ဂန္တဝင် မဂ္ဂဇင်း
Unicode
အချစ်ရေးမှာဆရာကျချင်ရင် ဒီ(၉)ချက် သိထားဖို့ လိုမယ်
အချစ်ရေး ကိစ္စတွေကို အထာကျကျ ဆရာကျကျ ရင်ဆိုင်ကျော်ဖြတ် နိုင်စေဖို့အတွက်…
(၁) အကန့်အသတ်မရှိတဲ့ ချစ်ခြင်းတွေကို ထုတ်ဖော်ပြသပါ။ နေ့ရက်တိုင်းမှာ အကောင်းဆုံး ချစ်ပေးပါ …။
(၂) နှလုံးသားကို မကစားမယ့် ကတိသစ္စာ တည်တဲ့ လူမျိုးအပေါ်မှာပဲ ခံစားချက်တွေကို ရင်းနှီးမြှုပ်နှံပါ …။
(၃) ကိုယ့်ကို တကယ်ချစ်မြတ်နိုးပြီး အလေးပေးဂရုစိုက်တဲ့ သူတွေကိုသာ ဘဝအတွက် အချိန်ပေးပါနော် …။
(၄) အခြားလူတွေရဲ့ အချစ်ရေးနဲ့ ကိုယ့်ရဲ့အချစ်ရေးကို နှိုင်းယှဉ်နေတာမျိုးကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ချစ်သူရဲ့
ကောင်းကွက်လေးတွေကို မြင်အောင် ကြည့်တတ်ပါစေ …။
(၅) မာနကို Relationship ထက်ပိုပြီး နေရာပေးတာမျိုးကို ရှောင်ကြဉ်ပါ။ ပြဿနာဖြစ်လာတဲ့အခါ မေတ္တာတရားကို
ရှေ့ထားပြီးသာ ဖြေရှင်းလိုက်ပါ …။
(၆) ချစ်သူရဲ့ လိုအပ်ချက်တွေကို မြင်ပြီး ကူညီပေးနိုင်ဖို့ ကြိုးစားပါ။ အလိုက်သိတတ်ခြင်းဟာ ချစ်ခြင်းရဲ့ အခြေခံ
သဘောတရား ဖြစ်တယ်ဆိုတာကို သိထားပါနော် …။
(၇) ကိုယ့်ဆီမှာရှိနေတဲ့ ခံစားချက်တွေ၊ အကြောက်တရားတွေ၊ စိတ်မလုံခြုံမှုတွေကို ချစ်ရသူကိုသာ ဖွင့်ဟ ပြောပြပါ …။
(၈) ချစ်သူကိုအရာရာ ပြီးပြည့်စုံစေချင်တဲ့ စိတ်ကို ထိန်းချုပ်ပါ။ ကိုယ့်မှာအားနည်းချက်တွေ ရှိသလို ချစ်သူဆီမှာလည်း
အားနည်းချက်တွေရှိတယ် ဆိုတာကို နားလည်ထားပါ …။
(၉) အတူတူရှိနေချိန်တွေကို တန်ဖိုးထားသလို ကိုယ်ပိုင်အချိန်တွေလည်း ထားပါ။ အချိန်ပြည့် အနားမှာပဲ နေခြင်းဟာ
တစ်ယောက်အပေါ်တစ်ယောက် ညည်းငွေ့သွားစေနိုင်ပါတယ်နော် …။ ။
ဂန္တဝင် မဂ္ဂဇင်း