ၾကားသိရသမွ်

“I Phone ရဲ့ ပြိုင်ဖက် ဖြစ်လာမယ့် Elon Musk ရဲ့ Pi phone ( ပိုင်ဖုန်း)”

စမတ်ဖုန်းလောကထဲမှာ iphone ဟာ ဆရာကြီးပါ။ iphone ရဲ့ပြိုင်ဖက်ဆိုလို့ ဆမ်ဆောင်း တစ်ခုလောက်ပဲ ရှိခဲ့တယ်။ iphone မော်ဒလ် အသစ်ထွက်လာတိုင်း လူကြိုက်များတဲ့ အသုံးအဆောင်ပစ္စည်း တစ်ခုလည်း ဖြစ်ပါတယ်။ Apple ကုမ္ပဏီဟာ အခြား လျှပ်စစ်ပစ္စည်းတွေထက် iphone အပေါ်မှာ မသိ မသာ မှီခိုနေတာကို တွေ့ရပါတယ်။

လတ်တလော မှာတော့ iphone ကိုစိန်ခေါ်မယ့် စမတ်ဖုန်း တစ်မျိုး ထွက်ရှိလာတော့မယ်လို့ နာမည်ထွက်နေပါတယ်။

အဲဒီစမတ်ဖုန်းကတော့ Pi Phone လို့ခေါ်ပြီး Pi Phone ( ပိုင်ဖုန်း) ကို ကမ္ဘာကျော်သန်းကြွယ်သူဌေးကြီး Elon Musk ပိုင်ဆိုင်တဲ့ Tesla လျှပ်စစ်ကား ကုမ္ပဏီကနေ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Tesla ကုမ္ပဏီက သူတို့ထုတ်လုပ် မယ့် စမတ်ဖုန်း မော်ဒယ်ကို Pi လို့ခေါ်ဆိုပြီး လူတွေအားလုံး ကတော့ Pi Phone လို့ ခေါ်ဆိုနေကြပါတယ်။ ဒီဖုန်းဟာ Apple က ထုတ်လုပ်ထားတဲ့ နာမည်ကျော် iphone အပါအဝင် ဈေးကွက်ထဲက တခြား ဖုန်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Apple ကုမ္ပဏီဟာ မနှစ်က တစ်နှစ်ထဲမှာ Cupertino အခြေစိုက် Apple ကုမ္ပဏီကနေ ဖုန်းအလုံးရေ သန်း 200 နီးပါး ရောင်းချနိုင်ခဲ့ပါတယ်။ Apple ကုမ္ပဏီဟာ ဖုန်းအများအပြားကို ရောင်းချနိုင်တဲ့အတွက်ကြောင့် သူ့ရဲ့ ထုတ် ကုန်ပစ္စည်းတွေထဲမှာ iphone ဟာ အခြားပစ္စည်းတွေထက် ပိုမိုရောင်းချနိုင်တဲ့ ပစ္စည်း ဖြစ်ခဲ့ပြီး ကမ္ဘာ့စမတ်ဖုန်းလောကကိုလည်း ထိမ်းချုပ်နိုင်ခဲ့တယ် လို့ဆိုပါတယ်။

အခုအချိန်မှာတော့ Apple ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ စွမ်းအားနဲ့ ကျောထောက် နောက်ခံ ပြုထားတဲ့ ပြိုင်ဖက် အသစ်တစ်ဦးကို ကြိုဆိုတော့မှာ ဖြစ်ပါတယ်။ Tesla ကုမ္ပဏီကလည်း သူ့ကုမ္ပဏီက ထုတ်လုပ် လိုက်တဲ့ ထုတ်ကုန်အသစ်တိုင်းဟာ အောင်မြင်မှု မှတ်တမ်းတွေရှိခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒီလိုအောင်မြင် နေတာဟာ ကုမ္ပဏီရဲ့ CEO Elon Musk ကြောင့် ဆိုပြီးတော့လည်း ပြောဆိုနေကြပါတယ်။

Teslaကုမ္ပဏီ ဟာ လျှပ် စစ် ကားတွေကို ထုတ်လုပ်ရောင်းချနေတဲ့ နာမည်ကြီး ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။

အားလုံးသိထားတဲ့အတိုင်း Elon Musk ဟာ Tesla လျှပ်စစ်ကားကုမ္ပဏီအပြင် Space X လို့ခေါ်တဲ့ အာကာ သနည်းပညာဆိုင်ရာ ကုမ္ပဏီကို ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။ SpaceX ကုမ္ပဏီကလည်း အမြန်နှုန်းမြင့် ဂြိုလ်တုတွေကို လွှတ်တင်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ SpaceX ကုမ္ပဏီက လွှတ်တင်လိုက်တဲ့ ဂြိုလ်တု တွေကို အသုံးပြုပြီး NASA က အာကာသယာဉ်မှူးတွေကို အာကာသထဲ ပို့ဆောင်ပေးတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်လျှက် ရှိပါတယ်။

Tesla ကုမ္ပဏီက ထုတ်လုပ်မယ့် မော်ဒယ် Pi နဲ့ iphone တို့ကို နှိုင်းယှဉ်ခြင်း မပြုမီ Tesla ထုတ်ကုန်တွေနဲ့ တွဲဖက်ပြီး အသုံးပြုဖို့အတွက် Pi ဖုန်းကို အသုံးပြုလိုတဲ့ Tesla ပရိသတ် သန်းပေါင်း များစွာ ရှိနေပါတယ်။

Tesla စမတ်ဖုန်းရဲ့ ဒီဇိုင်းကို ရေးဆွဲတဲ့သူက Apple ထုတ်ကုန်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ အယူအဆ နဲ့ ဒီဇိုင်းတွေကို ရေးဆွဲပေးတဲ့ Antonio De Rosa ဆိုသူပဲ ဖြစ်ပါတယ်။ Antonio De Rosa က Tesla, Starlink နဲ့ SpaceX တို့ကို ဂုဏ်ပြုတဲ့အနေနဲ့ Pi ဖုန်းဒီဇိုင်းကို ရေးဆွဲပေးတာလို့ ဆိုပါတယ်။ Tesla Model Pi ဟာ iPhone 12 နဲ့ ပုံစံအားဖြင့် တူညီနေတယ်လို့ စျေးကွက် သုတေသီတွေက ဆိုနေကြပါတယ်။

Tesla Model Pi စမတ်ဖုန်းမှာ ကင်မရာလေးလုံး ပါရှိနေမှာဖြစ်ပြီး ဖုန်းရဲ့ ဘေးနှစ်ဖက်ကို ငွေရောင်နဲ့ ပတ် ထားတယ်။ နောက်ပြီး Pi ဖုန်းမှာ နေရောင်ခြည်သုံး အားသွင်း စနစ်နဲ့ ဖုန်းဘော်ဒီဟာ နေရောင်ခြည် ကို လိုက်ပြီး အရောင်အမျိုးမျိုး ပြောင်းလဲပေးနိုင်တဲ့ photochromic coating ကို အသုံးပြုထားတယ်လို ဆို ပါ တယ်။

iphone 13 pro ရဲ့ကျောဘက်မှာ မှန်ဘီလူးသုံးလုံးပါရှိနေပြီး Tesla Model Pi ဖုန်းမှာ မှန်ဘီလူး လေးလုံး ပါရှိ ပါလိမ့်မယ်။

iphone မှာပါရှိနေတဲ့ Wide မှန်ဘီလူးတေွကြောင့် ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူး နိုင်တယ်လို့ ဆိုပေမယ့် မော်ဒယ် Pi ဖုန်းဟာ iphone 13 pro ထက် ပိုမိုလုပ်ဆောင်နိုင်မယ်လို့လည်း ဆိုပါ တယ်။

ဥပမာ သင်သည် pi ဖုန်းကို အသုံးပြုပြီး ညအချိန်မှာ အလင်းအမှောင်ကို အချိန်ကြာစွာညှိပေးနေစရာမလိုပဲ ကြယ်ရောင်စုံနေတဲ့ ကောင်းကင်ယံမှ အရည်အသွေးမြင့် ရုပ်ထွက်ဓာတ်ပုံများကို ရိုက်ယူနိုင်ပါတယ်။ ဗီဒီယို ကိုအရှေ့မှ ရိုက်ကူးနေချိန်တွင် ဓာတ်ပုံရိုက်ရန် အခြားမှန်ဘီလူး တစ်ခုကိုလည်း ထည့်သွင်း ပေးထားပါ တယ်။

Tesla Model Pi စမတ်ဖုန်းမှာ အောက်ပါအတိုင်း Tesla ရဲ့ ခေတ်မီနည်းပညာတွေကို ထည့်သွင်းပြီး တီထွင် တားတာ ဖြစ်တယ်လို့ စမတ်ဖုန်း ဖန်တီးတဲ့ ပညာရှင်တွေက ဆိုပါတယ်။

Tesla Model Pi ဖုန်းကို Starlink ဂြိုလ်တုနဲ့ ချိတ်ဆက်ပေးထာပြီး အင်တာနက်ကို အသုံးပြုနိုင်မယ် လို့ ဆိုပါတယ်။ ဒေတာဒေါင်းလုဒ်အပ်လုဒ်အမြန်နှုန်းဟာ တစ်စက္ကန့်လျှင် 210 megabits အထိ ရှိလာမည်လို့ Tesla စမတ်ဖုန်းကို ဖန်တီးတဲ့ ပညာရှင်တွေက ဆိုပါတယ်။ Starlink ချိတ်ဆက်မှုကြောင့် ဖုန်းကို Mars (အဂ်ါဂြိုလ်) ပေါ်မှာ အသုံးပြုနိုင်ပြီး ကမ္ဘာမြေပြင်နဲ့လည်း ချိတ်ဆက်မှုတွေ ပြုလုပ်လာနိုင်တော့ မယ်လို့ လည်း ဆိုပါတယ်။

Tesla Model Pi ဖုန်းမှာ Elon musk ရဲ့ Neuralink က Oron နည်းပညာတွေကို ထည့်သွင်းထားပြီး လူ့ဦး နှောက်နဲ့ ချိတ်ဆက်ပေးထားတယ်။ ဉီးနှောက်က အချက်အလက်တွေကို ဖတ်ပေးခြင်း ပံ့ပိုးပေးခြင်း စတာတွေကို လုပ်ဆောင်နိုင်မယ်လို့ဆိုပါတယ်။ ဉပမာ စကားအထစ်အငေါ့ရှိသူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ အခြား ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ပြဿနာ ခံစားနေရတဲ့ လူတွေအတွက် နည်းပညာ တွေက ကူညီပေးပြီး လူ့ဦးနှောက်မှ အတွေးအမြင်တွေကို စကားလုံးများ အဖြစ်ပြောင်းလဲကာ ဖော်ပြ ပေးနိုင်အောင် လုပ်ဆောင်ထားတယ်။ ဖုန်းအသုံးပြုနေရင်းနဲ့ Youtube ထဲ ဝင်ချင်တယ်လို့ စိတ်ကူး လိုက် တာနဲ့ ဘာ ခလုပ်နှိပ်စရာမလိုပဲ ဖုန်းက အလိုအလျှောက် Youtube ကိုဖွင့် ပေးတဲ့ပုံစံမျိုး ဖြစ်တယ်။


Tesla Model Pi စမတ်ဖုန်းကိုအခြား Tesla စက်ပစ္စည်းနဲ့တွဲဖက်ပြီး အသုံး ပြုနိုင်တယ်လို့လည်းဆိုပါတယ်။ Tesla ချစ်သူများကတော့ လျှပ်စစ်ကားကို အရင်မဝယ်ဘဲနဲ့ စမတ်ဖုန်းကိုဝယ်လို့ရမလား၊ Starlink အသုံးပြု တဲ့အတွက် အတွက် လစဉ်ကြေးက ဘယ်လောက်လဲ ဆိုတဲ့ မေးခွန်းပေါင်းများစွာ ကလည်း စိတ်ဝင်စားစရာ ဖြစ်လို့နေပါတယ်။

Elon Musk ထုတ်လုပ်မယ့် Tesla Model Pi ဖုန်းကြောင့် စမတ်ဖုန်းစျေးကွက်ကို အပြောင်းအလဲတွေ ဖြစ်လာ လိမ့်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။ Tesla Model Pi ဖုန်းကြောင့် ပြိုင်ဘက် စမတ်ဖုန်းတွေ ရဲ့ ရောင်း အားတွေ ဆိုးရွားစွာ ကျဆင်းသွားလိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ Tesla ကုမ္ပဏီ ကသူတို့ရဲ့ Pi ဖုန်း ထွက်ရှိမယ့် ရက်စွဲကိုတော့ လျှို့ဝှက်ထားပါတယ်။

Photo: Social Media

credit

ဆြာဟန်စိုး post မှကူးယူဖော်ပြပါသည်။