ၾကားသိရသမွ်

စစ္​ေဘး​ေရွာင္ အဘြားအိုႏွစ္ဦး အ​ေအးဒဏ္​ေၾကာင့္ ဆုံးပါး

ႏွမ္းခါး႐ြာမွ စစ္​ေဘး​ေရွာင္ အဘြားအိုႏွစ္ဦး အ​ေအးဒဏ္​ေၾကာင့္ ဆုံးပါး

People’s Spring

စစ္ေဘးေရွာင္ေနရေသာ ဂန္႔ေဂါၿမိဳ႕နယ္ ႏွမ္းခါး႐ြာမွ အဘြားအိုႏွစ္ဦး အေအးဒဏ္ေၾကာင့္ ေသဆုံးသြားေၾကာင္း ႏွမ္းခါး႐ြာ​ေဒသခံမ်ားက လူထုေႏြဦးသို႔ ေျပာသည္။

“ဒီေန႔ မနက္ပိုင္းပဲ ေရွ႕ဆင့္၊ေနာက္ဆင့္ ဆုံးပါးသြားၾကတာ။အသက္ အ႐ြယ္အရ (၇၀) ေက်ာ္ (၈၀)ေတြ ပါ။ေနရတဲ့ ေနရာမွာ ေဆးဝါးကအစ အဆင္မေျပၾကဘူးေလ”ဟု စစ္ေဘးေရွာင္ေနရသည့္ ႏွမ္းခါး႐ြာခံတစ္ဦးက ရွင္းျပသည္။

ထို႔အျပင္ စစ္ေဘးေရွာင္ ျပည္သူမ်ားအတြက္ စုေဆာင္ထားေသာ ဆန္အိတ္၅၀၊ဆီပိႆာ၅၀၊ေဆးဝါး၊အဝတ္ အထည္ႏွင့္ၿခဳံေစာင္မ်ားကို အၾကမ္းဖက္စစ္ ေကာင္စီက ဒီဇင္ဘာ ၁၉ ရက္တြင္ မီးရႈိဖ်က္ဆီးခဲ့ေၾကာင္းလည္း သိရသည္။

“အဝတ္အထည္ ၿခဳံေစာင္ နဲ႔ ေဆးဝါးေတြကို လႉေပးဖို႔ ေမတၱာရပ္ခံပါတယ္”ဟု ႏွမ္းခါး႐ြာျပန္လည္ထူေထာင္ေရး အဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

ဒီဇင္ဘာ ၁၇ ရက္ ေန႔လည္ ၁ နာရီခြဲခန္႔က တိုက္ခိုက္ေရးသုံး ရဟတ္ယာဥ္သုံးစီးျဖင့္ လက္နက္ႀကီး အခ်က္ ၂၀ ေက်ာ္ ႏွင့္ စက္လက္နက္ အခ်က္ရာႏွင့္ခ်ီ၍ ႏွမ္းခါးေက်း႐ြာသို႔ ပစ္ခတ္ခဲ့သည္။

ထို႔ေၾကာင့္ ေဒသခံျပည္သူ ၄,၀၀၀ ေက်ာ္မွာ စစ္ေဘးတိမ္ေရွာင္ေနရဆဲ ျဖစ္သည္။အၾကမ္းဖက္စစ္တပ္၏ ေလယာဥ္သုံးပစ္ခတ္မႈေၾကာင့္ ႏွမ္းခါးေက်း႐ြာ၌ ေဒသခံ ျပည္သူ ၁၁ ဦး ႏွင့္ ရဲေဘာ္ ရွစ္ဦး က်ဆုံးခဲ့ရသည္။

နှမ်းခါးရွာမှ စစ်ဘေးရှောင် အဘွားအိုနှစ်ဦး အအေးဒဏ်ကြောင့် ဆုံးပါး

People’s Spring

စစ်ဘေးရှောင်နေရသော ဂန့်ဂေါမြို့နယ် နှမ်းခါးရွာမှ အဘွားအိုနှစ်ဦး အအေးဒဏ်ကြောင့် သေဆုံးသွားကြောင်း နှမ်းခါးရွာဒေသခံများက လူထုနွေဦးသို့ ပြောသည်။

“ဒီနေ့ မနက်ပိုင်းပဲ ရှေ့ဆင့်၊နောက်ဆင့် ဆုံးပါးသွားကြတာ။အသက် အရွယ်အရ (၇၀) ကျော် (၈၀)တွေ ပါ။နေရတဲ့ နေရာမှာ ဆေးဝါးကအစ အဆင်မပြေကြဘူးလေ”ဟု စစ်ဘေးရှောင်နေရသည့် နှမ်းခါးရွာခံတစ်ဦးက ရှင်းပြသည်။

ထို့အပြင် စစ်ဘေးရှောင် ပြည်သူများအတွက် စုဆောင်ထားသော ဆန်အိတ်၅၀၊ဆီပိဿာ၅၀၊ဆေးဝါး၊အဝတ် အထည်နှင့်ခြုံစောင်များကို အကြမ်းဖက်စစ် ကောင်စီက ဒီဇင်ဘာ ၁၉ ရက်တွင် မီးရှိုဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

“အဝတ်အထည် ခြုံစောင် နဲ့ ဆေးဝါးတွေကို လှူပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု နှမ်းခါးရွာပြန်လည်ထူထောင်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၇ ရက် နေ့လည် ၁ နာရီခွဲခန့်က တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်သုံးစီးဖြင့် လက်နက်ကြီး အချက် ၂၀ ကျော် နှင့် စက်လက်နက် အချက်ရာနှင့်ချီ၍ နှမ်းခါးကျေးရွာသို့ ပစ်ခတ်ခဲ့သည်။

ထို့ကြောင့် ဒေသခံပြည်သူ ၄,၀၀၀ ကျော်မှာ စစ်ဘေးတိမ်ရှောင်နေရဆဲ ဖြစ်သည်။အကြမ်းဖက်စစ်တပ်၏ လေယာဉ်သုံးပစ်ခတ်မှုကြောင့် နှမ်းခါးကျေးရွာ၌ ဒေသခံ ပြည်သူ ၁၁ ဦး နှင့် ရဲဘော် ရှစ်ဦး ကျဆုံးခဲ့ရသည်။