ၾကားသိရသမွ်

ချဲထီပေါက်စေတယ်ဆိုပြီး ထိုင်းမှာ ပူဇော်ပသခံနေရတဲ့ ခေါင်းနှစ်လုံးနဲ့ ဝက်ကလေး

လူတွေဟာ သူတို့တစ်တွေ အားကိုးအားထား ပြုထိုက်တယ်လို့ စိတ်ထဲမှာခံယူလိုက်တာနဲ့ အဲဒီအရာကို ကိုးကွယ်ကြတော့တာ ဟိုးရှေးယခင်ကတည်းက အရိုးစွဲလာခဲ့တဲ့ အစဉ်အလာဖြစ်ပါတယ်။ ကမ္ဘာဦးအစက နေမင်း လမင်းတွေကို ကိုးကွယ်ကြတယ်။ နောက်တော့ ကံဆိုးကံကောင်းကို စီမံတယ်ဆိုတဲ့ နတ်တွေကို ကိုးကွယ်ကြတယ်။ နောက် နေရာဒေသအလိုက် မတူညီတဲ့ ကိုးကွယ်မှုတွေ ပေါ်ထွက်လာကြပါတယ်။

ဒါကြောင့် လူတစ်ယောက် ဘာကိုကိုးကွယ်တယ်ဆိုတာ သူ့အပြစ်မဟုတ်ပါဘူး။ သူ ယုံကြည်ရာကို ကိုးကွယ်ဆည်းကပ်မယ် ပူဇော်ပသမယ်ဆိုတာ သူရဲ့လုပ်ပိုင်ခွင့်နဲ့ ယုံကြည်ချက်ဖြစ်နေလို့ပါ။ ဒီလိုပဲ ကိုယ်ဘာကို ကိုးကွယ်တယ်ဆိုတာကိုလည်း သူများနဲ့ စံထိုးစရာမလိုပါဘူး။ အကြောင်းကတော့ ကိုယ်ယုံကြည်ရာအတိုင်း ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုးကွယ်ယုံကြည်ခွင့် ရှိနေလို့ ဖြစ်ပါတယ်။

အခုလည်း ထိုင်းမှာ ချဲထီပေါက်စေတယ်ဆိုပြီး ခေါင်းနှစ်လုံးပါ ဝက်ကလေးတစ်ကောင်ကို ကိုးကွယ်ပူဇော် ပသနေကြပါတယ်။ အဆိုပါ ဝက်ကလေးက သူတို့ကို ချဲထီနဲ့ပတ်သက်တဲ့ အတိတ်စိမ်းနဲ့ ဂဏန်းတွေ ပေးတယ်လို့ ဒေသခံတွေက ယူဆကြပြီး ဒီဝက်ကလေးကို ကိုးကွယ်ဆည်းကပ်နေကြတာပါ။

ဝက်ကလေးကလည်း သာမန်ဝက်တွေနဲ့မတူပါဘူး။ မျိုးဗီဇချို့ယွင်းတဲ့ လက္ခဏာကြောင့် ဦးခေါင်းနှစ်လုံး၊ နားရွက်သုံးခုနဲ့ ခြေလက်(၈)ချောင်း ပါရှိနေပါတယ်။ အဆိုပါဝက်ကလေးဟာ ဝက်မွေးချင်း (၁၃)ကောင်အနက်မှာ တစ်ကောင်အပါဝင် ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဥဒွန်သာနိစီရင်စုအတွင်းက ကျေးရွာငယ်ကလေးမှာ တောင်သူဦးကြီးတစ်ဦးရဲ့ မွေးမြူရေးခြံမှာ ဧပြီ(၂၇)ရက်က မွေးဖွားလာတာ ဖြစ်ပါတယ်။

ဒေသခံရွာသားတွေသာမက ရွာနီးချုပ်စပ်က ရွာသားတွေက ဒီမွေးကင်းစ ခြေ(၈)ချောင်းပါ ဝက်ကလေးဟာ သူတို့တစ်တွေရဲ့ ကံကောင်းမှုတွေအတွက် မွေးဖွားလာတာဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့်လည်း တောင်သူဦးကြီးရဲ့ နေအိမ်မှာ အမြဲလိုလိုသွားရောက်စုဝေးကာ သူတို့တစ်တွေ ကံကောင်းမှုတွေ ရစေဖို့ ဆုမွန်ကောင်းသွားတောင်းပြီး လာဘ်သပ်ပကာတွေနဲ့ ပူဇော်ကြပါတယ်။

ဒါပေမယ့် ဝက်ကလေးက မွေးမွေးချင်း အသက်မရှင်ခဲ့ပါဘူး။ သို့သော် ရွာသားတွေကတော့ ဝက်ကလေးရဲ့အလောင်းကို ဆက်လက်ကိုးကွယ်နေကြပါတယ်။ ဝက်ကလေးရဲ့ မွေးချင်းနံပတ် (၁၃)ဟာ နှစ်လုံးထီသမားတွေအတွက် မွေးဂဏန်းဖြစ်ခဲ့ကြောင်း ဝက်ပိုင်ရှင်ဖြစ်တဲ့ Kanchana Supanich (၄၆)က ဆိုပါတယ်။ ဝက်ကလေးနာမည်ကိုတော့ “ဖက်တီးလေး”လို့ နာမည်ပေးခဲ့ပါတယ်။

ဒါ့အပြင် နံပတ် (၂၈)ဂဏန်းကိုလည်း လူတွေက ကြိုက်ကြပါတယ်။ အကြောင်းကတော့ ဝက်ကလေးမှာ ခေါင်း(၂)လုံး၊ ခြေထောက်(၈)ချောင်း ဖြစ်လို့ တစ်ချို့က (၂+၈)ဆိုပြီး အတိတ်ကောက်ကြပါတယ်။ ဒီလိုပဲ နားရွက်(၃)ခုနဲ့ ခြေထောက် (၈)ချောင်းကလည်း (၃+၈)ဆိုပြီး ပေါ်ပြူလာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒေသခံတွေ ချဲထီတွေ ထိထိရောက်ရောက် ပေါက်ကုန်ကြသလားဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။

Zawgyi

လူေတြဟာ သူတို႔တစ္ေတြ အားကိုးအားထား ျပဳထိုက္တယ္လို႔ စိတ္ထဲမွာခံယူလိုက္တာနဲ႔ အဲဒီအရာကို ကိုးကြယ္ၾကေတာ့တာ ဟိုးေရွးယခင္ကတည္းက အ႐ိုးစြဲလာခဲ့တဲ့ အစဥ္အလာျဖစ္ပါတယ္။ ကမာၻဦးအစက ေနမင္း လမင္းေတြကို ကိုးကြယ္ၾကတယ္။ ေနာက္ေတာ့ ကံဆိုးကံေကာင္းကို စီမံတယ္ဆိုတဲ့ နတ္ေတြကို ကိုးကြယ္ၾကတယ္။ ေနာက္ ေနရာေဒသအလိုက္ မတူညီတဲ့ ကိုးကြယ္မႈေတြ ေပၚထြက္လာၾကပါတယ္။

ဒါေၾကာင့္ လူတစ္ေယာက္ ဘာကိုကိုးကြယ္တယ္ဆိုတာ သူ႔အျပစ္မဟုတ္ပါဘူး။ သူ ယုံၾကည္ရာကို ကိုးကြယ္ဆည္းကပ္မယ္ ပူေဇာ္ပသမယ္ဆိုတာ သူရဲ႕လုပ္ပိုင္ခြင့္နဲ႔ ယုံၾကည္ခ်က္ျဖစ္ေနလို႔ပါ။ ဒီလိုပဲ ကိုယ္ဘာကို ကိုးကြယ္တယ္ဆိုတာကိုလည္း သူမ်ားနဲ႔ စံထိုးစရာမလိုပါဘူး။ အေၾကာင္းကေတာ့ ကိုယ္ယုံၾကည္ရာအတိုင္း ကိုယ့္လြတ္လပ္ခြင့္နဲ႔ ကိုးကြယ္ယုံၾကည္ခြင့္ ရွိေနလို႔ ျဖစ္ပါတယ္။

အခုလည္း ထိုင္းမွာ ခ်ဲထီေပါက္ေစတယ္ဆိုၿပီး ေခါင္းႏွစ္လုံးပါ ဝက္ကေလးတစ္ေကာင္ကို ကိုးကြယ္ပူေဇာ္ ပသေနၾကပါတယ္။ အဆိုပါ ဝက္ကေလးက သူတို႔ကို ခ်ဲထီနဲ႔ပတ္သက္တဲ့ အတိတ္စိမ္းနဲ႔ ဂဏန္းေတြ ေပးတယ္လို႔ ေဒသခံေတြက ယူဆၾကၿပီး ဒီဝက္ကေလးကို ကိုးကြယ္ဆည္းကပ္ေနၾကတာပါ။

ဝက္ကေလးကလည္း သာမန္ဝက္ေတြနဲ႔မတူပါဘူး။ မ်ိဳးဗီဇခ်ိဳ႕ယြင္းတဲ့ လကၡဏာေၾကာင့္ ဦးေခါင္းႏွစ္လုံး၊ နား႐ြက္သုံးခုနဲ႔ ေျခလက္(၈)ေခ်ာင္း ပါရွိေနပါတယ္။ အဆိုပါဝက္ကေလးဟာ ဝက္ေမြးခ်င္း (၁၃)ေကာင္အနက္မွာ တစ္ေကာင္အပါဝင္ ျဖစ္ၿပီး ထိုင္းႏိုင္ငံ၊ ဥဒြန္သာနိစီရင္စုအတြင္းက ေက်း႐ြာငယ္ကေလးမွာ ေတာင္သူဦးႀကီးတစ္ဦးရဲ႕ ေမြးျမဴေရးၿခံမွာ ဧၿပီ(၂၇)ရက္က ေမြးဖြားလာတာ ျဖစ္ပါတယ္။

ေဒသခံ႐ြာသားေတြသာမက ႐ြာနီးခ်ဳပ္စပ္က ႐ြာသားေတြက ဒီေမြးကင္းစ ေျခ(၈)ေခ်ာင္းပါ ဝက္ကေလးဟာ သူတို႔တစ္ေတြရဲ႕ ကံေကာင္းမႈေတြအတြက္ ေမြးဖြားလာတာျဖစ္တယ္လို႔ ယုံၾကည္ၾကပါတယ္။ ဒါေၾကာင့္လည္း ေတာင္သူဦးႀကီးရဲ႕ ေနအိမ္မွာ အၿမဲလိုလိုသြားေရာက္စုေဝးကာ သူတို႔တစ္ေတြ ကံေကာင္းမႈေတြ ရေစဖို႔ ဆုမြန္ေကာင္းသြားေတာင္းၿပီး လာဘ္သပ္ပကာေတြနဲ႔ ပူေဇာ္ၾကပါတယ္။

ဒါေပမယ့္ ဝက္ကေလးက ေမြးေမြးခ်င္း အသက္မရွင္ခဲ့ပါဘူး။ သို႔ေသာ္ ႐ြာသားေတြကေတာ့ ဝက္ကေလးရဲ႕အေလာင္းကို ဆက္လက္ကိုးကြယ္ေနၾကပါတယ္။ ဝက္ကေလးရဲ႕ ေမြးခ်င္းနံပတ္ (၁၃)ဟာ ႏွစ္လုံးထီသမားေတြအတြက္ ေမြးဂဏန္းျဖစ္ခဲ့ေၾကာင္း ဝက္ပိုင္ရွင္ျဖစ္တဲ့ Kanchana Supanich (၄၆)က ဆိုပါတယ္။ ဝက္ကေလးနာမည္ကိုေတာ့ “ဖက္တီးေလး”လို႔ နာမည္ေပးခဲ့ပါတယ္။

ဒါ့အျပင္ နံပတ္ (၂၈)ဂဏန္းကိုလည္း လူေတြက ႀကိဳက္ၾကပါတယ္။ အေၾကာင္းကေတာ့ ဝက္ကေလးမွာ ေခါင္း(၂)လုံး၊ ေျခေထာက္(၈)ေခ်ာင္း ျဖစ္လို႔ တစ္ခ်ိဳ႕က (၂+၈)ဆိုၿပီး အတိတ္ေကာက္ၾကပါတယ္။ ဒီလိုပဲ နား႐ြက္(၃)ခုနဲ႔ ေျခေထာက္ (၈)ေခ်ာင္းကလည္း (၃+၈)ဆိုၿပီး ေပၚျပဴလာ ျဖစ္ခဲ့ေၾကာင္း သိရပါတယ္။ ေဒသခံေတြ ခ်ဲထီေတြ ထိထိေရာက္ေရာက္ ေပါက္ကုန္ၾကသလားဆိုတာကိုေတာ့ သတင္းမွာ ေဖာ္ျပမထားပါဘူး။