ၾကားသိရသမွ်

မင်းအောင်လှိုင်နဲ့ စိုးဝင်းအိမ်အနီး ထိပ်ပိုင်းပုဂ္ဂိုလ်များနေထိုင်ရာ အိမ်ရာဝန်း လုံခြုံရေးဂိတ်ကို “နန်းထိုက်အောင်” လက်စွမ်းပြ တိုက်ခိုက်ချေမှုန်း

အာဏာသိမ်းစစ်ခေါင်းဆောင်နှစ်ဦး၏ ရန်ကုန်နေအိမ်များကို လုံခြုံရေးယူထားသည့်အဖွဲ့အား နန်းထိုက်‌အောင်စစ်ဆင်ရေးဖြင့် တိုက်ခိုက်

* * * * *
အာဏာသိမ်းစစ်ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့၏ ရန်ကုန်မြို့ အင်းလျားလမ်းမပေါ် ၊ ဇော်ဂျီလမ်းနဲ့ ပန်းဝါလမ်းထောင့်ရှိ နေအိမ်များအနီး လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားနှင့် ရဲများကို “နန်းထိုက်အောင်” စစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဗွီဒီယိုဖိုင် ယနေ့ ၂၀၂၂ ခုနှစ် ဧပြီလ(၁၀)ရက်နေ့တွင် ထွက်ပေါ်လာသည်။

လုံခြုံရေး တာဝန်ယူထားသည့် ပြည်သူ့ဘက်တော်သား တပ်တွင်းသတင်းပေးဖရဲသီးများ၏ အကူအညီဖြင့် အလစ်အငိုက်ရယူကာတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးနိုင်ပြီး အတည်ပြုနိုင်ရန် Tachileik News Agency အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

စစ်အာဏာရှင်ဆန့်ကျင်နေသည့် တော်လှန်ရေး၏ “ပျံလွှား အောင်” စစ်ဆင် ရေး အဆုံးသတ်ပြီးနောက် “နန်းထိုက် အောင်” စစ်ဆင် ရေးအမည်ဖြင့် ပိုမိုအရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားပြီး မကြာမီ ယခုစစ်ဆင်ရေးပေါ်ပေါက်လာခြင်းဖြစ်သည်။

အာဏာသိမ္းစစ္ေခါင္းေဆာင္ႏွစ္ဦး၏ ရန္ကုန္ေနအိမ္မ်ားကို လုံျခဳံေရးယူထားသည့္အဖြဲ႕အား နန္းထိုက္‌ေအာင္စစ္ဆင္ေရးျဖင့္ တိုက္ခိုက္

* * * * *
အာဏာသိမ္းစစ္ေခါင္းေဆာင္ႏွစ္ဦးျဖစ္သည့္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ႏွင့္ ဒုဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းတို႔၏ ရန္ကုန္ၿမိဳ႕ အင္းလ်ားလမ္းမေပၚ ၊ ေဇာ္ဂ်ီလမ္းနဲ႔ ပန္းဝါလမ္းေထာင့္ရွိ ေနအိမ္မ်ားအနီး လုံျခဳံေရးယူထားသည့္ စစ္ေကာင္စီတပ္သားႏွင့္ ရဲမ်ားကို “နန္းထိုက္ေအာင္” စစ္ဆင္ေရးအျဖစ္ ပစ္ခတ္တိုက္ခိုက္ခဲ့သည့္ ဗြီဒီယိုဖိုင္ ယေန႔ ၂၀၂၂ ခုႏွစ္ ဧၿပီလ(၁၀)ရက္ေန႔တြင္ ထြက္ေပၚလာသည္။

လုံျခဳံေရး တာဝန္ယူထားသည့္ ျပည္သူ႔ဘက္ေတာ္သား တပ္တြင္းသတင္းေပးဖရဲသီးမ်ား၏ အကူအညီျဖင့္ အလစ္အငိုက္ရယူကာတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟု သတင္းထုတ္ျပန္သည္။

ယင္းတိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီတပ္သားမ်ား ေသဆုံးနိုင္ၿပီး အတည္ျပဳနိုင္ရန္ Tachileik News Agency အေနျဖင့္ စုံစမ္းေနဆဲျဖစ္သည္။

စစ္အာဏာရွင္ဆန႔္က်င္ေနသည့္ ေတာ္လွန္ေရး၏ “ပ်ံလႊား ေအာင္” စစ္ဆင္ ေရး အဆုံးသတ္ၿပီးေနာက္ “နန္းထိုက္ ေအာင္” စစ္ဆင္ ေရးအမည္ျဖင့္ ပိုမိုအရွိန္ျမႇင့္တင္ ေဆာင္ရြက္သြားမည္ဟု ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕က ထုတ္ျပန္ထားၿပီး မၾကာမီ ယခုစစ္ဆင္ေရးေပၚေပါက္လာျခင္းျဖစ္သည္။