ဘယ်လိုအခြေအနေရောက်ရောက် ဖြစ်တည်မှုကို ချစ်တတ်ပါစေ

ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် လူတိုင်းဟာ ထိုင်ခုံကို မှီထိုင်ရင် ဗိုက်ခေါက်ထွက်ပါတယ် ( gym ဘယ်လောက်ဆော့ဆော့ ထွက်တယ် ,တကယ် ) တစုံတယောက်က နင် ဒီနေ့ သိပ်လှတာပဲလို့ ပြောလာခဲ့ရင် ယုံလိုက်ပါ။ ကိုယ်ဟာ အရင်ခါတိုင်း နေ့တွေထက် ဒီနေ့ပိုလှတယ်။ ညဘက် သွားတိုက်ထားလဲ မနက်မိုးလင်းလို့ ခံတွင်းအနံ့ရှိတယ် ဆိုတာ ပုံမှန်ပါ။

ရုပ်ရှင်တွေထဲကလို ဘယ်သူမှ မွှေးကြိုင်မနေပါဘူး။ ကိုယ်က အသားညိုတယ်လို့ စိတ်ဓါတ်ကျနေပေမဲ့ နိုင်ငံခြားသူတွေဟာ tanned skin ရဖို့ နေပူထွက်ခံနေရတာကို သတိရပါ။ ကိုယ့်ဘဝကို ကယ်တင်ဖို့ တစုံတယောက်လိုနေပြီ မထင်ပါနဲ့။ လူတိုင်းဟာ ကိုယ့်ဘဝကိုယ် ရုန်းကန်ကူးခတ်နေကြရတာပါ။

ကိုယ့်မျက်နာနဲ့ ခန္ဓာကိုယ်ပေါ်က အစိတ်အပိုင်းတွေ အကုန်လုံးဟာ ၁၀၀% လှမနေပါဘူး။ ဒါပေမဲ့ ကိုယ့်အတွက်တော့ နေသားကျကြည့်ကောင်း လှပနေပါတယ်။နင်က ငါ့ကို တန်ဖိုးမထားဘူး လို့တွေးပြီး စိတ်ညစ်မနေပါနဲ့။ တန်ဖိုးဆိုတာ ကိုယ့်ကိုယ်ကို ထားရတာ။ ချစ်သူနဲ့ ပြတ်ရင် သူသနားအောင် အသည်းကွဲပြ အရွဲ့တိုက်ပြမယ် မလုပ်ပါနဲ့။

ပိုလှ ပိုကျက်သရေရှိ ပိုတော်ရင် သူ့ထက်အဆပေါင်းများစွာ သာတဲ့သူနဲ့ ဆုံရမှာပါ။ ကျွန်မတို့ မိန်းမသားတွေဟာနူးညံ့ရင်း ကြံ့ခိုင်ရပါမယ်ငိုကြွေးရင်း ပြုံးတတ်ရပါမယ် သင်ခန်းစာယူရင်း ချစ်တတ်ရပါမယ် ကိုယ့်ဖြစ်တည်မှုကို ချစ်ပါ။

ပတ်ဝန်းကျင်ကို အကောင်းနဲ့ ရှုမြင်ပါ။ သူ့နေရာမှာ ငါ ဆိုတဲ့စိတ်နဲ့ကိုယ်ချင်းစာပါ။ ကြင်နာနွေးထွေးမှု စာနာထောက်ထားမှု ကိုယ်ချင်းစာတရားချစ်တတ်ခြင်း ဆိုတဲ့မိခင်စိတ် ဆိုတာ မိန်းမသားတွေဆီမှာပဲ ရှိတာမို့ ကျေနပ်စွာ ဂုဏ်ယူပါ။

Credit:ချစ်သောအိချို

Unicode

Leave a Comment