သားသမီးတိုင္းကို ပညာတတ္ႀကီးျဖစ္ေစခ်င္ၾကတာ မိဘတိုင္းရဲ႕ ဆႏၵျဖစ္သလို
သူတို႔ကိုယ္တိုင္ကေက်ာင္းမေနခဲ့ရ၍ အလုပ္ကိုပင္ပင္ပန္းပန္းလုပ္ခဲ့ရေသာ္လည္း
သားသမီးေတြအတြက္ဆို မနားရလည္း အဆုံးထိေထာက္ပံ့ေပးသြားႏိုင္တတ္ၾကသည္။
သို႔ျဖစ္၍ ဖိလစ္ပိုင္ႏိုင္ငံမွ ဖခင္တစ္ဦးသည္ သားေလးတစ္ေယာက္ရွိရာ ကံမေကာင္းစြာပဲ
မေတာ္တဆျဖစ္ၿပီး ေျခေထာက္ျဖတ္ပစ္လိုက္ခဲ့ရာ မသန္စြမ္းေလးျဖစ္သြားသည့္အတြက္
အျခားေသာကေလးငယ္မ်ားထက္ကိုပို၍ ဂ႐ုစိုက္ျပဳစုပ်ိဳးေထာင္ေပးခဲ့ရသည္။
ဖခင္ျဖစ္သူသည္ ႀကဳံရာက်ဘမ္းအလုပ္ကိုလုပ္ရၿပီး စားဝတ္ေနေရးအတြက္ ေထာက္ပံ့ေပးခဲ့ရာ
သားေလးကို မူလတန္းစတက္ခ်ိန္ကတည္းက ေန႔စဥ္ေက်ာပိုးၿပီး ေက်ာင္းသို႔လိုက္ပို႔ေပးခဲ့ကာ
အထက္တန္းအ႐ြယ္ထိကို ကုန္းပိုးေနရဆဲျဖစ္သည္။ဖခင္ျဖစ္သူခမ်ာ အလုပ္သြားရမွာကတစ္ဖက္
သားေလးကိုေက်ာင္းလိုက္ပို႔ေပးဖို႔ကလည္း ရွိေသးေသာ္လည္း ပင္ပန္းတယ္ဆိုၿပီး ညည္းညဴျခင္းမရွိပဲ
သားေလးကို သူတို႔လိုပညာမတတ္၍ အလုပ္ၾကမ္းကိုလုပ္စားရမည္စိုးေသာေၾကာင့္ ေက်ာင္းကိုရေအာင္ထားေပးခဲ့သည္။
ထိုအျဖစ္ကို ျမင္ေတြ႕ေသာသူမ်ားမွ စာနာမိကာ သားျဖစ္သူသာ ဝွီးခ်ဲလ္ေလးႏွင့္ေက်ာင္းတက္ရသည့္အခါ
ဖခင္ျဖစ္သူလည္းလိုက္ပို႔စရာမလိုေတာ့ပဲ ပင္ပန္းမႈေတြသက္သာေအာင္ လူမႈကြန္ယက္တြင္ မွ်ေဝကာ အကူအညီေတာင္းခဲ့သည္။
Credit
Unicode Version
သားသမီးတိုင်းကို ပညာတတ်ကြီးဖြစ်စေချင်ကြတာ မိဘတိုင်းရဲ့ ဆန္ဒဖြစ်သလို
သူတို့ကိုယ်တိုင်ကကျောင်းမနေခဲ့ရ၍ အလုပ်ကိုပင်ပင်ပန်းပန်းလုပ်ခဲ့ရသော်လည်း
သားသမီးတွေအတွက်ဆို မနားရလည်း အဆုံးထိထောက်ပံ့ပေးသွားနိုင်တတ်ကြသည်။
သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ ဖခင်တစ်ဦးသည် သားလေးတစ်ယောက်ရှိရာ ကံမကောင်းစွာပဲ
မတော်တဆဖြစ်ပြီး ခြေထောက်ဖြတ်ပစ်လိုက်ခဲ့ရာ မသန်စွမ်းလေးဖြစ်သွားသည့်အတွက်
အခြားသောကလေးငယ်များထက်ကိုပို၍ ဂရုစိုက်ပြုစုပျိုးထောင်ပေးခဲ့ရသည်။
ဖခင်ဖြစ်သူသည် ကြုံရာကျဘမ်းအလုပ်ကိုလုပ်ရပြီး စားဝတ်နေရေးအတွက် ထောက်ပံ့ပေးခဲ့ရာ
သားလေးကို မူလတန်းစတက်ချိန်ကတည်းက နေ့စဉ်ကျောပိုးပြီး ကျောင်းသို့လိုက်ပို့ပေးခဲ့ကာ
အထက်တန်းအရွယ်ထိကို ကုန်းပိုးနေရဆဲဖြစ်သည်။ဖခင်ဖြစ်သူခမျာ အလုပ်သွားရမှာကတစ်ဖက်
သားလေးကိုကျောင်းလိုက်ပို့ပေးဖို့ကလည်း ရှိသေးသော်လည်း ပင်ပန်းတယ်ဆိုပြီး ညည်းညူခြင်းမရှိပဲ
သားလေးကို သူတို့လိုပညာမတတ်၍ အလုပ်ကြမ်းကိုလုပ်စားရမည်စိုးသောကြောင့် ကျောင်းကိုရအောင်ထားပေးခဲ့သည်။
ထိုအဖြစ်ကို မြင်တွေ့သောသူများမှ စာနာမိကာ သားဖြစ်သူသာ ဝှီးချဲလ်လေးနှင့်ကျောင်းတက်ရသည့်အခါ
ဖခင်ဖြစ်သူလည်းလိုက်ပို့စရာမလိုတော့ပဲ ပင်ပန်းမှုတွေသက်သာအောင် လူမှုကွန်ယက်တွင် မျှဝေကာ အကူအညီတောင်းခဲ့သည်။
Credit