ၾကားသိရသမွ်

အကြမ်းဖက် စကစ ဟာလေယာဉ်ဆီ အခက်အခဲ ကြုံနေရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အသဲအသန် ကြိုးစားနေ

အကြမ်းဖက် စကစ ဟာ ပြည်တွင်းစစ်မှာ လေကြောင်းအင်အား အသာစီးရယူ တိုးမြင့်တိုက်ခိုက်နေတာ‌ကြောင့် လေယာဉ်ဆီ အခက်အခဲ ကြုံနေရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အသဲအသန် ကြိုးစားနေတာ တွေ့ရပါတယ်။

နိုင်ငံတကာက စကစ ကို စစ်လက်နက် တင်သွင်းဝယ်ယူခွင့် ပိတ်ပင်ထားတာကြောင့် စကစ ဟာ အရှေ့အလယ်ပိုင်းက အင်အားကြီး အီရန်နိုင်ငံနဲ့ စစ်ရေးအဆက်အသွယ် ရရှိဖို့ အလေးထား ချဉ်းကပ်လုပ်ဆောင်ခဲ့ပါတယ်။

စစ်လက်နက် နည်းပညာပိုင်း ဖွံ့ဖြိုးတဲ့ အီရန်ဟာ အမေရိကန်နဲ့ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့ထားမှုကြောင့် ဒေါ်လာငွေ လိုအပ်ချက် ရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်စစ်လက်နက် နဲ့ လေယာဉ်ဆီ အသဲအသန် လိုအပ်နေတဲ့ စကစ ဟာ ဒေါ်လာလိုနေတဲ့ အီရန်ကို ရွေးချယ် ချဉ်းကပ် ချိတ်ဆက်နိုင်ဖို့ ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ စကစ ဟာ အီရန်ကနေ လေယာဉ်ဆီ ဝယ်ယူခွင့် ရရှိထားပြီလို့ သိရှိရပါတယ်ကနဦးမှာ ကြားခံဝယ်ယူတင်သွင်းသူအဖြစ် သက်သက်ခိုင်(လူကယ်ပြန်) အမည်ခံနဲ့ ကုပ္မဏီမှတ်ပုံတင်ပြီး အရပ်ဘက် လေယာဉ်ပျံသန်းရေးအတွက် အကြောင်းပြ ဝယ်ယူခွင့် ရရှိဖို့ လုပ်ဆောင်ခဲ့ပါတယ်နောက်ပိုင်း သက်သက်ခိုင်ဟာ စီးပွားရေးပိတ်ဆို့ခံရတာကြောင့် CB ဘဏ် ဥက္ကဌ ခင်မောင်အေး ရဲ့ အမျိုးသမီး နာမည်ခံဖြင့် ဝယ်ယူတင်သွင်းခွင့် ချုပ်ဆိုခဲ့တယ်လို့ သိရှိရပါတယ်

CB ဘဏ် နဲ့ ခရိုနီ ခင်မောင်အေး ဟာ ပြည်သူကို နေ့စဉ်နဲ့အမျှ သတ်ဖြတ်နေတဲ့ အကြမ်းဖက်စကစ ကို လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ တိုးမြင့်လုပ်ဆောင်နိုင်ဖို့ အားပေး ပါဝင် ကူညီ လုပ်ဆောင်နေတာဟာ လူသတ်အားပေးလုပ်နေတာပဲ ဖြစ်ပါတယ်။ဒါ့အပြင် စကစ ဟာ ပြီးခဲ့တဲ့ လပိုင်းများအတွင်း အီရန်ကနေ မြေပြင်မှမြေပြင်ပစ်ဒုံးလက်နက်(SSM) တွေ

ဝယ်ယူခွင့် ရရှိခဲ့ ပါသေးတယ်အီရန်နိုင်ငံဟာ အဆင့်မြင့် မြေပြင်ပစ်ဒုံးလက်နက်တွေ ထုတ်လုပ်တဲ့ စစ်အင်အားကြီးနိုင်ငံလည်း ဖြစ်ပါတယ်မြေပြင်မှမြေပြင်ပစ်ဒုံးလက်နက် ဆိုတာ သမားရိုးကျစစ်တွေမှာ မြေပြင်တပ်ဖွဲ့တွေကို ကြီးကြီးမားမား ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ အဆင့်မြင့် ခေတ်မီ စစ်လက်နက်ကြီးတွေ ဖြစ်ပါတယ်။OurTomorrow news Copy crdမင်းညို

Credit

အၾကမ္းဖက္ စကစ ဟာ ျပည္တြင္းစစ္မွာ ေလေၾကာင္းအင္အား အသာစီးရယူ တိုးျမင့္တိုက္ခိုက္ေနတာ‌ေၾကာင့္ ေလယာဥ္ဆီ အခက္အခဲ ၾကဳံေနရတဲ့ ျပႆနာကို ေျဖရွင္းနိုင္ဖို႔ အသဲအသန္ ႀကိဳးစားေနတာ ေတြ႕ရပါတယ္။

နိုင္ငံတကာက စကစ ကို စစ္လက္နက္ တင္သြင္းဝယ္ယူခြင့္ ပိတ္ပင္ထားတာေၾကာင့္ စကစ ဟာ အေရွ႕အလယ္ပိုင္းက အင္အားႀကီး အီရန္နိုင္ငံနဲ႔ စစ္ေရးအဆက္အသြယ္ ရရွိဖို႔ အေလးထား ခ်ဥ္းကပ္လုပ္ေဆာင္ခဲ့ပါတယ္။

စစ္လက္နက္ နည္းပညာပိုင္း ဖြံ့ၿဖိဳးတဲ့ အီရန္ဟာ အေမရိကန္နဲ႔ နိုင္ငံတကာရဲ့ စီးပြားေရးပိတ္ဆို႔ထားမႈေၾကာင့္ ေဒၚလာေငြ လိုအပ္ခ်က္ ရွိေနတဲ့ နိုင္ငံျဖစ္ပါတယ္စစ္လက္နက္ နဲ႔ ေလယာဥ္ဆီ အသဲအသန္ လိုအပ္ေနတဲ့ စကစ ဟာ ေဒၚလာလိုေနတဲ့ အီရန္ကို ေရြးခ်ယ္ ခ်ဥ္းကပ္ ခ်ိတ္ဆက္နိုင္ဖို႔ ႀကိဳးပမ္းလာခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာ စကစ ဟာ အီရန္ကေန ေလယာဥ္ဆီ ဝယ္ယူခြင့္ ရရွိထားၿပီလို႔ သိရွိရပါတယ္ကနဦးမွာ ၾကားခံဝယ္ယူတင္သြင္းသူအျဖစ္ သက္သက္ခိုင္(လူကယ္ျပန္) အမည္ခံနဲ႔ ကုပၼဏီမွတ္ပုံတင္ၿပီး အရပ္ဘက္ ေလယာဥ္ပ်ံသန္းေရးအတြက္ အေၾကာင္းၿပ ဝယ္ယူခြင့္ ရရွိဖို႔ လုပ္ေဆာင္ခဲ့ပါတယ္ေနာက္ပိုင္း သက္သက္ခိုင္ဟာ စီးပြားေရးပိတ္ဆို႔ခံရတာေၾကာင့္ CB ဘဏ္ ဥကၠဌ ခင္ေမာင္ေအး ရဲ့ အမ်ိဳးသမီး နာမည္ခံျဖင့္ ဝယ္ယူတင္သြင္းခြင့္ ခ်ဳပ္ဆိုခဲ့တယ္လို႔ သိရွိရပါတယ္

CB ဘဏ္ နဲ႔ ခရိုနီ ခင္ေမာင္ေအး ဟာ ျပည္သူကို ေန႔စဥ္နဲ႔အမၽွ သတ္ျဖတ္ေနတဲ့ အၾကမ္းဖက္စကစ ကို ေလေၾကာင္းတိုက္ခိုက္မႈေတြ၊ စစ္ရာဇဝတ္မႈေတြ တိုးျမင့္လုပ္ေဆာင္နိုင္ဖို႔ အားေပး ပါဝင္ ကူညီ လုပ္ေဆာင္ေနတာဟာ လူသတ္အားေပးလုပ္ေနတာပဲ ျဖစ္ပါတယ္။ဒါ့အျပင္ စကစ ဟာ ၿပီးခဲ့တဲ့ လပိုင္းမ်ားအတြင္း အီရန္ကေန ေျမျပင္မွေျမျပင္ပစ္ဒုံးလက္နက္(SSM) ေတြ

ဝယ္ယူခြင့္ ရရွိခဲ့ ပါေသးတယ္အီရန္နိုင္ငံဟာ အဆင့္ျမင့္ ေျမျပင္ပစ္ဒုံးလက္နက္ေတြ ထုတ္လုပ္တဲ့ စစ္အင္အားႀကီးနိုင္ငံလည္း ျဖစ္ပါတယ္ေျမျပင္မွေျမျပင္ပစ္ဒုံးလက္နက္ ဆိုတာ သမားရိုးက်စစ္ေတြမွာ ေျမျပင္တပ္ဖြဲ႕ေတြကို ႀကီးႀကီးမားမား ၿခိမ္းေျခာက္နိုင္စြမ္းရွိတဲ့ အဆင့္ျမင့္ ေခတ္မီ စစ္လက္နက္ႀကီးေတြ ျဖစ္ပါတယ္။OurTomorrow news Copy crdမင္းညိဳ

Credit