ဖမ္းဆီးခံထားရသည့္ သပိတ္ေခါင္းေဆာင္ကိုလင္းပိုင္စိုး ေသဆုံးသြားၿပီျဖစ္ေၾကာင္း ၁၈ရက္ၾကာမွ မိသားစုကသိရွိရ
ေနျပည္ေတာ္ႏွင့္ မႏၲေလး ဆႏၵျပသပိတ္စစ္ေၾကာင္းမ်ားတြင္ ဦးေဆာင္ခဲ့သူ ေဂၚရခါးလူမ်ိဳး ကိုလင္းပိုင္စိုး ေသဆုံးသြားၿပီျဖစ္ေၾကာင္း ေ
သဆုံးခဲ့ၿပီး ၁၈ရက္အၾကာေအာက္တိုဘာလ၁၈ရက္ေန႔တြင္မွ မိသားစုက သိရွိခဲ့ရေၾကာင္းသိရသည္။
ကိုလင္းပိုင္းစိုးသည္ ဖမ္းဆီးခံရစဥ္ကတည္းက ႏွိပ္စက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး စစ္ေၾကာေရးသို႔ ေရာက္သည့္ေန႔ ေအာက္တိုဘာလ၁ရက္ေန႔တြင္ ေသ
ဆုံးခဲ့ရျခင္းျဖစ္ေၾကာင္း ကိုလင္းပိုင္စိုးႏွင့္ နီးစပ္သူမ်ားက ဆိုသည္။
“ဆုံးတာကၾကာၿပီဗ်ာ။ သတင္းကအခုမွထြက္လာတာ။ ေအာက္တိုဘာလ၁ရက္ေန႔တည္းက က်တာဗ်။ က်ေနာ္တို႔က ၾကားထဲမွာသူ႔အတြက္ သတင္းေ
တြကို စိတ္ပူၿပီးေတာ့မွထုတ္ေနတာဗ်။ တကယ့္တကယ္က ဖမ္းခံရၿပီးေနာက္ရက္မွာ ဆုံးသြားခဲ့တာဗ်။
နန္းတြင္းတပ္မွာထဲက လူမ်ိဳးျခားဆိုၿပီးေတာ့ ဝိုင္း႐ိုက္ၾကတာ အသက္ကေျမာ့ေျမာ့ပဲ က်န္တယ္။ စစ္ေၾကာေရးေရာက္ေတာ့ဆုံးတာ။ အခုမွ မၾကည္ျ
ပာ(အမည္လႊဲ)ဖုန္းလွမ္းဆက္ေတာ့မွ သိရတာေပါ့ ” ဟု ေနျပည္ေတာ္ေက်ာင္းသားသမဂၢမွ ကိုေနသမိုင္းကေျပာသည္။
စက္တင္ဘာလ၃၀ရက္ေန႔တြင္ ကိုလင္းပိုင္စိုးသည္ မႏၲေလးရွိ ေနအိမ္တစ္ခုတြင္ ၎၏ရဲေဘာ္မ်ားျဖစ္သည့္ ကိုၿငိမ္းမင္းသန႔္ေနအိမ္သို႔ လာေရာက္လည္ပတ္သူ
မၾကည္ၾကည္ဝင္းတို႔ႏွင့္အတူ စစ္တပ္၏ ဖမ္းဆီးျခင္းခံခဲ့ရျခင္းျဖစ္သည္။
“သူေသတာကိုေတာ့ က်ေနာ္တို႔ တိုက္႐ိုက္သိရတာမဟုတ္ပါဘူး။ သမဂၢဘက္က ညီေလးေတြ ေျပာျပလို႔သိရတာပါ။ စိတ္မေကာင္းေတာ့ျဖစ္တာေပါ့။ ဘာ
မွေျပာစရာမရွိပါဘူး ” ဟု ကိုလင္းပိုင္စိုး၏ အကိုျဖစ္သူကဆိုသည္။
ကိုလင္းပိုင္စိုးသည္ ေက်ာက္ဆည္နည္းပညာတကၠသိုလ္ ျဒပ္သတၱဳပိုင္းဆိုင္ရာ ေနာက္ဆုံးႏွစ္ အင္ဂ်င္နီယာေက်ာင္းသားတစ္ဦးျဖစ္ၿပီး ဗုဒၶဘာသာဝင္ ေဂၚရခါးလူမ်ိဳး
တစ္ေယာက္ျဖစ္သည္။ ကိုလင္းပိုင္စိုးေသဆုံးခဲ့ျခင္းႏွင့္ပတ္သက္ၿပီး “ဒါႀကီးကေတာ္ေတာ္ဆိုးဆိုးႀကီးျဖစ္သြားၿပီ။ သတ္တဲ့အျပင္ အေလာင္းေဖ်ာက္တဲ့သတ
င္းအစအနေရာ ေဖ်ာက္တာမ်ိဳးျဖစ္သြားပါၿပီ ” ဟု ကိုေနသမိုင္းကဆိုသည္။
ျမန္မာႏိုင္္ငံတြင္ အၾကမ္းဖက္စစ္တပ္မွ အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္အာဏာရွင္ဆန႔္က်င္ေရးလႈပ္ရွားမႈမ်ား ျပဳလုပ္ေနသူမ်ားကို ဖမ္းဆီးၿပီး စစ္ေၾကာေရး
စခန္းမ်ားတြင္ ႏွိပ္စက္စစ္ေမးလ်က္ရွိသည္။
ထိုသို႔စစ္ေမးရာတြင္ ဘာသာျခားမ်ား(ဗုဒၶဘာသာမဟုတ္သူမ်ား)၊ လိင္စိတ္ကြဲျပားသူမ်ား၊ ေက်ာင္းသားသမဂၢႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အား ေထာက္ခံ
သူမ်ားဆိုလွ်င္ ပိုမို၍ ျပင္းထန္စြာ ႏွိပ္စက္ေလ့ရွိသည္။
ဖမ်းဆီးခံထားရသည့် သပိတ်ခေါင်းဆောင်ကိုလင်းပိုင်စိုး သေဆုံးသွားပြီဖြစ်ကြောင်း ၁၈ရက်ကြာမှ မိသားစုကသိရှိရ
နေပြည်တော်နှင့် မန္တလေး ဆန္ဒပြသပိတ်စစ်ကြောင်းများတွင် ဦးဆောင်ခဲ့သူ ဂေါ်ရခါးလူမျိုး ကိုလင်းပိုင်စိုး သေဆုံးသွားပြီဖြစ်ကြောင်း သေဆုံးခဲ့ပြီး ၁၈ရက်အကြာ
အောက်တိုဘာလ၁၈ရက်နေ့တွင်မှ မိသားစုက သိရှိခဲ့ရကြောင်းသိရသည်။
ကိုလင်းပိုင်းစိုးသည် ဖမ်းဆီးခံရစဉ်ကတည်းက နှိပ်စက်ဒဏ်ရာများရရှိခဲ့ပြီး စစ်ကြောရေးသို့ ရောက်သည့်နေ့ အောက်တိုဘာလ၁ရက်နေ့တွင် သေဆုံးခဲ့ရခြင်း
ဖြစ်ကြောင်း ကိုလင်းပိုင်စိုးနှင့် နီးစပ်သူများက ဆိုသည်။
“ဆုံးတာကကြာပြီဗျာ။ သတင်းကအခုမှထွက်လာတာ။ အောက်တိုဘာလ၁ရက်နေ့တည်းက ကျတာဗျ။ ကျနော်တို့က ကြားထဲမှာသူ့အတွက် သတင်းတွေကို စိတ်ပူပြီး
မှထုတ်နေတာဗျ။ တကယ့်တကယ်က ဖမ်းခံရပြီးနောက်ရက်မှာ ဆုံးသွားခဲ့တာဗျ။
နန်းတွင်းတပ်မှာထဲက လူမျိုးခြားဆိုပြီးတော့ ဝိုင်းရိုက်ကြတာ အသက်ကမြော့မြော့ပဲ ကျန်တယ်။ စစ်ကြောရေးရောက်တော့ဆုံးတာ။ အခုမှ မကြည်ပြာ(အမည်
လွှဲ)ဖုန်းလှမ်းဆက်တော့မှ သိရတာပေါ့ ” ဟု နေပြည်တော်ကျောင်းသားသမဂ္ဂမှ ကိုနေသမိုင်းကပြောသည်။
စက်တင်ဘာလ၃၀ရက်နေ့တွင် ကိုလင်းပိုင်စိုးသည် မန္တလေးရှိ နေအိမ်တစ်ခုတွင် ၎င်း၏ရဲဘော်များဖြစ်သည့် ကိုငြိမ်းမင်းသန့်နေအိမ်သို့ လာရောက်လည်ပတ်သူ မ
ကြည်ကြည်ဝင်းတို့နှင့်အတူ စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။
“သူသေတာကိုတော့ ကျနော်တို့ တိုက်ရိုက်သိရတာမဟုတ်ပါဘူး။ သမဂ္ဂဘက်က ညီလေးတွေ ပြောပြလို့သိရတာပါ။ စိတ်မကောင်းတော့ဖြစ်တာပေါ့။ ဘာမှပြောစရာ
မရှိပါဘူး ” ဟု ကိုလင်းပိုင်စိုး၏ အကိုဖြစ်သူကဆိုသည်။
ကိုလင်းပိုင်စိုးသည် ကျောက်ဆည်နည်းပညာတက္ကသိုလ် ဒြပ်သတ္တုပိုင်းဆိုင်ရာ နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသားတစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာဝင် ဂေါ်ရခါးလူမျိုး
တစ်ယောက်ဖြစ်သည်။ ကိုလင်းပိုင်စိုးသေဆုံးခဲ့ခြင်းနှင့်ပတ်သက်ပြီး “ဒါကြီးကတော်တော်ဆိုးဆိုးကြီးဖြစ်သွားပြီ။ သတ်တဲ့အပြင် အလောင်းဖျောက်တဲ့သတင်း
အစအနရော ဖျောက်တာမျိုးဖြစ်သွားပါပြီ ” ဟု ကိုနေသမိုင်းကဆိုသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသူများကို ဖမ်းဆီးပြီး စစ်ကြောရေးစခန်း
တွင် နှိပ်စက်စစ်မေးလျက်ရှိသည်။
ထိုသို့စစ်မေးရာတွင် ဘာသာခြားများ(ဗုဒ္ဓဘာသာမဟုတ်သူများ)၊ လိင်စိတ်ကွဲပြားသူများ၊ ကျောင်းသားသမဂ္ဂနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ထောက်ခံ
သူများဆိုလျှင် ပိုမို၍ ပြင်းထန်စွာ နှိပ်စက်လေ့ရှိသည်။