ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ဖူးသည့် လည်ဆွဲဒီဇိုင်း၏ဖန်တီးရှင် မအေးငြိမ်းဖြူ ကမ္ဘာ့နာမည်ကျော် ဒီဇိုင်းပြိုင်ပွဲတွင် တတိယဆုရ
အီတလီနိုင်ငံ၊ Lake Como မြို့တွင်ကျင်းပသည့် ကမ္ဘာ့နာမည်ကျော် A’ Design Award 2022 ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ဒီဇိုင်နာ မအေးငြိမ်းဖြူက တတိယဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရှိရသည်။
ယင်းဆုသည် ကမ္ဘာ့ဒီဇိုင်း အနုပညာရှင်များအကြား တန်ဖိုးအထားဆုံး ဆုတစ်ခုဖြစ်ပြီး ကနေဒါနိုင်ငံတွင် နေထိုင်သည့် မြန်မာအမျိုးသမီး မအေးငြိမ်းဖြူက ရရှိခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် ကမ္ဘာ့နာမည်ကျော် ဒီဇိုင်းပညာရှင် (၂၂၇) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရွေးချယ်ရေးအဖွဲ့က အကဲဖြတ်ရွေးချယ်ရာတွင် “ Midnight Garden ” ဟု အမည်ပေးထားသည့် ဆွဲသီးနှင့်ရင်ထိုး နှစ်မျိုး သုံးနိုင်သော မအေးငြိမ်းဖြူ၏ ပြိုင်ပွဲဝင် ရတနာပစ္စည်းက တတိယဆုအဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။
မအေးငြိမ်းဖြူသည် စင်ကာပူနိုင်ငံ (American International School) တွင် (12 Grade) အထိ ပညာသင်ခဲ့ပြီး ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ ရှိ OCAD University မှ Jewellery Design ဖြင့် ဘွဲ့ရရှိခဲ့သူဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သူများက လူမှုကွန်ရက်စာမျက်နှာတွင် ရေးတင်ဂုဏ်ပြုထားကြသည်။
လက်ရှိတွင် ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့တွင် MONDSELLE နာမည်ဖြင့် လက်ဝတ်ရတနာများကို ဖန်တီးရောင်းချလျက်ရှိသည်ဟု ဆိုသည်။
မအေးငြိမ်းဖြူနှင့် ပတ်သက်၍ နာမည်ကြီး သတင်းဌာနများဖြစ်သည့် ဘီဘီစီအပါအဝင် ကနေဒါရှိ သတင်းစာနှင့် မဂ္ဂဇင်းများကလည်း ဖော်ပြချီးကျူးဂုဏ်ပြုခဲ့ကြသည်ဟုလည်း သိရသည်။

မအေးငြိမ်းဖြူ၏ နာမည်ကို မြန်မာနိုင်ငံရှိပြည်သူများ ရင်းနှီးခဲ့ကြသည်မှာ လွန်ခဲ့သည့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ အစောပိုင်းတွင် ဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းဖန်တီးထားသည့် လည်ဆွဲတစ်ခုကို မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝတ်ဆင်ခဲ့ရာမှ လူသိများထင်ရှားခဲ့သည်။
ယင်းလည်ဆွဲကို မအေးငြိမ်းဖြူအနေဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ချစ်စဖွယ်မျက်နှာလေးများဖြင့် ဖန်တီးပုံဖော်ခဲ့ခြင်းဖြစ်သည်။ #MPA
Zawgyi