အိန္ဒိယမိုးလေဝသဌာနက ပင်လယ်ပြင်ရေလုပ်သားများအတွက်ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ပင်လယ်ပြင်ကို ထွက်မဲ့ ရေလုပ်သားတွေ ၂၁ ရက်နေ့(ဒီနေ့)နောက်ပိုင်း ကြေညာချက် ထပ်မံ ထုတ်ပြန်တာ မလုပ်သေးသရွေ့
ပင်လယ်ပြင်ကို မထွက်ကြဘို့၊ ပင်လယ်ပြင်ကို ရောက်နေကြတဲ့ ရေလုပ်သားတွေ အနေနဲ့ ၂၃ ရက် မနက်ပိုင်းမှာ ကမ်းခြေကို အရောက်ပြန်လာကြဘို့၊ သတိပေးထားပါတယ်။
Windy ပေါ်က ECMWF နဲ GFS model ၂ ခုစလုံးရဲ့ ခန့်မှန်းချက်တွေအရတော့ မုန်တိုင်း ဖြစ်လာနိုင်ခြေရှိတာက သေချာနေပြီဖြစ်ပြီး၊ မြောက်-အနောက်မြောက် အိန္ဒိယအရှေ့ဘက်ကမ်းရိုးတန်းကိုဦးတည်ရွေ့လျားနိုင်မှာ ဖြစ်ကြောင်းလဲ တစ်ထပ်တည်းခန့်မှန်းထားတာတွေ့ရပါတယ်
မုန်တိုင်းရဲ့ တည်နေရာနဲ့ လမ်းကြောင်းခန့်မှန်းချက်မှာတော့ GFS က မြန်မာကမ်းရိုးတန်းဘက်ကို ပိုနီးကပ်ပြီး ECMWF က အနောက်ဘက် မိုင် ၁၀၀ ခန့် ပိုမိုဝေးကွာနိုင်ကြောင်း ခန့်မှန်းတာတွေ့ရပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် မြန်မာနိုင်ငံက မုန်တိုင်းရဲ့ ညာဘက်ခြမ်းမှာရှိနေတာကြောင့် မိုးကြီးလေကြီးတဲ့ဒဏ်ကိုတော့ခံရမှာဖြစ်ပါတယ်။ နောက်တစ်ခုက ပူနေတဲ့ မြေပြင်ကို ရုတ်တရက် မိုးတိမ်တောင်တွေ ဝင်လာတဲ့အခါ စိုက်ဆင်းလေပြင်းအန္တရာယ်နဲ့ မိုးကြိုးအန္တရာယ်ကို သတိထားကြဘို့ပါဘဲ။
Source -Win Naing
အိႏၵိယမိုးေလဝသဌာနက ပင္လယ္ျပင္ေရလုပ္သားမ်ားအတြက္ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာေတာ့ ပင္လယ္ျပင္ကို ထြက္မဲ့ ေရလုပ္သားေတြ ၂၁ ရက္ေန႔(ဒီေန႔)ေနာက္ပိုင္း ေၾကညာခ်က္ ထပ္မံ ထုတ္ျပန္တာ မလုပ္ေသးသေ႐ြ႕
ပင္လယ္ျပင္ကို မထြက္ၾကဘို႔၊ ပင္လယ္ျပင္ကို ေရာက္ေနၾကတဲ့ ေရလုပ္သားေတြ အေနနဲ႔ ၂၃ ရက္ မနက္ပိုင္းမွာ ကမ္းေျခကို အေရာက္ျပန္လာၾကဘို႔၊ သတိေပးထားပါတယ္။
Windy ေပၚက ECMWF နဲ GFS model ၂ ခုစလုံးရဲ႕ ခန႔္မွန္းခ်က္ေတြအရေတာ့ မုန္တိုင္း ျဖစ္လာႏိုင္ေျခရွိတာက ေသခ်ာေနၿပီျဖစ္ၿပီး၊ ေျမာက္-အေနာက္ေျမာက္ အိႏၵိယအေရွ႕ဘက္ကမ္း႐ိုးတန္းကိုဦးတည္ေ႐ြ႕လ်ားႏိုင္မွာ ျဖစ္ေၾကာင္းလဲ တစ္ထပ္တည္းခန႔္မွန္းထားတာေတြ႕ရပါတယ္။
မုန္တိုင္းရဲ႕ တည္ေနရာနဲ႔ လမ္းေၾကာင္းခန႔္မွန္းခ်က္မွာေတာ့ GFS က ျမန္မာကမ္း႐ိုးတန္းဘက္ကို ပိုနီးကပ္ၿပီး ECMWF က အေနာက္ဘက္ မိုင္ ၁၀၀ ခန႔္ ပိုမိုေဝးကြာႏိုင္ေၾကာင္း ခန႔္မွန္းတာေတြ႕ရပါတယ္။
ဘယ္လိုဘဲျဖစ္ျဖစ္ ျမန္မာႏိုင္ငံက မုန္တိုင္းရဲ႕ ညာဘက္ျခမ္းမွာရွိေနတာေၾကာင့္ မိုးႀကီးေလႀကီးတဲ့ဒဏ္ကိုေတာ့ခံရမွာျဖစ္ပါတယ္။ ေနာက္တစ္ခုက ပူေနတဲ့ ေျမျပင္ကို ႐ုတ္တရက္ မိုးတိမ္ေတာင္ေတြ ဝင္လာတဲ့အခါ စိုက္ဆင္းေလျပင္းအႏၲရာယ္နဲ႔ မိုးႀကိဳးအႏၲရာယ္ကို သတိထားၾကဘို႔ပါဘဲ။
Source -Win Naing