ဒီလို လူမျိုးများကို ခေါင်းဆောင်ကောင်း နေရာကို မတင်သင့်ပါ။
၁။ ဂဏန်း = လက်မ ထောင်ခြင်း ။
၂။ ပုတ်သင် = ပြောသမျှကို ခေါင်းငြိမ့်ခြင်း ။
၃။ ကိုင်းပင် = လေသင့်ရာကို ယိမ်းတတ်ခြင်း ။
၄။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်ခြင်း ။
၅။ လိပ်မျိုး = မိမိဘက်ကိုပဲ ယတ်တတ်ခြင်း ။
၆။ ခွေးအ = ကောက်ကျစ်ခြင်း ။
ဤခြောက်ဝ မှတ်ပါ အနာယက ။
၁။ ဂဏန်းလိုလူမျိုး
ဂဏန်းကောင်လို လူစားမျိုးပါ ။ ဂဏန်း ဆိုတဲ့ အမျိုးဟာ အမြဲတမ်း လက်မ တထောင်ထောင်နဲ့ နေတတ်ပါတယ် ။ ငါကမှ တတ်တာ၊ မင်းတို့က ဘာမှ သိတာ မဟုတ်ဘူး ။ ငါ့ကို ဆရာ လာမလုပ်နဲ့ ဆိုတဲ့ လူစားမျိုးပါ ။ မိမိအောက်လက်ငယ်သားကို ကျွန်လို ဆက်ဆံတတ်တဲ့ လူမျိုးကို ဆရာ မတင်ထိုက်ဘူး ။
၂။ ပုတ်သင်နဲ့တူတဲ့ လူမျိုး
ပုတ်သင်နဲ့ တူတဲ့ လူစားမျိုးပါ ။ ဒီလိုလူကတော့ ကိုယ်ပိုင် အရည်အချင်း ဘာတခုမှ မရှိပါဘူး။ သူများတွေ ပြောတိုင်း ခေါင်းငြိမ့်ပြတယ်၊ ဘယ်သူက ပြောပြော ” အေး လုပ်လိုက်လေ ဆိုတာချည်းပဲ ” ။ ဒီလို လူမျိုးကို ဆရာတင်မိ ပြန်ရင်လည်း ငါးပါး မကဘူး နှစ်ဆယ့်ငါးပါးလောက် မှောက်ရောပဲ ။
၃။ ကိုင်းပင်လို လူမျိုး
ကိုင်းပင်နဲ့ တူတဲ့ လူစားမျိုးပါ ။ ဒီလိုလူ ကတော့ ခပ်ညံ့ညံ့ လူစားမျိုး ။ ကိုယ်ပိုင် ဆုံးဖြတ်ချက် ဆိုတာ သူ့မှာမရှိဘူး။ ကိုယ်ပိုင် ရပ်တည်မှုလည်း မရှိဘူး ။ နေရတကာ ရေလိုက် ငါးလိုက် ဆိုတဲ့ လူစားမျိုး ။ အစွယ်ကောင်းရင် ပါသွားတာချည်းပဲ ၊ ကောင်းတာဆို အစွယ်ကောင်းရင် လုပ်တယ် ၊ မကောင်းတာဆိုရင်လည်း မက်လုံးကောင်းရင် လုပ်တယ် ။ ပျော့ညံ့တဲ့ လူစားမျိုး ။ ဒီလို လူစားမျိုးကိုလည်း ဆရာ တယောက် အနေနဲ့ အားမကိုးမိစေနဲ့ ။
၄။ နွားသိုးကဲ့သို့ လူစားမျိုး
နွားသိုးလို လူစားမျိုးပေါ့ ။ ဒီကောင်ကတော့ အမှားနဲ့အမှန် မဝေခွဲတတ်ဘူး ။ ဘာမဆို ရှူးရှူး ဒိုင်းဒိုင်း ဇွတ်လုပ်တတ်တယ် ။ နှလုံးရည် နည်းပြီး လက်ရုံးရည် အားကိုးတဲ့ လူမျိုးပါ ။ ဒီလို လူမျိုး ဆရာ အဖြစ် တင်မိရင်လည်း အလုံးစုံ ပျက်စီးဖို့ များပြီ ။
၅။ လိပ်မျိုး
လိပ်နဲ့တူတဲ့ လူစားမျိုး ။ သူကတော့ အတ္တကြီးတဲ့ လူစားပေါ့ ။ ဘယ်ဟာမဆို သူ့အတွက်ပဲ သူသိတယ်။ ` ငါဆရာ ၊ ငါပေးမှ မင်းတို့ရမယ် ၊ ငါပြီးမှ ပြီးမယ်´ ဆိုတဲ့ လူစားမျိုး ၊ ကိုယ့်အကျိုး စီးပွားပဲ သိတယ် ။ အများအကျိုးအတွက် ထည့်မတွတ်တတ်တဲ့ လူစားမျိုးပါ ။ ( ပရဟိတ စိတ်မဝင်စားတဲ့ လူစားမျိုး )
၆။ ခွေးအနဲ့တူသော လူမျိုး
ခွေးအနဲ့ တူတဲ့ လူစားမျိုး ။ ဒီလို လူမျိုး ကတော့ ကောက်ကျစ်တယ် ။ ဘယ်နေရာမဆို နည်းမှန် လမ်းမှန်နဲ့ မသွားတတ်ဘူး ။ ဘယ်သူ့ကို မဆို လှည့်စားလိုက်ရမှ စားဝင် အိပ်ပျော်တဲ့ လူမျိုး ။ ကိုယ့်လက်အောက် ငယ်သားကို ကိုယ့်လက်ခုပ်ထဲက ရေလို ကိုယ်လိုရာမှာ အသုံးချတတ်တဲ့ လူမျိုး ။
ဂဏန်း ၊ ပုတ်သင်
ကိုင်းပင် ၊ နွားသိုး
လိပ်မျိုး ၊ ခွေးအ
ဤခြောက်ဝ နာယက မတင်ထိုက် ။
Crd
for zawgyi
ေခါင္းေဆာင္အျဖစ္ မတင္ထိုက္တဲ့လူမ်ဳိး (၆) မ်ဳိး
ဒီလို လူမ်ိဳးမ်ားကို ေခါင္းေဆာင္ေကာင္း ေနရာကို မတင္သင့္ပါ။
၁။ ဂဏန္း = လက္မ ေထာင္ျခင္း ။
၂။ ပုတ္သင္ = ေျပာသမွ်ကို ေခါင္းၿငိမ့္ျခင္း ။
၃။ ကိုင္းပင္ = ေလသင့္ရာကို ယိမ္းတတ္ျခင္း ။
၄။ ႏြားသိုး = ရႉးရႉးဒိုင္းဒိုင္း လုပ္တတ္ျခင္း ။
၅။ လိပ္မ်ိဳး = မိမိဘက္ကိုပဲ ယတ္တတ္ျခင္း ။
၆။ ေခြးအ = ေကာက္က်စ္ျခင္း ။
ဤေျခာက္ဝ မွတ္ပါ အနာယက ။
၁။ ဂဏန္းလိုလူမ်ဳိး
ဂဏန္းေကာင္လို လူစားမ်ိဳးပါ ။ ဂဏန္း ဆိုတဲ့ အမ်ိဳးဟာ အၿမဲတမ္း လက္မ တေထာင္ေထာင္နဲ႔ ေနတတ္ပါတယ္ ။ ငါကမွ တတ္တာ၊ မင္းတို႔က ဘာမွ သိတာ မဟုတ္ဘူး ။ ငါ့ကို ဆရာ လာမလုပ္နဲ႔ ဆိုတဲ့ လူစားမ်ိဳးပါ ။ မိမိေအာက္လက္ငယ္သားကို ကြၽန္လို ဆက္ဆံတတ္တဲ့ လူမ်ိဳးကို ဆရာ မတင္ထိုက္ဘူး ။
၂။ ပုတ္သင္နဲ႔တူတဲ့ လူမ်ဳိး
ပုတ္သင္နဲ႔ တူတဲ့ လူစားမ်ိဳးပါ ။ ဒီလိုလူကေတာ့ ကိုယ္ပိုင္ အရည္အခ်င္း ဘာတခုမွ မရွိပါဘူး။ သူမ်ားေတြ ေျပာတိုင္း ေခါင္းၿငိမ့္ျပတယ္၊ ဘယ္သူက ေျပာေျပာ ” ေအး လုပ္လိုက္ေလ ဆိုတာခ်ည္းပဲ ” ။ ဒီလို လူမ်ိဳးကို ဆရာတင္မိ ျပန္ရင္လည္း ငါးပါး မကဘူး ႏွစ္ဆယ့္ငါးပါးေလာက္ ေမွာက္ေရာပဲ ။
၃။ ကိုင္းပင္လို လူမ်ုိး
ကိုင္းပင္နဲ႔ တူတဲ့ လူစားမ်ိဳးပါ ။ ဒီလိုလူ ကေတာ့ ခပ္ညံ့ညံ့ လူစားမ်ိဳး ။ ကိုယ္ပိုင္ ဆုံးျဖတ္ခ်က္ ဆိုတာ သူ႔မွာမရွိဘူး။ ကိုယ္ပိုင္ ရပ္တည္မႈလည္း မရွိဘူး ။ ေနရတကာ ေရလိုက္ ငါးလိုက္ ဆိုတဲ့ လူစားမ်ိဳး ။ အစြယ္ေကာင္းရင္ ပါသြားတာခ်ည္းပဲ ၊ ေကာင္းတာဆို အစြယ္ေကာင္းရင္ လုပ္တယ္ ၊ မေကာင္းတာဆိုရင္လည္း မက္လုံးေကာင္းရင္ လုပ္တယ္ ။ ေပ်ာ့ညံ့တဲ့ လူစားမ်ိဳး ။ ဒီလို လူစားမ်ိဳးကိုလည္း ဆရာ တေယာက္ အေနနဲ႔ အားမကိုးမိေစနဲ႔ ။
၄။ ႏြားသိုးကဲ့သို႔ လူစားမ်ဳိး
ႏြားသိုးလို လူစားမ်ိဳးေပါ့ ။ ဒီေကာင္ကေတာ့ အမွားနဲ႔အမွန္ မေဝခြဲတတ္ဘူး ။ ဘာမဆို ရႉးရႉး ဒိုင္းဒိုင္း ဇြတ္လုပ္တတ္တယ္ ။ ႏွလုံးရည္ နည္းၿပီး လက္႐ုံးရည္ အားကိုးတဲ့ လူမ်ိဳးပါ ။ ဒီလို လူမ်ိဳး ဆရာ အျဖစ္ တင္မိရင္လည္း အလုံးစုံ ပ်က္စီးဖို႔ မ်ားၿပီ ။
၅။ လိပ္မ်ိဳး
လိပ္နဲ႔တူတဲ့ လူစားမ်ိဳး ။ သူကေတာ့ အတၱႀကီးတဲ့ လူစားေပါ့ ။ ဘယ္ဟာမဆို သူ႔အတြက္ပဲ သူသိတယ္။ ` ငါဆရာ ၊ ငါေပးမွ မင္းတို႔ရမယ္ ၊ ငါၿပီးမွ ၿပီးမယ္´ ဆိုတဲ့ လူစားမ်ိဳး ၊ ကိုယ့္အက်ိဳး စီးပြားပဲ သိတယ္ ။ အမ်ားအက်ဳိးအတြက္ ထည့္မတြတ္တတ္တဲ့ လူစားမ်ိဳးပါ ။ ( ပရဟိတ စိတ္မဝင္စားတဲ့ လူစားမ်ိဳး )
၆။ ေခြးအနဲ႔တူေသာ လူမ်ဳိး
ေခြးအနဲ႔ တူတဲ့ လူစားမ်ိဳး ။ ဒီလို လူမ်ိဳး ကေတာ့ ေကာက္က်စ္တယ္ ။ ဘယ္ေနရာမဆို နည္းမွန္ လမ္းမွန္နဲ႔ မသြားတတ္ဘူး ။ ဘယ္သူ႔ကို မဆို လွည့္စားလိုက္ရမွ စားဝင္ အိပ္ေပ်ာ္တဲ့ လူမ်ိဳး ။ ကိုယ့္လက္ေအာက္ ငယ္သားကို ကိုယ့္လက္ခုပ္ထဲက ေရလို ကိုယ္လိုရာမွာ အသုံးခ်တတ္တဲ့ လူမ်ိဳး ။
ဂဏန္း ၊ ပုတ္သင္
ကိုင္းပင္ ၊ ႏြားသိုး
လိပ္မ်ိဳး ၊ ေခြးအ
ဤေျခာက္ဝ နာယက မတင္ထိုက္ ။
Crd