ယနေ့မှာ ပြန်လည်လွတ်မြောက်လာသော အနုပညာရှင်များနှင့် မီဒီယာများ
ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ က ဖြင့် အရေးယူခံထားရသည့် အနုပညာရှင် (၂၄)ဦးနဲ့
လူမှုကွန်ယက်တွင် နာမည်ကြီးလူသိများသူ (၁၀)ဦးတို့အား အမှုပိတ်သိမ်းကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒါကြောင့် ပြည်သူတွေတော်တော်များများ က မိမိတို့ချစ်တဲ့ အနုပညာရှင်တွေ သူငယ်ချင်းမိတ်တွေတွေ မိသားစုဝင်တွေ
ပါဝင်လာမလားလို့ မျှော်လင့်ချက်နဲ့ စိတ်လှုပ်ရှားနေကြပါတယ်။
အခု ကနဦးသိရတဲ့ လွတ်မြောက်လာမယ့် မီဒီယာသမားတွေထဲမှာ ဦးမုံရွာအောင်ရှင်၊ Kachin Wave မှ ဦးလရော်၊ 74 မီဒီယာမှ မချမ်းဘူ၊
မဆိုင်းနုပန် ၊ Mizzima မီဒီယာမှ ဒေါ်သင်းသင်းအောင်၊ ကိုဂျိမ်းစ်၊ ခေတ်ပုံရိပ် မှ ကိုအောင်ခန့်၊ အမိမြေဂျာနယ်မှ ဦးကျော်မြင့်တို့ ပါဝင်ကြောင်း သိရပါတယ်။
၅၀၅နဲ့တရားစွဲခံထားရတဲ့အမှုကို ပိတ်သိမ်းလိုက်တဲ့ အထဲမှာပါဝင်တဲ့ အနုပညာရှင်နဲ့ ဆယ်လီတွေထဲမှာတော့
ကော်နီ၊ ညီထွဋ်ခေါင် ၊ ဖြူဖြူကျော်သိန်း၊ ချမ်းမြေ့မောင်ချို နှင့် ဒေါက်တာမြဝတ်ရည်တို့ပါတယ်လို့ ကနဦးသတင်းတွေအရ သိရှိရပါတယ်။
နောက်ထပ် ထပ်လွတ်မြောက်လာမယ့် အမှုပိတ်သိမ်းလိုက်တဲ့ အနုပညာရှင်စာရင်းတွေကိုလည်း သိရှိရတာနဲ့တစ်ပြိုင်နက် ထပ်မံတင်ပေးသွားပါ့မယ်။
source myanmarload
Zawgyi
ယေန႔မွာ ျပန္လည္လြတ္ေျမာက္လာေသာ အႏုပညာရွင္မ်ားႏွင့္ မီဒီယာမ်ား
ယေန႔ ေအာက္တိုဘာလ ၁၈ ရက္ေန႔ မနက္က ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ က ျဖင့္ အေရးယူခံထားရသည့္ အႏုပညာရွင္ (၂၄)ဦးနဲ႔
လူမႈကြန္ယက္တြင္ နာမည္ႀကီးလူသိမ်ားသူ (၁၀)ဦးတို႔အား အမႈပိတ္သိမ္းေၾကာင္း သတင္းထုတ္ျပန္လိုက္ပါတယ္။
ဒါေၾကာင့္ ျပည္သူေတြေတာ္ေတာ္မ်ားမ်ား က မိမိတို႔ခ်စ္တဲ့ အႏုပညာရွင္ေတြ သူငယ္ခ်င္းမိတ္ေတြေတြ မိသားစုဝင္ေတြ
ပါဝင္လာမလားလို႔ ေမွ်ာ္လင့္ခ်က္နဲ႔ စိတ္လႈပ္ရွားေနၾကပါတယ္။
အခု ကနဦးသိရတဲ့ လြတ္ေျမာက္လာမယ့္ မီဒီယာသမားေတြထဲမွာ ဦးမုံ႐ြာေအာင္ရွင္၊ Kachin Wave မွ ဦးလေရာ္၊ 74 မီဒီယာမွ မခ်မ္းဘူ၊
မဆိုင္းႏုပန္ ၊ Mizzima မီဒီယာမွ ေဒၚသင္းသင္းေအာင္၊ ကိုဂ်ိမ္းစ္၊ ေခတ္ပုံရိပ္ မွ ကိုေအာင္ခန႔္၊ အမိေျမဂ်ာနယ္မွ ဦးေက်ာ္ျမင့္တို႔ ပါဝင္ေၾကာ
င္း သိရပါတယ္။
၅၀၅နဲ႔တရားစြဲခံထားရတဲ့အမႈကို ပိတ္သိမ္းလိုက္တဲ့ အထဲမွာပါဝင္တဲ့ အႏုပညာရွင္နဲ႔ ဆယ္လီေတြထဲမွာေတာ့
ေကာ္နီ၊ ညီထြဋ္ေခါင္ ၊ ျဖဴျဖဴေက်ာ္သိန္း၊ ခ်မ္းေျမ့ေမာင္ခ်ိဳ ႏွင့္ ေဒါက္တာျမဝတ္ရည္တို႔ပါတယ္လို႔ ကနဦးသတင္းေတြအရ သိရွိရပါတယ္။
ေနာက္ထပ္ ထပ္လြတ္ေျမာက္လာမယ့္ အမႈပိတ္သိမ္းလိုက္တဲ့ အႏုပညာရွင္စာရင္းေတြကိုလည္း သိရွိရတာနဲ႔တစ္ၿပိဳင္နက္ ထပ္မံတင္ေပးသြားပါ့မယ္။
source myanmarload