ဓာတ်ပုံ – ကိုဆော် (ပုဂံ)
Unicode Version
ရိုင်း ပင်ကူညီစိတ်ဓာတ်ရှိသောရေစကြို မြို့ မှ ညီအစ်မ နှစ်ယောက် နှင့်စက်ဆရာ ကိုရန်လင်းအောင် တို့၏မွန်မြတ်သောစေတနာအားမှတ်တမ်းတင်းဂုဏ်ပြုအပ်ပါသည်။ ?
မုံရွာမြို့ မှ ပုဂံ သို့ ပြန်လာစဉ် ရေစကြိုမြို့ အဝင် အနီးအရောက်တွင် ကားစီယာတိုင်မှာ ဘယ် -ညာ ရမ်းနေသဖြင့် ကားအားခဏရပ်ပြီး အောက်သို့ဆင်းကြည့်ရာ – တော့ရှင်း – ကျိုးနေသည်ကိုတွေ့ရှိရသဖြင့်
မည်သို့ဆက်လုပ်ရမည်ကိုစဉ်စာနေစဉ်အတွင် (အမည်မသိ) အမျိုးသမီးညီအစ်အမဟုသိရ – ထိုအမျိုးသမီး ညီအစ်မနှစ်ယောက်မှရောက်ရှိလာ၍အကို ကားကဘာဖြစ်လို့လဲ ဘာအကူညီပေးရမလဲဟု မေးမြန်ရာ
– ကျွန်တော်မှထိုအမျိုးသမီးအား အကျိုးကြောင်းပြောရာ-အမျိုးသမီး နှစ်ဦး မှ ဒါဆို ကျွန်မတို့ကားဝပ်ရှော့ဆရာ သွားခေါ်ပေးပါမည်…
ခဏစောင့်ပါဟုပြောဆို၍ဆိုင်ကယ်ဖြင့်ထွက်သွားရာ – များမကြာမှီ ဝပ်ရှော့ဆရာပါရှိလာပြီး ကားအောက်ပိုင်းသိုဝင်ကြည့်ရာ စက်ဆရာမှ အဆင်ပြေပါတယ် အမြန်ဆုံးလုပ်ပေးပါမည်ဟုပြောဆိုနေစဉ်အတွင်း
ကျိုးနေသော#တော့ရှင်း#အားဝင်ဖြုတ်ပြီး ခဏစောင့်ပေးပါ ဂဟေ သွားဆော် လိုက်ပါအုံးမည်ဟု စက်ဆရာမှ ထွက်သွားပြီး အချိန်မကြားခင် ကျိုးနေသောပစ္စည်းအားဂဟေ ဆော်ပြီးပြန်လာတတ်ပေးခဲ့ပါသည်…
အားလုံးပြီးသည့်နှင့် အကိုစက်ဆရာဘယ်လောက်ကြပါသလဲဟုမေးမြန်ရာထိုစက်ဆရာမှ – ကျွန်တော်တို့က ခရီးသွားဧည့်ကားများအား လိုက်ပါကူညီပေးလျှက်ရှိပါသည် –
ဤမြို့နယ်အနီးတစ်ဝိုက် ကားများစက်တစ်ခုခုချွတ်ယွင်းပါက ကျွန်တော်ထံ ဆက်သွယ်၍ အကူညီတောင်းခံနိုင်ပါသည်ဟုပြောဆိုပါသည်။
ယခုလို ရေစကြိုမြို့နယ်အတွင်းကကားဝပ်ရှော့ဆရာ – ကိုရန်လင်းအောင်နှင့် (အမည်မသိခဲ့) အမျိုးသမီးညီအစ်မနှစ်ယောက်သည် ခရီးသွားဧည့်ကားများအားမွန်မြတ်သောစေတနာအရင်းခံဖြင့်လိုက်ပါ
ကူညီဆောင်ရွက်ပေးမှုကိုတွေ့ရှိရပါသဖြင့် – ရေစကြိုမြို့ မှ ကားဝပ်ရှော့ဆရာ – ကိုရန်လင်းအောင် နှင့်(အမည်မသိခဲ့) အမျိုးသမီးညီအစ်မနှစ်ယောက် တို့အား ကျေးဇူးဥပကာရအထူးတင်ရှိအပ်ပါကြောင်း
မှတ်တမ်းဂုဏ်ပြုလိုက်ရပါသည်။ ကိုရန်လင်းအောင် – ကားဝပ်ရှော့ဆရာ ရေစကြိုမြို့
၀၉ – ၄၄၂၃၄၁၇၄၀ အမည်မသိခဲ့သလို – ဖုန်းနံပါတ်လဲ မသိခဲ့ရသည် အမျိုးသမီးညီအစ်မနှစ်ယောက်၏ အထူး မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
ဓာတ်ပုံ – ကိုဆော် (ပုဂံ)