ၾကားသိရသမွ်

မန္တလေးတွင် ပြည်သူများ စက်သုံးဆီ လိုသလောက်ရရှိရန် ပြင်ဆင်ချိန် (၅)နာရီ ပေးမည်ဟု မန္တလေး PDF အရေးပေါ် သတိပေး

မန္တလေးမြို့ရှိ ဆီဆိုင်အားလုံး ပြည်သူများ စက်သုံးဆီ‌လိုသလောက်ရရန် ပြင်ဆင်ချိန် (၅)နာရီအချိန်ပေးမည်ဖြစ်ကြောင်း PeopleDefenceForce_Mandalay က ယနေ့ဩဂုတ်လ (၁၃)ရက်နေ့ ညနေ(၃)နာရီ (၁၈)မိနစ်အချိန်က သတင်းထုတ်ပြန်လာသည်။

မန္တလေးတွင် ယနေ့ စက်သုံးဆီ အခက်အခဲ‌များဖြစ်နေသောကြောင့်ပြည်သူများဒုက္ခရောက်နေသဖြင့် မည်သည့်အကြောင်းပြချက်ဖြင့် ဆီပြတ်လပ်သည်ဖြစ်စေဖြေရှင်းရန် မန္တလေးမြို့မှ ဆီဆိုင်အားလုံးကို (၅)နာရီအချိန်ပေးကာ သတိပေးချက်ထုတ်ပြန်ထားသည်။

ယခုမှစ၍ ဆီဆိုင်အားလုံး (၅)နာရီပိတ်ထားနိုင်ပြီး ဆီဆိုင်များတွင် လက်ရှိဆီတန်းနေသော ပြည်သူများအား ဆီပြန်လည်ရောင်း ချပေးရန် သတိပေးထားသည်။

စစ်အုပ်စု၏ မတရားအာဏာသိမ်းမှူကြောင့် ပြည်သူများ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ ဒုက္ခရောက်နေချိန်တွင် ပြည်သူလူထု၏ အခက်ခဲကိုမစာနာပဲ ဝိသမာလောဘတတ်၍ ရောင်းချနေသော ဆီဆိုင်များနှင့် ဆီဈေးကွက်ကိုကစားနေသော စစ်ကောင်စီဒေါက်တိုင်ဆိုင်များ(Denko နှင့် Boc)အား နောက်ဆုံးကြိမ်သတိပေးချက်ဟုဆိုကာ ထုတ်ပြန်လာခြင်းဖြစ်သည်။

#TachileikNewsAgency