ၾကားသိရသမွ်

သမိုင်းလိမ်ပြီး ရိုက်ကူးတော့မည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်

ပရိတ်သတ်ကြီးရေ သရုပ်ဆောင်ကိုလူမင်းတို့ ဒါရိုက်တာလုပ်ပြီး ရိုက်ကူးနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးကိုအပြီးသတ်အောင်ရိုက်ကူးနေတဲ့အချိန်မှာပဲ စစ်ကောင်စီကအာဏာသိမ်းလိုက်ပြီး ရပ်နားခဲ့ရတာလဲဖစ်ပါတယ်

အခုလိုရပ်နားထားခဲ့ရတဲ့အကြောင်းကတော့ အဲ့ဒိဇာတ်ကားအတွက်အားကြိုးမာန်တက်ကြိုးစားပြီးအားဖြည့်ပေးနေကြတဲ့အနုပညာရှင်တော်တော်များဟာ စစ်ကောင်စီရဲ့မတရားဥပဒေ ၅၀၅က ကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရပြီးတချို့တွေကလွတ်မြောက်ရကိုရှောင်တိမ်းခဲ့ကြရလို့ပဲဖြစ်ပါတယ်

အခုချိန်မှာအဲ့ဒီဇာတ်ကားကြီးကို စစ်ကောင်စီကိုအားပေးထောက်ခံကြတဲ့အနုပညာရှင်တွေနဲ့ စစ်ကောင်စီတပ်ကစစ်သားတွေက ဆက်လက်ရိုက်ကူးပြီးပြသမယ်လို့ကြားသိရပါတယ်နော်

ဗိုလ်ချုပ်ရုပ်ရှင်ရဲ့ဇာတ်လမ်းကို အမှန်အတိုင်းနဲ့အရှိအတိုင်းသာရိုက်ကူးနိုင်ကြပါ့မလား တပ်မတော်ကောင်းကြောင်းတွေနဲ့ပြည်သူကိုသမိုင်းတွေဆက်လိမ်ကြမှာလားဆိုတဲ့ဝေဖန်ပြောဆိုသံတွေလဲလူမှုကွန်ယက်မှာတက်နေခဲ့တာဖြစ်ပါတယ်

တိုင်းပြည်အတွက်တကယ်ကြိုးစားပေးခဲ့တဲ့ ရဲဘော်သုံးကျိတ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းသမိုင်းတော့အမဲစက်တွေမထင်ကျန်ပါစေနဲ့လို့ပဲ ပြည်သူတွေဆုတောင်းကြရအုံးမှာဖြစ်ပါတယ်

crd






crd