ၾကားသိရသမွ်

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ ၅၀၅-ခ အမှု စွဲချက်တင်အမိန့်ချ

နေပြည်တော်၊ စက်တင်ဘာ ၂၁-၂၀၂၁

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ၅၀၅-ခအမှုနဲ့ပတ်သက်ပြီး ဒီကနေ့ရုံးချိန်မှာ စွဲချက်တင်အမိန့်ချလိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းစိုးကပြောပါတယ်။

” ဒီနေ့အမေ့ကိုစွဲထားတဲ့ ၅၀၅ – ခအမှုနဲ့ပတ်သက်ပြီးစွဲချက်တင်ကြောင်းအမိန့်ချလိုက်ပါတယ်၊ ဒီနေ့ရုံးချိန်းမှာ အမေရယ်၊

သမ္မတရယ်၊ဒေါက်တာမျိုးအောင်ရယ် သုံးဦးလုံးနဲ့တပြိုင်တည်းတွေ့ရပါတယ်၊ တွေ့ပြီးတော့ ဦးစိုးစိုးရွှေစွဲထားတဲ့ ပုဒ်မ ၅၀၅-ခ အမှုကိုစွဲချက်တင်လိုက်ပါတယ်၊

စွဲချက်တင်ကြောင်းအမိန့်ချတယ်ပေါ့နော်၊ ကျမတို့ဘက်က ပြန်ခေါ်သက်သေနှစ်ဦးရှိကြောင်းလျှောက်ပါတယ်၊ တရားရုံးကခွင့်ပြုတယ်၊

နောက်အပတ်ရုံးချိန်းမှာ ပြန်ခေါ်သက်သေစစ်ပါမယ်၊နောက်သဘာဝဘေးအမှုကိုစစ်ပါတယ်၊

သဘာဝဘေးအမှုမှာ တရားလိုပြသက်သေတဦး(အောင်ဇမ္ဗူရပ်ကွက်ကသက်သေပေါ့နော်)စစ်ပါတယ်၊

စစ်ပြီးတော့မှ ကျန်တဲ့တရားလိုပြသက်သေ နှစ်ဦးကိုစစ်ဖို့ ၂၈.၉.၂၀၂၁ နေ့ကိုချန်းလိုက်ပါတယ်”လို့ တရားလွှတ်တော်ရှေ့နေဒေါ်မင်းမင်းစိုးကပြောပါတယ်။

ဒါ့အပြင် “ဒီနေ့ဘာမှမထူးပါဘူး ဘာမှထွေထွေထူးထူးမပြောဖြစ်ပါဘူး အမှုနဲ့ပတ်သက်ပြီးပြောကြပါတယ်၊

စွဲချက်တင်အမိန့်ချတာက ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ ကိုစွဲချက်တင်အမိန့်ချပါတယ်၊ပြန်ခေါ်ရှိလားလို့တရားသူကြီးကမေးတယ်၊

ကျမတို့က နှစ်ဦးရှိတယ်ဆိုပြီးတင်ပြတော့ ပြန်ခေါ်သက်သေကို နောက်ရုံးချိန်းမှာစစ်မယ်၊ ပြန်ခေါ်သက်သေစစ်ပြီးမှ တရားခံစစ် စစ်မှာပေါ့နော်”လို့ ဒေါ်မင်းမင်းစိုးကဆက်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အဂတိအမှုကိုတော့ အောက်တိုဘာ ၁ရက်နေ့ကို ပြန်လည်ချိန်းဆိုထားတဲ့အပြင်

အဂတိအမှုကို အပတ်စဉ် သောကြာနေ့တိုင်း စစ်ဖို့ ပြောထားတယ်လို့လည်း သိရပါတယ်။

” အမေ့ကျန်းမာရေးကောင်းပါတယ် ဒါပေမယ့် အခုနောက်ပိုင်း ကားမူးတယ်လို့တော့ပြောပါတယ်၊

ဒါပေမယ့် လန်းလန်းဆန်းဆန်းပါပဲ၊ အဂတိအမှုက အောက်တိုဘာ ၁ ရက်နေ့ချိန်းထားပါတယ်၊

အဂတိမှုကိုအပတ်စဉ်သောကြာနေ့တိုင်းစစ်ဖို့ပြောထားပါတယ်၊အစိုးရလျှိုဝှက်ချက်နဲ့စွဲထားတာကိုစစ်ဖို့ ၂၃ ရက်နေ့ချိန်းထားပါတယ်၊

လျှို့ဝှက်ချက်နဲ့စွဲထားတဲ့အမှုက ဒက္ခိဏခရိုင်ရုံးကိုချထားကြောင်းသာသိရပါတယ်၊ဘယ်ရုံးမှာစစ်မယ်ဆိုတာတော့ အတိအကျမသိရသေးဘူး”လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

Credit : voiceofmyanmar