ကြားသိရသမျှ

သူသံယောဇဉ်အရှိဆုံးလူရဲ့ ဈာပနအခမ်းအနားကို ရောက်အောင်လာပြီး နှုတ်ဆက်ခဲ့တဲ့ ဆင်ကြီး Brahmadathan

လူသားတွေနဲ့ တိရိစ္ဆာန်တွေကြားက သံယောဇဉ်ကြိုးဟာ မျက်စိနဲ့မမြင်နိုင်ပေမယ့် တော်တော်လေး ကြီးမားကြပါတယ်

အဲ့ဒီလိုပဲ Brahmadathan လို့ခေါ်တဲ့ ဆင်ကြီးဟာ ၁၅ မိုင်ခရီးကို နှင်လာခဲ့ပြီး သူအရမ်းသံယောဇဉ်ရှိတဲ့ သူငယ်ချင်းရဲ့ ဈာပန အခမ်းအနားကို ရောက်အောင်လာခဲ့ပါတယ်

ဒီဆင်ကြီးရဲ့ သူငယ်ချင်းကတော့ အိန္ဒိယနိုင်ငံက Omanchetan ဆိုသူ အမျိုးသားဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းသက်တမ်းဟာ ၂၅ နှစ်လောက်ရှိနေပြီပဲ ဖြစ်ပါတယ်

ဒီဆင်ကြီးနဲ့ Omanchetan တို့ဟာ နေ့တိုင်းအတူတကွ ဖြတ်သန်းခဲ့ကြပြီး Omanchetan က အရင်နှုတ်ဆက်ထွက်ခွာ သွားခဲ့တဲ့အတွက် ဆင်ကြီးက တော်တော်လေးစိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်

ဒါ့ကြောင့်ပဲ ဒီဆင်ကြီးဟာ သူ့ရဲ့ဘော်ဒါကြီး Omanchetan ကိုနောက်ဆုံးနှုတ်ဆက်ဖို့အတွက် ဈာပနအခမ်းအနားကို ၁၅ မိုင်လောက်ခရီးနှင်ပြီး ရောက်အောင်လာခဲ့တာပဲ ဖြစ်ရပါတယ်

ဆင်ကြီးဟာ သူ့ရဲ့သူငယ်ချင်း Omanchetan ရဲ့ ဈာပန အခမ်းအနားကို ရောက်လာထဲက ဝမ်းနည်းနေတဲ့ပုံစံ ဖြစ်နေပြီး Omanchetan

ရဲ့အလောင်းကို နောက်ဆုံး အလေးပြုပြီး ဈာပနအခမ်းအနားကနေ ပြန်လည်ထွက်ခွာသွားတဲ့အချိန်မှာလည်း ခြေလှမ်းတွေက အရင်လို သွက်သွက်လက်လက် မရှိတော့ပါဘူး

နောက်ထပ်စိတ်မကောင်းဖြစ်စရာတစ်ခုက Omanchetan ဟာလည်း သူ့ရဲ့နောက်ဆုံးဆန္ဒအနေနဲ့ ဆင်ကြီး Brahmadathan ကိုမြင်

ချင်ခဲ့တာဆိုပေမယ့် တွေ့ခွင့်မရခဲ့ကြပါဘူး ဒီအဖြစ်အပျက်ဟာ ကိုယ်အချစ်ဆုံး သံယောဇဉ်အရှိဆုံး လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရ

တဲ့ ခံစားချက်က တော်တော်လေး ကြေကွဲစရာကောင်းတယ်ဆိုတာကို ဆင်ကြီး Brahmadathan ကဖော်ထုတ်ပြသခဲ့သလိုပါပဲ

Unicode

သူသံယောဇဉ်အရှိဆုံးလူရဲ့ ဈာပနအခမ်းအနားကို ရောက်အောင်လာပြီး နှုတ်ဆက်ခဲ့တဲ့ ဆင်ကြီး Brahmadathan

လူသားတွေနဲ့ တိရိစ္ဆာန်တွေကြားက သံယောဇဉ်ကြိုးဟာ မျက်စိနဲ့မမြင်နိုင်ပေမယ့် တော်တော်လေး ကြီးမားကြပါတယ်

အဲ့ဒီလိုပဲ Brahmadathan လို့ခေါ်တဲ့ ဆင်ကြီးဟာ ၁၅ မိုင်ခရီးကို နှင်လာခဲ့ပြီး သူအရမ်းသံယောဇဉ်ရှိတဲ့ သူငယ်ချင်းရဲ့ ဈာပန အခမ်းအနားကို ရောက်အောင်လာခဲ့ပါတယ်

ဒီဆင်ကြီးရဲ့ သူငယ်ချင်းကတော့ အိန္ဒိယနိုင်ငံက Omanchetan ဆိုသူ အမျိုးသားဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းသက်တမ်းဟာ ၂၅ နှစ်လောက်ရှိနေပြီပဲ ဖြစ်ပါတယ်

ဒီဆင်ကြီးနဲ့ Omanchetan တို့ဟာ နေ့တိုင်းအတူတကွ ဖြတ်သန်းခဲ့ကြပြီး Omanchetan က အရင်နှုတ်ဆက်ထွက်ခွာ သွားခဲ့တဲ့အတွက် ဆင်ကြီးက တော်တော်လေးစိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်

ဒါ့ကြောင့်ပဲ ဒီဆင်ကြီးဟာ သူ့ရဲ့ဘော်ဒါကြီး Omanchetan ကိုနောက်ဆုံးနှုတ်ဆက်ဖို့အတွက် ဈာပနအခမ်းအနားကို ၁၅ မိုင်လောက်ခရီးနှင်ပြီး ရောက်အောင်လာခဲ့တာပဲ ဖြစ်ရပါတယ်

ဆင်ကြီးဟာ သူ့ရဲ့သူငယ်ချင်း Omanchetan ရဲ့ ဈာပန အခမ်းအနားကို ရောက်လာထဲက ဝမ်းနည်းနေတဲ့ပုံစံ ဖြစ်နေပြီး Omanchetan

ရဲ့အလောင်းကို နောက်ဆုံး အလေးပြုပြီး ဈာပနအခမ်းအနားကနေ ပြန်လည်ထွက်ခွာသွားတဲ့အချိန်မှာလည်း ခြေလှမ်းတွေက အရင်လို သွက်သွက်လက်လက် မရှိတော့ပါဘူး

နောက်ထပ်စိတ်မကောင်းဖြစ်စရာတစ်ခုက Omanchetan ဟာလည်း သူ့ရဲ့နောက်ဆုံးဆန္ဒအနေနဲ့ ဆင်ကြီး Brahmadathan ကိုမြင်

ချင်ခဲ့တာဆိုပေမယ့် တွေ့ခွင့်မရခဲ့ကြပါဘူး ဒီအဖြစ်အပျက်ဟာ ကိုယ်အချစ်ဆုံး သံယောဇဉ်အရှိဆုံး လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရ

တဲ့ ခံစားချက်က တော်တော်လေး ကြေကွဲစရာကောင်းတယ်ဆိုတာကို ဆင်ကြီး Brahmadathan ကဖော်ထုတ်ပြသခဲ့သလိုပါပဲ