ကိုယ်သဘောမကျတဲ့သူကို ပါးနပ်စွာ ငြင်းပယ်နည်း(၇)နည်း…
လူတစ်ယောက်ကို ငြင်းပယ်ရတာ ပျော်စရာကောင်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။
အငြင်းမတော်ရင် တခြားလူတစ်ယောက်အတွက် နာကျင်စရာတွေဖြစ်သွားနိုင်တာကိုလည်း ဆင်ခြင်ရပါတယ်။
ဒီနည်းလမ်းတွေကတော့ ယဉ်ကျေးစွာနဲ့ လူတစ်ယောက်ကို မနှစ်သက်ဘူးဆိုတာကို ပြနိုင်တဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။
နောက်မကျပါစေနဲ့
လူတစ်ယောက်ကို မျှော်လင့်ချက်ပေးထားတာက သူ့ရဲ့ဝေဒနာကို ပိုဆိုးစေပါတယ်။ ပိုပြီး ခံစားရစေပါတယ်။
ဒါကြောင့် ကိုယ်သဘောမကျဘူးဆိုရင် မကျတဲ့အကြောင်း ပြသတာက သူ့ကိုကူညီရာရောက်ပါတယ်။
သီးသန့်ပြောပါ
မချစ်နိုင်ပါဘူးဆိုတာကို အများရှေ့မှာ ငြင်းလိုက်တာထက် သီးသန့်ပြောဆိုပါ။ လူအများရှေ့မှာ ငြင်းပယ်ခံရတာထက် ဘယ်သူမှမရှိတာက ပိုပြီးစိတ်သက်သာရရစေပါလိမ့်မယ်။
မက်ဆင်ဂျာကနေ မပြောပါနဲ့
လက်မခံနိုင်တဲ့အကြောင်းကို မက်ဆင်ဂျာကနေ မက်ဆေ့ပို့ပြီး မပြောပါနဲ့။ ဒါက အဆင့်အတန်းမရှိသလိုဖြစ်စေပြီး ရိုင်းတယ်လို့ထင်ခံရနိုင်ပါတယ်။ ဒါကြောင့် လေးစားမှုရှိပါ။
သူတို့ရဲ့တုန့်ပြန်မှုကိုလေးစားပါ
ကိုယ်ငြင်းပယ်လိုက်တဲ့အခါ သူတို့ရဲ့တုန့်ပြန်မှုကို လေးစားမှုရှိသင့်ပါတယ်။ တချို့လူတွေက လုံးဝစိတ်ဓာတ်ကျသွားတာမျိုး၊
သူတို့ကဘာလို့အခုလိုငြင်းပယ်ခံရသလဲဆိုတဲ့မေးခွန်းမျိုးမေးချင်ကြပါတယ်။
သူတို့ရဲ့တုန့်ပြန်မှုတိုင်းကို လေးစားသမှုနဲ့ ဖြေရှင်းပါ။
မေးသမျှကို သင်ဖြေနိုင်သမျှ အကောင်းဆုံးဖြေပါ
ဘာကြောင့်လက်မခံနိုင်တာလဲ၊ ကျနော့်မှာ ဘာချို့ယွင်းချက်ရှိလို့လဲ စတာမျိုး သူတို့မေးချင်ကြပါလိမ့်မယ်။
အဲဒီအခါ သင့်ဘက်က အကောင်းဆုံးအဖြေကို ဖြေဆိုဖို့ မမေ့လိုက်ပါနဲ့။ ဒါက သင်ပေးနိုင်တဲ့ လေးစားမှုပါပဲ။
အရမ်းဂရုစိုက်ကြောင်း မပြသင့်ပါ
ကိုယ့်ဘက်ကတော့ သူတို့ကို အားနာလို့၊ စာနာလို့ အရမ်းဂရုစိုက်ပြတဲ့အခါ သူတို့ဘက်ကကျတော့ မျှော်လင့်ချက်ဖြစ်စေပါတယ်။
ဒါကြောင့် ကိုယ်ငြင်းပယ်တဲ့သူကို ဒဏ်ရာပိုကြီးအောင် မလုပ်မိပါစေနဲ့။
ကိုယ်ဘက်ကတော့ နှစ်သိမ့်ဖို့ကြိုးစားတာဖြစ်စေပေမဲ့ သူတို့အတွက်တော့ မျှော်လင့်ချက်ကြီးဖြစ်နေတတ်တာကို သတိပြုပါ။
သူငယ်ချင်းအဖြစ် ဆက်နေလို့ရတယ်ဆိုတာကို သူတို့သိအောင်ပြောပါ
တကယ်လို့သူတို့ဖက်က ဆန္ဒရှိတယ်ဆိုရင် သူငယ်ချင်းအဖြစ် ဆက်နေလို့ရတယ်ဆိုတာမျိုး ပြောသင့်ပါတယ်။
ဒါပေမဲ့ အများစုကတော့ အငြင်းပယ်ခံလိုက်ရရင် သူငယ်ချင်းအဖြစ်လည်း ဆက်မရှိချင်ကြတော့တာများပါတယ်။
အခွင့်အလမ်းဂျာနယ် – oppnews