ဧရာဝတီမြစ် အထက်ပိုင်းတွင် စိုးရိမ်ရိမ်မှတ်ရောက်ရှိလာနိုင်ပြီး ဧရာဝတီမြစ်ရေသတိပြုရန်
ဇွန်လ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း ကချင်ပြည်နယ်မှာ ထူးကဲမိုးတွေရွာသွန်းပြီး ဧရာဝတီမြစ် အထက်ပိုင်းတွင် စိုးရိမ်ရိမ်မှတ်ရောက်ရှိလာနိုင်ကာ ဧရာဝတီမြစ်ရေကြီးနိုင်သဖြင့် ဧရာဝတီမြစ်ရေသတိပြုရန် မိုးလေဝသဆရာမလေး စုစုစံမှ သတိပေးနှိုးဆော်ထားပါတယ်။
ဧရာဝတီမြစ်ရေကြီးနိုင်
၂၀၂၂ ဇွန်လ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း ကချင်ပြည်နယ်တွင်မိုးများစွာရွာသွန်းနိုင်ပြီး မေခ မလိခ မြစ်ဖျားပိုင်း ပူတာအိုခရိုင် ဖုန်ကန်ရာဇီ ဂန်လန်ရာဇီတောင်တန်းများပေါ်တွင်
ထူးကဲမိုးတွေရွာနိုင်သဖြင့် ဧရာဝတီမြစ်အထက်ပိုင်းတွင် စိုးရိမ်ရိမ်မှတ်တွေကိုရောက်ရှိလာနိုင်ပါတယ် ကြိုတင်ပြင်ဆင်နိုင်ကြစေရန်အတွက် ကြိုတင်အသိပေးထုတ်ပြန်ပေးထားပါတယ်။
ဇွန်လ ၁၅ ရက်နေ့ ၁၆ ရက်နေ့များတွင် ကယားပြည်နယ် နေပြည်တော် မန္တလေးတိုင်းအရှေ့ပိုင်းနှင့်ရှမ်းပြည်နယ်တွေမှာ မိုးရွာနိုင်ပြီး တာချီလိတ်ခရိုင် ကျိုင်းတုံခရိုင် မိုးကြီးရေလျှံနိုင်ပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လ ၁၂ ရက် ယနေ့မှာ ပူတာအိုခရိုင်မြစ်ကြီးနားခရိုင်မိုးညှင်းခရိုင် ထူးကဲမိုးတွေရွာနိုင်ပြီး ကချင်ပြည်နယ်တွင်မိုးကြီးရေလျှံနိုင်ပါတယ်။
အထူးသဖြင့် မြစ်ကြီးနား ချီဗွေ ဝိုင်းမော် ဝါရှောင် ဆဒုံး ကန်ပိုက်တီ လိုင်ဇာ ဒေသများတွင် မိုးကြီးရေလျှံနိုင်ပါတယ်”ဆိုပြီး ထုတ်ပြန်ပေးထားပါတယ်။
ထုတ်ပြန်ချက်အရ ထူးကဲမိုးတွေရွာသွန်းပြီး ဧရာမြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိလာနိုင်တဲ့အတွက် မြစ်ကမ်းဘေးနေထိုင်သူများ၊ အနိမ့်ပိုင်း ရေဝင်ရောက်နိုင်သောနေရာတွင် နေထိုင်ကြသူများ သတိပြု ကြိုတင်ပြင်ဆင်ထားနိုင်ရန် ပြန်လည်မျှဝေလိုက်ရပါတယ်။
Source: Su Su San
Zawgyi
ဧရာဝတီျမစ္ အထက္ပိုင္းတြင္ စိုးရိမ္ရိမ္မွတ္ေရာက္ရွိလာႏိုင္ၿပီး ဧရာဝတီျမစ္ေရသတိျပဳရန္
ဇြန္လ ၁၂ ရက္ေန႔မွ ၁၆ ရက္ေန႔အတြင္း ကခ်င္ျပည္နယ္မွာ ထူးကဲမိုးေတြ႐ြာသြန္းၿပီး ဧရာဝတီျမစ္ အထက္ပိုင္းတြင္ စိုးရိမ္ရိမ္မွတ္ေရာက္ရွိလာႏိုင္ကာ ဧရာဝတီျမစ္ေရႀကီးႏိုင္သျဖင့္ ဧရာဝတီျမစ္ေရသတိျပဳရန္ မိုးေလဝသဆရာမေလး စုစုစံမွ သတိေပးႏႈိးေဆာ္ထားပါတယ္။
ဧရာဝတီျမစ္ေရႀကီးႏိုင္
၂၀၂၂ ဇြန္လ ၁၂ ရက္ေန႔မွ ၁၆ ရက္ေန႔အတြင္း ကခ်င္ျပည္နယ္တြင္မိုးမ်ားစြာ႐ြာသြန္းႏိုင္ၿပီး ေမခ မလိခ ျမစ္ဖ်ားပိုင္း ပူတာအိုခ႐ိုင္ ဖုန္ကန္ရာဇီ ဂန္လန္ရာဇီေတာင္တန္းမ်ားေပၚတြင္
ထူးကဲမိုးေတြ႐ြာႏိုင္သျဖင့္ ဧရာဝတီျမစ္အထက္ပိုင္းတြင္ စိုးရိမ္ရိမ္မွတ္ေတြကိုေရာက္ရွိလာႏိုင္ပါတယ္ ႀကိဳတင္ျပင္ဆင္ႏိုင္ၾကေစရန္အတြက္ ႀကိဳတင္အသိေပးထုတ္ျပန္ေပးထားပါတယ္။
ဇြန္လ ၁၅ ရက္ေန႔ ၁၆ ရက္ေန႔မ်ားတြင္ ကယားျပည္နယ္ ေနျပည္ေတာ္ မႏၲေလးတိုင္းအေရွ႕ပိုင္းႏွင့္ရွမ္းျပည္နယ္ေတြမွာ မိုး႐ြာႏိုင္ၿပီး တာခ်ီလိတ္ခ႐ိုင္ က်ိဳင္းတုံခ႐ိုင္ မိုးႀကီးေရလွ်ံႏိုင္ပါတယ္။
၂၀၂၂ ခုႏွစ္ ဇြန္လ ၁၂ ရက္ ယေန႔မွာ ပူတာအိုခ႐ိုင္ျမစ္ႀကီးနားခ႐ိုင္မိုးညႇင္းခ႐ိုင္ ထူးကဲမိုးေတြ႐ြာႏိုင္ၿပီး ကခ်င္ျပည္နယ္တြင္မိုးႀကီးေရလွ်ံႏိုင္ပါတယ္။
အထူးသျဖင့္ ျမစ္ႀကီးနား ခ်ီေဗြ ဝိုင္းေမာ္ ဝါေရွာင္ ဆဒုံး ကန္ပိုက္တီ လိုင္ဇာ ေဒသမ်ားတြင္ မိုးႀကီးေရလွ်ံႏိုင္ပါတယ္”ဆိုၿပီး ထုတ္ျပန္ေပးထားပါတယ္။
ထုတ္ျပန္ခ်က္အရ ထူးကဲမိုးေတြ႐ြာသြန္းၿပီး ဧရာျမစ္ေရ စိုးရိမ္ေရမွတ္ေရာက္ရွိလာႏိုင္တဲ့အတြက္ ျမစ္ကမ္းေဘးေနထိုင္သူမ်ား၊ အနိမ့္ပိုင္း ေရဝင္ေရာက္ႏိုင္ေသာေနရာတြင္ ေနထိုင္ၾကသူမ်ား သတိျပဳ ႀကိဳတင္ျပင္ဆင္ထားႏိုင္ရန္ ျပန္လည္မွ်ေဝလိုက္ရပါတယ္။
Source: Su Su San