အော် ဒကာမကြီးရယ် ဦးဇင်းဒကာမကြီးတွက် ဝမ်းနည်းမျက်ရည်ကျမိပါတယ်။
ဖြစ်စဉ်အချူပ်=ပြင်ဦးလွင်မှာပေါ့ဒကာမကြီးက မြေ၁၂ဧကရှိလယ်မြေကို ၃ဧကကျောင်းဆောက်ဖို့လှုဒါန်းတာပေါ့။
နှစ်တွေကြာလာတော့ ကျောင်းထိုင်တွေပြောင်းတာပေါ့။
ခုရောက်တာတဲ့ ကျောင်းထိုင်ဆရာတော်က၁၂ဧကလုံးကျောင်းမြေလျှောက်တယ်။
ဒကာမကြီးခင်ဗျာသူ့ပိုင်တဲ့လယ်မြေပေါ်တဲထိုးနေရတယ်။
တရားရင်ဆိုင်တော့အမှုရှုံးတော့ ကျူးကျော်ဆိုပီ မောင်းထုတ်ခံရတယ်။
ဘုရား ဘုရား ကြားလို့ကောင်းသေးလားဗျာ။
မြေလဲလှုတယ်မြေပိုင်ကိုရှင်ကို ကျူးကျော်ဆိုပြီး ဝိုင်းမောင်းထုတ်တယ်မလုပ်ပါနဲ့လားဘုရား။၃ဧကလဲ ကျောင်းကြီးဖြစ်ပါတယ်။
ဒကာမကြီးရယ် ဦးဇင်းကဒကာမကြီးဘက်ရပ်တည်တယ်😢ဦးဇင်းကုသိုလ်တွေပေါင်းစုပီး ဒီကုသိုလ်တွေရဲ့အစွမ်းသတ္တိတွေကြောင့် ဒကာမကြီး အစစအရာရာ အဆင်ပြေပါစေ
ကျန်းမာပါစေ ချမ်းသာပါစေ ဒကာမကြီးရယ် ဦးဇင်းရေးနေရင်း မျက်ရည်ကျနေလို့ ဆက်မရေးနိူင်တော့ဘူးဒကာမကြီးရယ် ။ဝိုင်းဝန်းကူညီပေးကြနော် အမေအိုနေပါပီ။
အရှင်နာရဒ (တက္ကသိုလ်မောင်ရိုးရှင်း)
Unicode