MRTVနဲ႔ MWD ႐ုပ္သံလိုင္းေတြကိုသာၾကည့္ဖို႔ အသံခ်ဲ႕စက္နဲ႔လိုက္လံေၾကညာ
ဇူလိုင္ ၂၃၊၂၀၂၂
မင္းျမတ္
ဧရာဝတီတိုင္း၊ပန္းတေနာ္ၿမိဳ႕နယ္မွာ ေဒသခံျပည္သူေတြအေနနဲ႔ ျမန္မာ့အသံနဲ႔႐ုပ္ျမင္သၾကား MRTV နဲ႔ ျမဝတီ႐ုပ္ျမင္သံၾကား MWD ႐ုပ္သံလိုင္းေတြကိုသာ ၾကည့္ရႈ႕ဖို႔ ရပ္ကြက္နဲ႔ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြက လိုက္လံေၾကညာေနတယ္လို႔ဘေဒသခံေတြဆီက သိရပါတယ္။
လက္ရွိအစိုးရရဲ႕လုပ္ေဆာင္ခ်က္ေတြသာ အဓိကေၾကညာေပးေနတဲ့ ျမန္မာ့အသံနဲ႔႐ုပ္ျမင္သၾကား MRTV နဲ႔ ျမဝတီ႐ုပ္ျမင္သံၾကား MWD ႐ုပ္သံလိုင္ေတြကိုသာၾကည့္ရႈ႕ၾကဖို႔ ရပ္ကြက္နဲ႔ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ မႈခင္းသတင္းေထာက္ေတြကဇူလိုင္ဒုတိယအပတ္ကေန စတင္ၿပီး ဒီကေန႔အထိအသံခ်ဲ႕စက္ေတြကိုအသုံးျပဳကာ လိုက္လံေၾကညာေနတယ္လို႔သိရပါတယ္။
”ျမဝတီနဲ႔ ျမန္မာ့႐ုပ္ျမင္သံၾကား႐ုပ္သံေတြကိုသာၾကည့္ဖို႔ တျခား႐ုပ္လိုင္းေတြကိုမၾကည့္ဖို႔ အသံခ်ဲ႕စက္နဲ႔လိုက္ ေၾကညာေနတာ၊အဲ့ဒီ႐ုပ္သံလိုင္းေတြက တိက် မွန္ကန္တဲ့သတင္းေတြကို ထုတ္ျပန္ေပးတယ္၊ဒါ့ေၾကာင့္ ဒီ႐ုပ္သံလိုင္းေတြကိုသာၾကည့္ဖို႔ေၾကညာသြားတာ။”လို႔ ပန္းတေနာ္ၿမိဳ႕ခံတဦးကေျပာပါတယ္။
ျမန္မာ့႐ုပ္ျမင္သံၾကား MRTVနဲ႔ ျမဝတီ႐ုပ္သံၾကား MWD ႐ုပ္သံလိုင္းေတြကိုၾကည့္ၾကဖို႔ အဲ့ဒီ႐ုပ္သံလိုင္းေတြကိုမၾကည့္ဘဲ အျခား႐ုပ္သံလိုင္းေတြ ၾကည့္တာကို လာစစ္တဲ့အခါေတြ႕ရွိရင္ ထိေရာက္စြာအေရးယူမယ္လို႔ အသံခ်ဲ႕စက္နဲ႔ ထည့္သြင္းေၾကညာသြားတယ္လို႔ သိရပါတယ္။
”ကြၽန္မတို႔က MRTV လည္း မၾကည့္ဘူး MWD လည္း မၾကည့္ဘူးMRTV-4 ဘဲၾကည့္တယ္၊ MRTV-4က ႐ုပ္သံဇာတ္တြဲေတြကိုၾကည့္တာေလ၊ MRTV-4ကိုၾကည့္လို႔ဖမ္းမယ္ အေရးယူမယ္ဆိုလည္း မတတ္ႏိုင္ဘူး လာဖမ္းတဲ့အခါ MRTV-4ကိုလည္း ဖမ္းဖို႔ေျပာမယ္၊ကြၽန္မတို႔ျပည္သူေတြခ်ည္းပဲဖမ္းမယ္ အေရးယူမယ္ မလုပ္ပါနဲ႔ ၊
ဥပမာအေနနဲ႔တရားဝင္မုန္႔တမ်ိဳးကိုဖမ္းမယ္ဆို တရားမဝင္မုန္႔ထုတ္တဲ့ ပင္မႀကီးကိုဖမ္းပါ ဒါဆိုကိစၥကၿပီးပါၿပီး၊အခုက မဟုတ္ဘူး ဆိုင္ခြဲေတြေရာက္မွ တရားမဝင္ဆိုၿပီးလိုက္ဖမ္းေနၾကတာပါ၊အခုလည္း အျခား႐ုပ္သံလိုင္းေတြကို မၾကည့္ေစခ်င္ရင္ ထုတ္လႊင့္သူေတြစက္ပစၥည္းေရာင္းခ်သူေတြကိုဖမ္းပါလို႔ အႀကံျပဳခ်င္တယ္။”လို႔ ေဒသခံတဦးကေျပာပါတယ္။
ပန္းတေနာ္ၿမိဳ႕နယ္က ေဒသခံေတြဟာမိမိတို႔ ေငြေၾကးကုန္က်ခံႏိုင္မႈနဲ႔ ကုန္က်စရိတ္သက္သာတဲ့ စေလာင္းေတြကို ဝယ္ယူၿပီး ေဒသမွာအလြယ္တူ ဖမ္းယူၾကည့္ရႈ႕လို႔ရတဲ့ ႐ုပ္သံလိုင္းေတြျဖစ္တဲ့ ေဖ်ာ္ေျဖေရး အစီအစဥ္ေတြအမ်ားစုပါဝင္တဲ့ MRTV-4 ႐ုပ္သံလိုင္း၊
Mizzima ႐ုပ္သံလိုင္း၊ DVB ၊ CANAL+၊ Channel7၊ Fortune ၊ChannelK စတဲ့ ႐ုပ္သံလိုင္းေတြကိုအမ်ားဆုံးၾကည့္ရႈ႕ၾကတယ္လို႔ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။
ပန္းတေနာ္ၿမိဳ႕နယ္မွာ ၂၀၂၁ခုႏွစ္ ေဖေဖာ္၀ါရီလေနာပိုင္းမွာ တရားမဝင္႐ုပ္သံဖမ္းစက္ဆိုၿပီး PSI စေလာင္းေတြကို ျဖဳတ္သိမ္းတာေတြလုပ္ခဲ့ၿပီး လူေတြကိုလည္း ဖမ္းဆီးစစ္ေဆးတာ ရွိခဲ့ေသးတယ္လို႔သိရပါတယ္။
source-VOM
MRTVနဲ့ MWD ရုပ်သံလိုင်းတွေကိုသာကြည့်ဖို့ အသံချဲ့စက်နဲ့လိုက်လံကြေညာ
ဇူလိုင် ၂၃၊၂၀၂၂
မင်းမြတ်
ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ်မှာ ဒေသခံပြည်သူတွေအနေနဲ့ မြန်မာ့အသံနဲ့ရုပ်မြင်သကြား MRTV နဲ့ မြဝတီရုပ်မြင်သံကြား MWD ရုပ်သံလိုင်းတွေကိုသာ ကြည့်ရှု့ဖို့ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေက လိုက်လံကြေညာနေတယ်လို့ဘဒေသခံတွေဆီက သိရပါတယ်။
လက်ရှိအစိုးရရဲ့လုပ်ဆောင်ချက်တွေသာ အဓိကကြေညာပေးနေတဲ့ မြန်မာ့အသံနဲ့ရုပ်မြင်သကြား MRTV နဲ့ မြဝတီရုပ်မြင်သံကြား MWD ရုပ်သံလိုင်တွေကိုသာကြည့်ရှု့ကြဖို့ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ မှုခင်းသတင်းထောက်တွေကဇူလိုင်ဒုတိယအပတ်ကနေ စတင်ပြီး ဒီကနေ့အထိအသံချဲ့စက်တွေကိုအသုံးပြုကာ လိုက်လံကြေညာနေတယ်လို့သိရပါတယ်။
”မြဝတီနဲ့ မြန်မာ့ရုပ်မြင်သံကြားရုပ်သံတွေကိုသာကြည့်ဖို့ တခြားရုပ်လိုင်းတွေကိုမကြည့်ဖို့ အသံချဲ့စက်နဲ့လိုက် ကြေညာနေတာ၊အဲ့ဒီရုပ်သံလိုင်းတွေက တိကျ မှန်ကန်တဲ့သတင်းတွေကို ထုတ်ပြန်ပေးတယ်၊ဒါ့ကြောင့် ဒီရုပ်သံလိုင်းတွေကိုသာကြည့်ဖို့ကြေညာသွားတာ။”လို့ ပန်းတနော်မြို့ခံတဦးကပြောပါတယ်။
မြန်မာ့ရုပ်မြင်သံကြား MRTVနဲ့ မြဝတီရုပ်သံကြား MWD ရုပ်သံလိုင်းတွေကိုကြည့်ကြဖို့ အဲ့ဒီရုပ်သံလိုင်းတွေကိုမကြည့်ဘဲ အခြားရုပ်သံလိုင်းတွေ ကြည့်တာကို လာစစ်တဲ့အခါတွေ့ရှိရင် ထိရောက်စွာအရေးယူမယ်လို့ အသံချဲ့စက်နဲ့ ထည့်သွင်းကြေညာသွားတယ်လို့ သိရပါတယ်။
”ကျွန်မတို့က MRTV လည်း မကြည့်ဘူး MWD လည်း မကြည့်ဘူးMRTV-4 ဘဲကြည့်တယ်၊ MRTV-4က ရုပ်သံဇာတ်တွဲတွေကိုကြည့်တာလေ၊ MRTV-4ကိုကြည့်လို့ဖမ်းမယ် အရေးယူမယ်ဆိုလည်း မတတ်နိုင်ဘူး လာဖမ်းတဲ့အခါ MRTV-4ကိုလည်း ဖမ်းဖို့ပြောမယ်၊ကျွန်မတို့ပြည်သူတွေချည်းပဲဖမ်းမယ် အရေးယူမယ် မလုပ်ပါနဲ့ ၊
ဥပမာအနေနဲ့တရားဝင်မုန့်တမျိုးကိုဖမ်းမယ်ဆို တရားမဝင်မုန့်ထုတ်တဲ့ ပင်မကြီးကိုဖမ်းပါ ဒါဆိုကိစ္စကပြီးပါပြီး၊အခုက မဟုတ်ဘူး ဆိုင်ခွဲတွေရောက်မှ တရားမဝင်ဆိုပြီးလိုက်ဖမ်းနေကြတာပါ၊အခုလည်း အခြားရုပ်သံလိုင်းတွေကို မကြည့်စေချင်ရင် ထုတ်လွှင့်သူတွေစက်ပစ္စည်းရောင်းချသူတွေကိုဖမ်းပါလို့ အကြံပြုချင်တယ်။”လို့ ဒေသခံတဦးကပြောပါတယ်။
ပန်းတနော်မြို့နယ်က ဒေသခံတွေဟာမိမိတို့ ငွေကြေးကုန်ကျခံနိုင်မှုနဲ့ ကုန်ကျစရိတ်သက်သာတဲ့ စလောင်းတွေကို ဝယ်ယူပြီး ဒေသမှာအလွယ်တူ ဖမ်းယူကြည့်ရှု့လို့ရတဲ့ ရုပ်သံလိုင်းတွေဖြစ်တဲ့ ဖျော်ဖြေရေး အစီအစဉ်တွေအများစုပါဝင်တဲ့ MRTV-4 ရုပ်သံလိုင်း၊
Mizzima ရုပ်သံလိုင်း၊ DVB ၊ CANAL+၊ Channel7၊ Fortune ၊ChannelK စတဲ့ ရုပ်သံလိုင်းတွေကိုအများဆုံးကြည့်ရှု့ကြတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ပန်းတနော်မြို့နယ်မှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလနောပိုင်းမှာ တရားမဝင်ရုပ်သံဖမ်းစက်ဆိုပြီး PSI စလောင်းတွေကို ဖြုတ်သိမ်းတာတွေလုပ်ခဲ့ပြီး လူတွေကိုလည်း ဖမ်းဆီးစစ်ဆေးတာ ရှိခဲ့သေးတယ်လို့သိရပါတယ်။
source-VOM