See Hua Daily News သတင်းအရ Mr. Lin ဟုလူသိများတဲ့တရုတ်အမျိုးသားတစ်ဦးဟာ တရုတ်ယွမ် ၄၉,၇၈၃ (ဒေါ်လာ ၇,၂၄၃) တန်ဖိုးရှိတဲ့အိမ်တစ်လုံးကို၀ယ်ယူခဲ့ပါတယ်။ Mr.Lin ဟာ ဆောက်လုပ်ရေးမပြီးခင်ကတည်းက ၎င်းအိမ်ကို ပထမဆုံး၀ယ်ယူခဲ့ပေမဲ့ သူ့ရဲ့အိမ်သော့ကိုလက်ခံရရှိတဲ့အခါ သူ့အိမ်အသစ်ထဲကို၀င်ဖို့ပြတင်းပေါက်သုံးရမယ်လို့သိလိုက်ရတော့ သူဟာ အတော့်ကို အံ့ဩသွားခဲ့ရပါတယ်။ Mr.Lin ဟာ သူ့အား အိမ်အောက်မြေညီထပ်သို့ ပို့ပေးမဲ့ဓာတ်လှေကားတံခါးကို ဖွင့်လို့မရနေတာကို တွေ့လိုက်ရပြီးတဲ့နောက်မှာ အံ့ဩစရာကောင်းတဲ့အရာတစ်ခုကို ဖြစ်ပေါ်လာစေခဲ့ပါတော့တယ်။ သူဟာ ၎င်းဓာတ်လှေကားကို ဖွင့်ဖို့ကြိုးစားခဲ့တဲ့အခါ ဓာတ်လှေကားရဲ့နောက်မှာ အင်္ဂတေနံရံဖြင့် ပိတ်ထားတာကို တွေ့ခဲ့ရပါတယ်။
ထို့နောက် Mr.Lin ဟာ developer များကို complaint တပ်ခဲ့သော်လည်း ၎င်းတို့က သူ့မှာ ပြတင်းပေါက်မှ သူ့အိမ်ထဲသို့ဝင်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိဘူးလို့ ပြန်ဖြေခဲ့ကြပါတယ်။ Mr.Lin ဟာ developer များက ဓာတ်လှေကားဝင်ပေါက်ကို ပိတ်ဆို့ပြီး သူ့အိမ်ရဲ့နေရာအကျယ်အဝန်းပိုကျယ်သွားစေဖို့အတွက် သူ့ရဲ့အိမ်ဝင်ပေါက်ကို မဆောက်ခဲ့ကြပုံရမယ်လို့သာ တွေးနေခဲ့ရပါတယ်။ ၎င်းအိမ်ကို ဝယ်ဖို့ သဘောတူစာချုပ်ကို လက်မှတ်မထိုးရသေးခင်မှာ developer များက Mr.Lin အား ၎င်းဓာတ်လှေကားဟာ သူ့အိမ်ရဲ့အပေါက်ဝနှင့်တိုက်ရိုက်ချိတ်ဆက်ထားမှာဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။ သို့ပေမဲ့ ဆောက်လို့ပြီးလို့ အိမ်သစ်လည်းတက်ရော ထိုကဲ့သို့ တလွှဲတွေဖြစ်နေခဲ့ပါတယ်။
“ အိမ်သော့ရသွားတဲ့အချိန်မှာ ငါ အိမ်ဝင်ပေါက်မရှိတဲ့ ဒီလောက်အခြေအနေဆိုးတဲ့အိမ်ဖြစ်နေလိမ့်မယ်လို့ မတွေးထားခဲ့ဘူး၊ အခုတော့ ငါ အိမ်အပြင်တစ်ခါထွက်တိုင်း သူခိုးတွေလို ပြတင်းပေါက်ကနေ ထွက်ရတော့မယ်ထင်တယ်” ဟု Mr.Lin က ဆိုခဲ့ပါတယ်။ နောက်ပိုင်း Mr.Lin က သူ့ရဲ့အိမ်အသစ်ကို ဘယ်လိုထပ်မံကိုင်တွယ်မလဲဆိုတာကို သေချာမသိရသေးပေမဲ့ လောလောဆယ်မှာတော့ အိမ်ထဲသို့ဝင်ထွက်လုပ်ဖို့အတွက် ပြတင်းပေါက်ကိုသာ အသုံးပြုကာကျော်ခွဝင်နေရပုံရကြောင်း See Hua Daily News သတင်းက ဖော်ပြထားခဲ့ပါတယ်။ ဆောက်လုပ်ရေးသမားတွေရဲ့အိမ်ဆောက်စကေးကတော့ ပြောမပြတတ်အောင်ပါဘဲဗျာ။
Mia (KBdailynews)
Reference : goodtimes
Zawgyi
See Hua Daily News သတင္းအရ Mr. Lin ဟုလူသိမ်ားတဲ့တ႐ုတ္အမ်ိဳးသားတစ္ဦးဟာ တ႐ုတ္ယြမ္ ၄၉,၇၈၃ (ေဒၚလာ ၇,၂၄၃) တန္ဖိုးရွိတဲ့အိမ္တစ္လုံးကို၀ယ္ယူခဲ့ပါတယ္။ Mr.Lin ဟာ ေဆာက္လုပ္ေရးမၿပီးခင္ကတည္းက ၎အိမ္ကို ပထမဆုံး၀ယ္ယူခဲ့ေပမဲ့ သူ႔ရဲ႕အိမ္ေသာ့ကိုလက္ခံရရွိတဲ့အခါ သူ႔အိမ္အသစ္ထဲကို၀င္ဖို႔ျပတင္းေပါက္သုံးရမယ္လို႔သိလိုက္ရေတာ့ သူဟာ အေတာ့္ကို အံ့ဩသြားခဲ့ရပါတယ္။ Mr.Lin ဟာ သူ႔အား အိမ္ေအာက္ေျမညီထပ္သို႔ ပို႔ေပးမဲ့ဓာတ္ေလွကားတံခါးကို ဖြင့္လို႔မရေနတာကို ေတြ႕လိုက္ရၿပီးတဲ့ေနာက္မွာ အံ့ဩစရာေကာင္းတဲ့အရာတစ္ခုကို ျဖစ္ေပၚလာေစခဲ့ပါေတာ့တယ္။ သူဟာ ၎ဓာတ္ေလွကားကို ဖြင့္ဖို႔ႀကိဳးစားခဲ့တဲ့အခါ ဓာတ္ေလွကားရဲ႕ေနာက္မွာ အဂၤေတနံရံျဖင့္ ပိတ္ထားတာကို ေတြ႕ခဲ့ရပါတယ္။
ထို႔ေနာက္ Mr.Lin ဟာ developer မ်ားကို complaint တပ္ခဲ့ေသာ္လည္း ၎တို႔က သူ႔မွာ ျပတင္းေပါက္မွ သူ႔အိမ္ထဲသို႔ဝင္ရန္မွတစ္ပါး အျခားေ႐ြးခ်ယ္စရာမရွိဘူးလို႔ ျပန္ေျဖခဲ့ၾကပါတယ္။ Mr.Lin ဟာ developer မ်ားက ဓာတ္ေလွကားဝင္ေပါက္ကို ပိတ္ဆို႔ၿပီး သူ႔အိမ္ရဲ႕ေနရာအက်ယ္အဝန္းပိုက်ယ္သြားေစဖို႔အတြက္ သူ႔ရဲ႕အိမ္ဝင္ေပါက္ကို မေဆာက္ခဲ့ၾကပုံရမယ္လို႔သာ ေတြးေနခဲ့ရပါတယ္။ ၎အိမ္ကို ဝယ္ဖို႔ သေဘာတူစာခ်ဳပ္ကို လက္မွတ္မထိုးရေသးခင္မွာ developer မ်ားက Mr.Lin အား ၎ဓာတ္ေလွကားဟာ သူ႔အိမ္ရဲ႕အေပါက္ဝႏွင့္တိုက္႐ိုက္ခ်ိတ္ဆက္ထားမွာျဖစ္ေၾကာင္း ေျပာခဲ့ၾကပါတယ္။ သို႔ေပမဲ့ ေဆာက္လို႔ၿပီးလို႔ အိမ္သစ္လည္းတက္ေရာ ထိုကဲ့သို႔ တလႊဲေတြျဖစ္ေနခဲ့ပါတယ္။
“ အိမ္ေသာ့ရသြားတဲ့အခ်ိန္မွာ ငါ အိမ္ဝင္ေပါက္မရွိတဲ့ ဒီေလာက္အေျခအေနဆိုးတဲ့အိမ္ျဖစ္ေနလိမ့္မယ္လို႔ မေတြးထားခဲ့ဘူး၊ အခုေတာ့ ငါ အိမ္အျပင္တစ္ခါထြက္တိုင္း သူခိုးေတြလို ျပတင္းေပါက္ကေန ထြက္ရေတာ့မယ္ထင္တယ္” ဟု Mr.Lin က ဆိုခဲ့ပါတယ္။ ေနာက္ပိုင္း Mr.Lin က သူ႔ရဲ႕အိမ္အသစ္ကို ဘယ္လိုထပ္မံကိုင္တြယ္မလဲဆိုတာကို ေသခ်ာမသိရေသးေပမဲ့ ေလာေလာဆယ္မွာေတာ့ အိမ္ထဲသို႔ဝင္ထြက္လုပ္ဖို႔အတြက္ ျပတင္းေပါက္ကိုသာ အသုံးျပဳကာေက်ာ္ခြဝင္ေနရပုံရေၾကာင္း See Hua Daily News သတင္းက ေဖာ္ျပထားခဲ့ပါတယ္။ ေဆာက္လုပ္ေရးသမားေတြရဲ႕အိမ္ေဆာက္စေကးကေတာ့ ေျပာမျပတတ္ေအာင္ပါဘဲဗ်ာ။
Mia (KBdailynews)