ၾကားသိရသမွ်

တစ်ရက်ကို လေးနာရီခြားတစ်ခါသာ မီးလာတော့မယ် ရန်ကုန်

တစ်ရက်ကို လေးနာရီခြားတစ်ခါသာ မီးလာတော့မယ် ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လေးခုမှာ တစ်ရက်ကို လေးနာရီခြားတစ်ခါသာ အချိန်အပိုင်းအလိုက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမယ့် ဇယားကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်ပါတယ်။

မနေ့က မတ်လ(၁၈)ရက်နေ့ကစပြီး လကုန်အထိ အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်းအုပ်စုနဲ့ မြောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်အုပ်စုဆိုပြီး အုပ်စုနှစ်ခုခွဲကာ အုပ်စုအလိုက် မြို့နယ်တွေကို လေးနာရီခြားတစ်ခါ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီး ပေးသွားတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။

ရန်ကုန်အရှေ့ပိုင်းခရိုင်နဲ့ အနောက်ပိုင်းခရိုင်အုပ်စုရှိ မြို့နယ်တွေမှာ ည(၉)နာရီကနေ မနက်(၅)နာရီအထိ ညဘက်တွေမှာတော့ မီးပျက်မှာမဟုတ်ကြောင်း ဇယားမှာ ဖော်ပြထားပြီး မနက်(၅)နာရီကနေ ည(၉)နာရီအထိကိုတော့ လေးနာရီခြားတစ်ခါ မီးပျက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်အုပ်စုက မြို့နယ်တွေမှာတော့ မနက်(၅)နာရီကစပြီး (၂၄)နာရီအတွင်းကို လေးနာရီခြားတစ်ခါ မီးပျက်မှာဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

စက်မှုဇုန်တွေကိုတော့ မနက်(၉)နာရီကနေ ညနေ(၅)နာရီအထိသာ ဓာတ်အားပေးမယ်လို့ ဖော်ပြထားပါတယ်။

တစ္ရက္ကို ေလးနာရီျခားတစ္ခါသာ မီးလာေတာ့မယ္ ရန္ကုန္

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ခ႐ိုင္ေလးခုမွာ တစ္ရက္ကို ေလးနာရီျခားတစ္ခါသာ အခ်ိန္အပိုင္းအလိုက္ လွ်ပ္စစ္ဓာတ္အား ျဖန္႔ျဖဴးေပးမယ့္ ဇယားကို ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္းက ထုတ္ျပန္လိုက္ပါတယ္။

မေန႔က မတ္လ(၁၈)ရက္ေန႔ကစၿပီး လကုန္အထိ အေရွ႕ပိုင္းခ႐ိုင္၊ အေနာက္ပိုင္းခ႐ိုင္းအုပ္စုနဲ႔ ေျမာက္ပိုင္းခ႐ိုင္၊ ေတာင္ပိုင္းခ႐ိုင္အုပ္စုဆိုၿပီး အုပ္စုႏွစ္ခုခြဲကာ အုပ္စုအလိုက္ ၿမိဳ႕နယ္ေတြကို ေလးနာရီျခားတစ္ခါ အလွည့္က်စနစ္နဲ႔ လွ်ပ္စစ္မီး ေပးသြားေတာ့မွာျဖစ္တယ္လို႔ သိရွိရပါတယ္။

ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္နဲ႔ အေနာက္ပိုင္းခ႐ိုင္အုပ္စုရွိ ၿမိဳ႕နယ္ေတြမွာ ည(၉)နာရီကေန မနက္(၅)နာရီအထိ ညဘက္ေတြမွာေတာ့ မီးပ်က္မွာမဟုတ္ေၾကာင္း ဇယားမွာ ေဖာ္ျပထားၿပီး မနက္(၅)နာရီကေန ည(၉)နာရီအထိကိုေတာ့ ေလးနာရီျခားတစ္ခါ မီးပ်က္မယ္လို႔ ထုတ္ျပန္ထားပါတယ္။

ေျမာက္ပိုင္းခ႐ိုင္၊ ေတာင္ပိုင္းခ႐ိုင္အုပ္စုက ၿမိဳ႕နယ္ေတြမွာေတာ့ မနက္(၅)နာရီကစၿပီး (၂၄)နာရီအတြင္းကို ေလးနာရီျခားတစ္ခါ မီးပ်က္မွာျဖစ္တယ္လို႔ ေဖာ္ျပပါရွိပါတယ္။

စက္မႈဇုန္ေတြကိုေတာ့ မနက္(၉)နာရီကေန ညေန(၅)နာရီအထိသာ ဓာတ္အားေပးမယ္လို႔ ေဖာ္ျပထားပါတယ္။