၂၀၂၂ခုနှစ် မတ်လ ဟောစာတမ်း ကြာသပတေးသားသမီးများ
ယခုလ မတ်လတွင် ကြာသပတေးသားသမီးများလတစ်ဝက်ထိ အကောင်းနှင့်အဆိုးပြစ်ကို ဒွန်းတွဲနေလိမ့်မည်။
ပညာရှင်၊ စီးပွားရှင်၊ ဥစ္စာရှင် အပေါင်းတို့၏ လမ်းညွန့်မှုကို ခံယူပါ။
မာန်မာနကို ရှောင်ကျဉ်ပြိးသီးခံခြင်းဖြင့် စီးပွားဥစ္စာရှာဖွေ့သူအပေါင်းတို့သည် မိမိ အလိုရှိရာ ပန်းတိုင်ကို တတ်လှမ်းနိုင်ပါမည်။
မိသာစု စည်းလုံညီညွတ်စွာလုပ်ကိုင်ပါက ငွေကြေးစီးပွား လာဘ်လဘများ ပေါများ တိုးတတ်လာမည်။
စီးပွာရေး
ရေလုပ်ငန်း၊ရတနာဝတ်ဆင်ဌားရမ်းလုပ်ငန်း၊ ရေနံဓာတ်သတ္တုတူးဖော်ခြင်း၊စူးစမ်းရှာဖွေ့ခြင်းတို့လုပ်ငန်း၊ အလှကုန်ပစ္စည်းဖြန်ချီရောင်းဝယ်လုပ်ငန်း၊မွေးမြူးရေးလုပ်ငန်း၊
ဖုန်းနှင့်ဆက်စပ် ပစ္စည်းရောင်းဝယ်လုပ်ငန်း၊ အစုရှယ်ယာလုပ်ငန်း၊ဧည့်ခန်းပွဲ့ခန်းမလုပ်ငန်း၊ တိုင်းရင်းဆေးဖော်စပ်ခြင်းလုပ်ငန်း၊ ဖက်ရှင်ဒီဇိုင်းတီထွင်းခြင်းလုပ်ငန်း၊ အိမ်ခြံမြေအရောင်းအဝယ် အကျိူးမြတ်ရအံ့။
မိမိလုပ်ငန်းလုပ်ဆောင်ရာတွင် မိမိလုပ်ငန်းလုပ်ဆောင်ရာတွင် ကြာသပတေး၊စနေ သားသမီးများဖြင့်ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပေးပါ။
ပညာရေး
ပြည်ပသို့လေ့လာရေးခရီးသွားလာရကိန်းရှိကြုံတွေ့အံ့။ ရာထူးပြောင်းခြင်း၊ဂုဏ်ထူးတတ်ခြင်း၊နေရာပြောင်း ရွှေ့ခြင်းရှိ။
စာမေးပွဲနီးလာလျှင် ကျန်းမာရေးအနှောက်အယှက်များ ဝင်လာတတ်သည်။
ပုဂ္ဂလိက အစိုးရ ဝန်ထမ်းများအနေဖြင့် စာရင်းအင်း၊အောက်လက်ငယ်သား၊အလွန်သတိပြုရမည်။ ရာထူးတိုးဆိုသည်ထက် လက်ရှိနေရာမှာ ပြသနာအနည်းငယ် ရင်ဆိုင်ရမည်။
အချစ်ရေးနှင့်အိမ်ထောင်ရေး
စန်းပွင့်ခြင်း နှင့် ချစ်သူနှင့် ပြေလည်ခြင်း၊ မိတ်ဆွေသူငယ်ချင်းသဖွယ်ရင်းနှီးသူများနှင့်မေတ္တာရေးကိစ္စများပေါ်ပေါက်လာတတ်သည်။ စေ့စပ်ခြင်း၊အိမ်ထောင်ပြုရခြင်းများရှိမည်။
ကျန်းမာရေး
အထူးဂရုစိုက်သင့်သောလဖြစ်ပေသည်။ သက်ရှိပုဂ္ဂိုလ်ဖြစ်ပါက မီးအန္တာရယ်၊ လျှပ်စစ်ပစ္စည်းအန္တာရယ်၊ အခြား ဓာတုဗေဒဆေး အန္တာရယ်၊ဆိပ်အတောက်ဖြစ်စေတတ်သော အစားအဟာရများကြောင့် ဘေးဥပါဒ်ဖြစ်တတ်သည်။
အထူးသဖြင့်…ကြာသပတေးသားသမီးများ စီးပွားရေး၊အချစ်ရေးနှင့်အိမ်ထောင်ရေးတွေ့ မှ ၅.၁၄.၂၃ ရက်၊ ၇.၁၆.၂၅ ရက်၊၉.၁၈.၂၇ ရက် ထိုရက်မွေးဖွားသူများကတော့ အထူးညံလိမ့်မည်။
ကျန်းမာရေး ချို့ယွင်းမှုကြောင့်နှင့် ဝေဒနာပြင်းထန်မှုကြောင့်ဆေးရုံ ဆေးခန်း တက်ရောက်ဆေးကုသမှု ခွဲစိတ်ကုသမှုခံရတတ်သည်။
ဘိုးတော်တု ဆရာတုများရောက်လာတတ်၊ ငွေ လူလိမ်ခံရမည်။
အိမ်တွင်းရေးအရှုပ်အထွေးများဖြစ်တတ်၍ခေါင်းခြောက်ရတတ်၏။
အိမ်တွင်းရေး မအေးချမ်းနိုင် ဖောက်လွဲ၊ဖောက်ပြန် မိသားစု ကစဥ်ကလျားဖြစ်တတ်၍ အိမ်တွင်းရေးပြဿနာများ ဖြေရှင်းပေးရတတ်သည်။ သူတစ်ပါးကြောင့်ဖြစ်သောပြဿနာများကို ဝင်ရောက်ဖြေရှင်းပေးရမည်။
အချစ်ရေးမှာတော့ အဆင်မပြေနိုင်တဲ့အနေအထားဖြစ်နေမယ်။
လက်ရှိ တွဲလျှက်ရှိ နှစ်ရှည် ချစ်သူများ အဆင်မပြေမှုတွေ့ အဆက်ပြက်မှုတွေ့ ကြုံတွေ့အံ့။
အိမ်ထောင်ရေးနှင့် ပတ်သက်၍ တယူတန်အစွဲ စိတ်ကြောင့် ကွဲနိုင်သော အခြေအနေထိ ကြုံတွေ့ရနိုင်၏။
အမျိုးသမီးအဖြတ်ဝင်မည် အိမ်ထောင်ရေးရာတွေမှာ အပျော်အပါးလေးတွေ၏ နောက်ကွယ်မှာရန်ဖြစ်စကားများစရာများရှိမည်။
အထူးဟော….
အထူးအားဖြင့် အတွင်းရန်သူ၏ လက်ချက်ကြောင့် လုပ်ငန်း၊ဘဝ အလုံးစုံ ပျက်သုန်းရတတ်သည်။
ငွေကြေးကိစ္စ၊စာချူပ်စာတမ်းများ၊အားမခံလက်မှတ်ထိုးခြင်းရှောင်ကြဥ်ပါ။
အမှုအခင်းဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံမလိုက်ပါနှင့်။
၂၀၂၂-ခု မတ်လ (၁၅)ရက်တွင်း ရှင်ပြု၊နားသ စလွယ်တင် မဂ်လာအခါရ၍ ဝိဝါဟလက်မဂ်လာနှင့်အိမ်ဆောက်၊အိမ်တတ် ရှောင်ကြဥ်ပါ။
၂၀၂၂-ခု မတ်လ (၇)”(၁၃)”(၁၄) ရက်တွေ့ ရှင်ပြု၊နားသ စလွယ်တင် နက္ခတ်မရှိ ရှောင်ကြဥ်ပါ။
ဆောင်ရွက်စရာကိစ္စ – ယခုလတွေ့မှ ခရီးသွားခြင်း နှင့် လုပ်ငန်းကိစ္စဂဏ္ဍများအဆင်ပြေရန်အတွက် ပေါက်ညွန် သို့ မေမြို့ပန်း (၅)ညွန့် ဘုရားပူဇော်ပြိး သွားပါ။
အကျိူးပေးနေနံ – တနဂ်နွေ၊အဂ်ါ၊ရာဟု
အကျိူးမပေးနေနံ – ကြာသပတေး၊စနေ
အကျိူးပေးအရပ် – မြောက်
အကျိူးမပေးအရပ် – တောင်
ကံကောင်းစေသောအရောင် – အဖြူ၊စိမ်းနု၊လိမ္မော်ရောင်
အကျိူးပေးဂဏန်း – ၈.၁.၃.၆
ယတြာ – တန်ခိုးကြီးဘုရားတွင် ရေတော်သက်စေ့၊ဆီးမီးသက်စေ့၊ ရွှေထီး၊ငွေထီး၊တံခွန်ကုက္ကားများ ဘုရားပူဇော်ပေးပါ။
အဓိဌာန်ဝင်ခြင်း၊ပုတီးစိပ်ခြင်းများ ဆောင်ရွက်ပေးပါ။ တံမြက်စည်း လှဲ ကုသိုလ်ပြုပါ။
နက္ခတဗေဒ ဗေဒင်နှင့်လက္ခဏာ ဆရာကြီး မင်းသူရ
09456471357/09751089826