ဒီးမော့ဆို ကုန်းသာ တိုက်ပွဲအပြီး စခတွေရွာထဲ ထောင်ခဲ့တဲ့ မိုင်းနှင်းမိပြီး ညာဘက်ခြေထောက် ဆုံးရှံးခဲ့ရတဲ့ BO 6 က ရဲဘော်လေး ပါ
ကိုယ်တွေက သူ့ကိုကြည့်ပြီး တကယ်ကို စိတ်မကောင်းဖြစ်နေမိတာ ဒါပေမဲ့ ရောက်လာကတည်းက သူမျက်နှာကပြုံးနေတာပါပဲ
သူကပဲ စကားစပြော ဆေးထည့်ရင်း သူမိုင်းနင်းမိတဲ့ချိန် ဘယ်လိုခံစားရတယ်ဆိုတာကို ဟာသနှောပြီးတောင် အားရပါးရပြောပြနေတာဆေးထည့်ပေးရင်း ဆန် ရိက္ခာ ဆေးဝါးကအစ မပူဖို့မှာရင်း တခြားကော ဘာလိုအပ်လဲမေးတော့ သူဖြေလိုက်တဲ့ စကားတွေက တကယ် ရင်ထဲထိပါတယ်
“ကျွန်တော် AK တစ်လက် လိုချင်တယ် ပြီးတော့ ကျွန်တော့် ခြေထောက် အနာတွေသက်သာသွားရင် ခြေထောက်တု ဝယ်ပေးမယ်မလား အဲ့တာဝတ်ပြီးရှေ့တန်း ပြန်ထွက်မှာနော်
ကျွန်တော့်ကို ရဲဘော်စာရင်းထဲက မထုတ်လိုက်သေးဘူးမလား ကျွန်တော် လုံးဝသက်သာသွားရင် ရှေ့တန်းပြန်ထွက်မှာ ကျွန်တော် တိုက်နိုင်သေးတယ်”တဲ့ဘေးက သူ့ စုမူးက “ဒါပေါ့ မင်းသက်သာလာရင် ငါတို့နဲ့ တူတူ ရှေ့တန်းပြန်ထွက်မယ်
အဲ့တာကြောင့် ဘာမှစိတိဓာတ် ကျစရာအကြောင်းမရှိဘူး” ဆိုအားပေးနေတယ်။
“အေ့လေ ကျွန်တော် စိတ်ဓာတ်မကျပါဘူး” တဲ့ ပြုံးပြုံးကြီး ပြန်ပြောတယ်။
ရဲဘော်လေး ပြောတဲ့စကားတွေကြားပြီး အရမ်းပင်ပန်းလာတဲ့အခါ စိတ်ဓာတ်ကျမိတဲ့ ကိုယ့်ကိုကိုယ် ရှက်မိလာတယ် သူပြောတာတွေနားထောင်ပြီး ကိုယ် ဒီထက် အများကြီးသန်မာရမယ်။
ဒီထက်ပိုပြီး သူတို့အတွက် လုပ်ပေးနိုင်တာတွေထက်ပိုပြီး ကြိုးစားရမယ်ဆိုတာ ပိုသေချာလာတယ်။
တော်လှန်ရေးအတွက် အသက်ကော အရာအားလုံးကော စွန့်လွှတ်ထားတဲ့ ရဲဘော်လေးတွေပါ။
သူတို့လိုမပေးဆပ်နိုင်တဲ့အတွက် သူတို့လေးတွေအတွက် တစ်ထောင့်တစ်နေရာကနေ နိုင်တဲ့ဘက်ကနေ ကူပေး Support ပေးရမှာ ကိုယ်တွေပြည်သူရဲ့တာဝန်မလား ဒါကြောင့် ဆက်ပြီး ကိုယ်ယုံကြည်ရာ နေရာမှာ pdf ရဲဘော်လေးတွေကို ဆက်ပြီး အားဖြည့်ပေးစေချင်ပါတယ်။
#News_Light_in_Karenni