ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်တဲ့ Watermelon-Nida ဟာ မနေ့က ဖေဖော်ဝါရီလ (၂၄) ရက်နေ့က ကျောက်ဖရားမြစ်ထဲသို့ ပြုတ်ကျသွားပြီး ရေစီးနဲ့အတူ မျှောပါသွားခဲ့ပါတယ်။
အသက် (၃၇) နှစ် အရွယ်ရှိပြီဖြစ်တဲ့ Watermelon-Nida က ထိုင်းနာမည်ကြီး အဆိုတော်တစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး ၂နှစ်အကြာမှာတော့ ကွာရှင်းခဲ့တာဖြစ်ပါတယ်။ အဲ့အချိန်တုန်းက စိတ်ထိခိုက်လို့ အဆိပ်သောက် ခဲ့တယ်ဆိုတဲ့ သတင်းလဲ ထွက်ပေါ်လာခဲ့ပါတယ်။
Accident တွေလည်း ခဏခဏဖြစ်ခဲ့တဲ့ Watermelon-Nida ဟာ နောက်ဆုံးတစ်ခေါက်မှာ မျက်နှာကို ထိခိုက် ပျက်ဆီးသွားခဲ့တာ ဖြစ်ပြီး ခွဲစိပ်မှုတွေလည်း ပြုလုပ်ခဲ့ရပါသေးတယ်။မနေ့ည ၁၀ နာရီ မိနစ် ၄၀ အချိန်ခန့်က စက်လှေတစ်စီးက ကျောက်ဖရား မြစ်လယ်ကနေ မောင်းထွက်သွားတာဖြစ်ပြီး လှေပေါ်မှာ အမျိုးသား ၃ ဦး နဲ့ အမျိုးသမီး ၃ ဦးတို့လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။
ဆန်ဟီး တံတားကနေ နွန်သဘူရီ ခရိုင်ကို သွားတဲ့လမ်းဖြစ်တဲ့ Nonthaburi ခရိုင်တွင် Rama 7 တံတားအောက်မှာ Watermelon-Nida က ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။လှေပေါ်မှာလိုက်ပါခဲ့တဲ့ သူငယ်ချင်းပြောဆိုချက်အရ Watermelon-Nida က လှေရဲ့ အနောက် အစွန်းဆုံးမှာ ဓာတ်ပုံရိုက်နေတုန်းမှာ မတော်တဆ လှေပေါ်က ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။
လှေမောင်းတဲ့ သူကလည်း သူတို့ရဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်ပါတယ်။Watermelon-Nida ပြုတ်ကျသွားတဲ့ အချိန်မှာ ရေစီးကြမ်းပြီး လှိုင်းလဲ သိပ်မငြိမ်တာကြောင့် ရှာရခက်နေခဲ့တာ ဖြစ်ပါတယ်။
သတင်းတွေအရ သူငယ်ချင်းတွေအားလုံးက သောက်စားထားတာ ဖြစ်ပြီး ကံဆိုးချင်တော့ Watermelon-Nida က အသက်ကယ် အင်္ကျီဝတ်မထားခဲ့ပါဘူး။သူမနဲ့ အတူပါသွားတဲ့ သူငယ်ချင်းတွေက ကယ်ဆယ်ရေးသမားတွေကို အကြောင်းကြားပြီး ရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြရပါတယ်။
ကယ်ဆယ်ရေးသမားတွေလည်း နေရာအနှံ့မှာ လှေတွေကို ဖြန့်ကျက်ချထားပြီး ရှာဖွေမှုတွေ ပြုလုပ်နေပေမယ့်လည်း အခုအချိန်အထိ Watermelon-Nida ကို ရှာမတွေ့သေးပါဘူး။
klcelenews klcelenews
ထိုင္းနိုင္ငံရဲ့ နာမည္ႀကီးမင္းသမီးတစ္ေယာက္ျဖစ္တဲ့ Watermelon-Nida ဟာ မေန႔က ေဖေဖာ္ဝါရီလ (၂၄) ရက္ေန႔က ေက်ာက္ဖရားျမစ္ထဲသို႔ ျပဳတ္က်သြားၿပီး ေရစီးနဲ႔အတူ ေမၽွာပါသြားခဲ့ပါတယ္။
အသက္ (၃၇) ႏွစ္ အရြယ္ရွိၿပီျဖစ္တဲ့ Watermelon-Nida က ထိုင္းနာမည္ႀကီး အဆိုေတာ္တစ္ေယာက္နဲ႔ လက္ထပ္ခဲ့ၿပီး ၂ႏွစ္အၾကာမွာေတာ့ ကြာရွင္းခဲ့တာျဖစ္ပါတယ္။ အဲ့အခ်ိန္တုန္းက စိတ္ထိခိုက္လို႔ အဆိပ္ေသာက္ ခဲ့တယ္ဆိုတဲ့ သတင္းလဲ ထြက္ေပၚလာခဲ့ပါတယ္။
Accident ေတြလည္း ခဏခဏျဖစ္ခဲ့တဲ့ Watermelon-Nida ဟာ ေနာက္ဆုံးတစ္ေခါက္မွာ မ်က္ႏွာကို ထိခိုက္ ပ်က္ဆီးသြားခဲ့တာ ျဖစ္ၿပီး ခြဲစိပ္မႈေတြလည္း ျပဳလုပ္ခဲ့ရပါေသးတယ္။မေန႔ည ၁၀ နာရီ မိနစ္ ၄၀ အခ်ိန္ခန္႔က စက္ေလွတစ္စီးက ေက်ာက္ဖရား ျမစ္လယ္ကေန ေမာင္းထြက္သြားတာျဖစ္ၿပီး ေလွေပၚမွာ အမ်ိဳးသား ၃ ဦး နဲ႔ အမ်ိဳးသမီး ၃ ဦးတို႔လိုက္ပါသြားခဲ့တာ ျဖစ္ပါတယ္။
ဆန္ဟီး တံတားကေန ႏြန္သဘူရီ ခရိုင္ကို သြားတဲ့လမ္းျဖစ္တဲ့ Nonthaburi ခရိုင္တြင္ Rama 7 တံတားေအာက္မွာ Watermelon-Nida က ျပဳတ္က်ခဲ့တာ ျဖစ္ပါတယ္။ေလွေပၚမွာလိုက္ပါခဲ့တဲ့ သူငယ္ခ်င္းေျပာဆိုခ်က္အရ Watermelon-Nida က ေလွရဲ့ အေနာက္ အစြန္းဆုံးမွာ ဓာတ္ပုံရိုက္ေနတုန္းမွာ မေတာ္တဆ ေလွေပၚက ျပဳတ္က်သြားခဲ့တာ ျဖစ္ပါတယ္။
ေလွေမာင္းတဲ့ သူကလည္း သူတို႔ရဲ့ သူငယ္ခ်င္းေတြထဲက တစ္ေယာက္ျဖစ္ပါတယ္။Watermelon-Nida ျပဳတ္က်သြားတဲ့ အခ်ိန္မွာ ေရစီးၾကမ္းၿပီး လွိုင္းလဲ သိပ္မၿငိမ္တာေၾကာင့္ ရွာရခက္ေနခဲ့တာ ျဖစ္ပါတယ္။
သတင္းေတြအရ သူငယ္ခ်င္းေတြအားလုံးက ေသာက္စားထားတာ ျဖစ္ၿပီး ကံဆိုးခ်င္ေတာ့ Watermelon-Nida က အသက္ကယ္ အကၤ်ီဝတ္မထားခဲ့ပါဘူး။သူမနဲ႔ အတူပါသြားတဲ့ သူငယ္ခ်င္းေတြက ကယ္ဆယ္ေရးသမားေတြကို အေၾကာင္းၾကားၿပီး ရွာေဖြမႈေတြ ျပဳလုပ္ခဲ့ၾကရပါတယ္။
ကယ္ဆယ္ေရးသမားေတြလည္း ေနရာအႏွံ့မွာ ေလွေတြကို ျဖန္႔က်က္ခ်ထားၿပီး ရွာေဖြမႈေတြ ျပဳလုပ္ေနေပမယ့္လည္း အခုအခ်ိန္အထိ Watermelon-Nida ကို ရွာမေတြ႕ေသးပါဘူး။
klcelenews klcelenews