တရားမဝင် စလောင်းများနှင့်ပတ်သတ်၍ ထပ်မံသတိပေး ကြေငြာချက်
တရားမဝင် စလောင်းများကို ရက် (၃၀) အတွင်းလာ မအပ်ပါက ဥပဒေ အရအရေးယူ ခံရမည်ဟု ထပ်မံကြေငြာ
တရားမဝင် စလောင်းများကို ရက် (၃၀) အတွင်းလာ မအပ်ပါက ဥပဒေ အရအရေးယူ ခံရမည်ဟု
ထပ်မံကြေငြာမင်္ဂလာပါ စာဖတ် ပရိတ်သတ် ကြီးတို့ရေ ဂြိုဟ် တု၊ ရုပ်မြင်သံကြား
ဖမ်းစက်တွေ ကို တပ်ဆင်အသုံးပြု ဖမ်းယူ ကြည့်ရှုပါက ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ အရထောင်ဒဏ် (၁) နှစ်၊
ဒဏ်ငွေ (၅) သိန်း အရေးယူ ခံရနိုင်တယ်လို့ ကြိုတင် အသိ ပေးကြောင်း စစ်ကောင်စီရဲ့ ပြန်ကြား ရေးက
မေ လ (၄) ရက် မှာ ကြေ ညာ ထားပါ တယ် ။ DVB Mizzima စတဲ့
သတင်းဌာန တွေက ဂြိုဟ်တု စလောင်းတွေ ကနေမှ တဆင့် စ စ် ကော င် စီအဖွဲ့ရဲ့ ပြည်သူ
လူထုအပေါ် ဖိနှိပ်မှုတွေ၊ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှု တွေကို
ထု တ် လွှင့်ပြသပေး နေတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသား ညီညွတ်ရေး အ စိုးရ (NUG) ကလည်း အစိုးရရဲ့ လုပ်ဆောင် ချက်တွေကို
ဂြိုဟ် တု စလောင်းတွေ ကနေမှ တဆင့် ထုတ်လွှင့်နေ တာ ဖြစ်ပါတယ်။ ရုပ်မြင်သံကြား
ဖမ်းစက်တွေဖြုတ်သိမ်းဖို့ ရန်ကုန်အပြင် မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းတွေရှိ မြို့ရွာအနှံ့ လိုက်လံ
ဖြုတ်သိမ်း ခို င် းတာတွေ ကျေးရွာတွေမှာ ဂြိုဟ်တု စလောင်းတွေကို အဓမ္မ ဖြုတ်ချ တာတွေလဲ ရှိခဲ့ပါတယ်။
ယခု အခါမှာ လည်း တရားဝင် ခွင့်ပြုချက် မရှိပဲ ဂြိုဟ်တု ရုပ်မြင်သံကြား ဖမ်းစက်များ လက်ဝယ် ထားရှိပါက
ရက် (၃၀) အတွင်း အပ်နှံရမှာဖြစ်ပြီး မအပ်နှံပါက ဥပဒေ အ ရ အရေးယူ ခံရမည် ဖြစ်ကြောင်း
ပို့ဆောင် ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီး ဌာနက ထုတ်ပြန် လိုက်ပါတယ်။
ဂြိုဟ်တု ရုပ်မြ င်သံကြား ဖမ်းစက်များ ပြည်ပမှ တင်သွင်းခြင်း လက်ဝယ် ထားရှိခြင်း၊ အသုံးပြုခြင်း၊လွှဲပြောင်းခြင်း၊
ရောင်းချခြင်း၊ လိုင်စင် ထုတ်ပေးခြင်း၊လိုင် စင်ခနဲ့ လိုင်စင် စည်းကမ်းချက် များနဲ့ ပတ်သက်ပြီး အခါ
အားလျော်စွာ ထုတ်ပြန် ထားတဲ့ အမိန့်ညွှန်ကြား ချက် များနဲ့ညီ လိုက်နာဆောင် ရွက်ရမှာ ဖြစ်ကြောင်း
ယခုအခါ လိုင်စင် ကိစ္စများ ရပ် ဆိုင်းပြီးဖြစ်လို့ လက်ရှိ အသုံးပြုနေတဲ့ ဂြိုဟ်တု ရုပ်မြင်သံကြား ဖမ်းစက် များ
အနက် ပြန်ကြား ရေး ဝန်ကြီးဌာနက တရားဝင် ခွင့်ပြုထားတဲ့ အဖွဲ့အစည်းများရဲ့ ဂြိုဟ်တု ရုပ်မြင်သံကြား
ဖမ်းစက်များမှ လွဲပြီး မှတ်ပုံတင် ထားခြင်း၊ လိုင်စင် ရ ယူ ထားခြင်း မရှိ ပါက လက်ဝယ် ထားရှိ ခွင့် မရှိ တဲ့
ဂြိုဟ်တု ရုပ်မြင်သံကြား ဖမ်းစက်များ ဖြစ်တယ်လို့ မေလ (၁၈) ရက်နေ့ထုတ် မြန်မာ့ အလင်း
သ တင်းစာမှာ ဖော်ပြထားတဲ့ ထုတ်ပြန်ချက်မှာ တွေ့ရှိရပါတယ်။အဆိုပါ တရားမဝင် ဂြိုဟ်တု
ရုပ် မြ င်သံကြား ဖမ်းစက် များ လက် ဝယ် ရှိနေ သူများအ နေနဲ့ ညွှန် ကြားချက် ထုတ်ပြန်တဲ့
နေ့မှ ရက် ပေါင်း (၃၀) အတွင်း သက် ဆိုင်ရာ မြို့နယ် (သို့မ ဟုတ်)
ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာသို့ အပ်နှံရမှာ ဖြစ်ကြောင်း ပျက်ကွက်ပါက ရုပ်မြင်သံကြားနဲ့
ဗီဒီယို ဥပဒေ ပုဒ် မ (၃၆) အ ရ အရေး ယူခြင်းခံရ မှာဖြစ်ကြောင်း လက်ရှိ
ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန် ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း
လက်မှတ် နဲ့မေ လ (၁၄)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ထားတာ ဖြစ် ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက စတင်ပြီး စစ်ကို င်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း မွန်ပြည် နယ်
အစရှိတဲ့ တိုင်းနဲ့ ပြည်နယ် တချို့မှာ PSI ဂြိုဟ်တု ရုပ်မြင်သံကြား ဖမ်းစက်
စလောင်းတွေကို တရားမဝင် ဟုဆိုကာ ဖြုတ်သိမ်း ခိုင်းခဲ့ပါ သေးတယ်။ PSI စလောင်းတွေနဲ့
ရုပ်မြင်းသံကြား ဖမ်း ယူကြည့်ရှုရာမှာ DVB နဲ့ Mizzima သတင်းဌာနမှ သတင်းများ
ပါရှိနေတဲ့အတွက် အခုလိုဖြုတ်သိမ်း အရေးယူမှု ပြုလုပ်နေခြင်း ဖြစ်တယ် လို့ပြောဆိုမှု များလည်း ရှိနေပါ တယ်။
DVB နဲ့ Mizzima သတင်းဌာန အပါအဝင် သတင်းဌာန(၅)ခုဟာ ဖေဖောဝါရီလ (၁)ရက် တပ်မတော်ကနိုင်ငံ့
အာဏာကို အတင်းရယူ လွှဲပြောင်း ထိန်းသိ မ်းချိန် ကတည်းက ထုတ်လုပ်ခွင့် လိုင်စင်ပိတ်သိ မ်းခံထားရတာ
ပဲဖြစ်ပါ တယ်နော်။ မြန်မာ ပြည်ကြီး အမြန်ဆုံး အေးချမ်း ပါစေလို့ ဆု တောင်းရင်း ပရိသတ်ကြီး တို့လည်း
ဘေးအန္တရာယ် က င်းကြ ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက် ရပါတယ်နော်။