ၾကားသိရသမွ်

မလေးရှားရှိ ရာနဲ့ချီတဲ့ တရားမဝင် မြန်မာအလုပ်သမားများရဲ့ စိတ်မကောင်းစရာ သတင်းအပြည့်အစုံ









သိရပါတယ်။Credit

Unicode

မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ် ကာဂျမ်းမြို့ရှိ တိုက်ခန်းများအတွင်းတွင်

တရားမဝင်နေထိုင်နေကြတဲ့မြန်မာ အလုပ်သမားများ ရာနဲ့ချီ အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ မြန်မာအလုပ်သမားများကိုဩဂုတ်လ ၉ ရက် ညသန်းခေါင်အချိန်က ဝင်ရောက်ဖမ်းဆီး

ခဲ့တာလို့ သိရပြီး စုစုပေါင်း မြန်မာ အလုပ်သမား ၁၁၅ဦး အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

သတင်းပေးမှုကြောင့် ဧည့်စာရင်းစစ်ရင်း ဝင်ရောက် ဖမ်းဆီးခံခဲ့ရတာလို့ သိရပြီး ဖမ်းဆီးခံရသူ

အများစုမှာ စက်ရုံဝန်ထမ်း ၊ သန့်ရှင်းရေးအလုပ်သမားနဲ့ ၊ ဆိုင်အလုပ်သမားများ

အများစုဖြစ်တယ်လို့ သိရပါတယ်။ဖမ်းဆီးခံ တရားမဝင် မြန်မာ အလုပ်သမားများကို

မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့

သိရပါတယ်။Credit