာ အိမ်ပြန်လာသည့် လူငယ်တစ်ဦးကို အနောက်မှလိုက်လာသော လူငယ်တစ်စုမှ “မင်းလားကွ မန်ယူဖန်”ဟုဆိုကာ အသင့်ပါလာသော အရက်ပုလင်းဖြင့် ဦးခေါင်းအား ရိုက်နှက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“အသင့်ပါလာတဲ့ အရက်ပုလင်းနဲ့ ဦးခေါင်းကို ရိုက်နှက်လိုက်တဲ့အရှိန်ကြောင့် ပုလင်းကွဲသွားပြီး လက်ထဲမှာကျန်တဲ့ ပုလင်းကွဲအချွန်နဲ့ ရင်ဘက်ကို ထပ်ပြီးထိုးသွင်းခံရတယ်”လို့ လူနာရဲ့ပြောဆိုချက်ကို လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ယခုကဲ့သို့ ဦးခေါင်းအား အရက်ပုလင်းဖြင့်ရိုက်နှက်ပြီး ထိုးသွင်းဒဏ်ရာရရှိခဲ့သည့် လူနာအား မျိုးဆက်သစ်မြတ်ပါရမီ လူမှုကယ်ဆယ်ရေးအဖွဲ့က မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

TMA

unicode







TMA