မိုးေလ၀သ

ယနေ့မိုးလေဝသ သတင်းထုတ်ပြန်ချက်

နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ ဆုတ်ခွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

Credit

ေန႔စဥ္မိုးေလဝသသတင္း

(၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ (၂၁)ရက္ေန႔ ညေန(၄:၀၀)နာရီအခ်ိန္ ထုတ္ျပန္ခ်က္)

ဘဂၤလားပင္လယ္ေအာ္အ‌ေျခအေန။ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို႔တြင္ မုတ္သုံေလ အားအသင့္အတင့္မွ အားေကာင္းေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္တြင္ မုတ္သုံေလ အားနည္းေနပါသည္။

မနက္ျဖန္နံနက္အထိခန္႔မွန္းခ်က္။ မေကြးတိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္းႏွင့္ ေတာင္ပိုင္း)၊ ခ်င္းျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ့အျပား မိုးထစ္ခ်ဳန္းရြာၿပီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးနိုင္ပါသည္။ ရြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ျမန္မာ့ပင္လယ္ျပင္။ လွိုင္းအသင့္အတင့္ရွိမည္။ လွိုင္းအျမင့္မွာ ျမန္မာ့ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၅)ေပမွ (၇)ေပခန္႔ ရွိနိုင္ပါသည္။

ေနာက္(၂)ရက္အတြက္ခန္႔မွန္းခ်က္။အေနာက္ေတာင္ မုတ္သုံေလသည္ ျမန္မာနိုင္ငံအလယ္ပိုင္းေဒသမ်ားမွ ဆုတ္ခြာနိုင္ပါသည္။
ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္နံနက္အထိခန္႔မွန္းခ်က္။မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ထစ္ခ်ဳန္းရြာမည္။ ရြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။
ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္နံနက္အထိခန္႔မွန္းခ်က္။မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ထစ္ခ်ဳန္းရြာမည္။ ရြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္နံနက္အထိခန္႔မွန္းခ်က္။ေနရာကြက္က်ား မိုးထစ္ခ်ဳန္းရြာမည္။ ရြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

Credit