ဒါနဲ့စကားမစပ် …
Unicode
ဟင်းပဲချက်ပြနေတတ်တဲ့ ဆယ်လီဒေါက်တာ အပုန်းမကြီး ဒေါက်တာ အဲရစ်ရန်း ရဲ့အကြောင်းကို မြန်မာနိုင်ငံက ဆရာဝန်တစ်ယောက်လည်းဖြစ် ဆယ်လီတစ်ယောက်လည်းဖြစ်တဲ့ ဒေါက်တာ ဟိန်းဇော်ညိုက ဖွင့်ချလိုက်ပါပြီ ။ သူပြောပြလာတာက ….
“မေမေရန်းက ဆေးပညာနဲ့ပတ်သက်ပြီး သိနေတာက အရင်က အသက်ကြီးသူတွေ Care Home တစ်ခုမှာ Care Worker လုပ်ခဲ့ဖူးလို့ တချို့ဟာတွေသိနေတာ။
သူ့ကိုဆေး၁ဘယ် Batch ကလဲမေးရင် မဖြေသလို တန်းလဲဘလော့တာ။
Covid စဖြစ်တော့မြန်မာနိုင်ငံရဲ့ကျေးဇူးရှင်ဆိုပြီး မြှောက်လိုက်ကတည်းက သူ့ကိုယ်သူဆရာဆိုပြီးဖြစ်သွားတာအခုထိပဲ။
သူကိုဗစ်ဖြစ်တုံးက ဘယ်လိုတွေလုပ်ခဲ့တယ်ဆိုတဲ့liveကလဲ လုပ်ကြံပြောတာတွေ…
သူကအိမ်ပေါ်ထပ်မှာနေတယ်။ အောက်စီဂျင်အမြဲရှုနေရတယ်ပြောပြီး ဇာတ်နာချင်တော့ကျ အောက်စီဂျင်ရှုနေရတာကို သူ့သားသမီးအတွက် ထမင်းဟင်းတွေထချက်ပေးတာတဲ့။
တခါထဲ မီးသဂြိုလ်ပြီးသား ဖြစ်မသွားဘူးလား။ လို့မေးချင်တာ …” ဆိုပြီးရေးသားထားပါတယ်
ဆက်လက်ပြီး “သူပြောတဲ့ဇာတ်လမ်းက တကယ့်စောက်တလွဲ။ USမှာကကိုဗစ်+ဖြစ်ရင် home Quarantine ဆိုပြီး အိမ်မှာပဲနားနားနေနေ နေခိုင်းတယ်။ အောက်စီဂျင်တိုင်းရတယ်။ အောက်စီဂျင်ကျရင် ဆေးရုံကိုအကြောင်းကြား။ ဆေးရုံကလာခေါ်တယ်။
သူကကျ +ဖြစ်ပြီးဆေးရုံတန်းတက် …
ဆေးရုံမှာမနေချင်တော့လို့ သေရင်တောင်ဟင်းချက်ရင်းသေမယ်ဆိုပြီး အိမ်ပြန်တာ…
အိမ်မှာလဲ ရေနွေးငွေ့ထိုင်ရှုတာပဲ ပြောနေတာ။
အောက်စီဂျင်ရှုနေရတာတောင် ကလေးတွေအတွက်ဟင်းထချက်။
မြန်မာရုပ်ရှင်တွေထဲက အကြော်သည်မကြီး မအေးကြည်လိုပဲ။ TB ဖြစ်နေတာတောင် သားသမီးအတွက် အကြော်ဆက်ရောင်းပြီး။ မိခင်မေတ္တာကိုဖော်ကျုးသွားတာ။
သူ့ကိုယ်သူဆရာဝန်ပါဆိုပြီး တနိုင်ငံလုံးအလိမ်ခံလိုက်ရတာကို ရင်နာလို့မဆုံး။
အမေစုကိုတောင် တိုင်းသိပြည်သိလိမ်ချသွားတာ။
ဒါနဲ့စကားမစပ် …
ဘယ်သူကမေမေရန်းအစစ်လဲ ” ဆိုပြီးရေးသားထားကြောင်းပါ ။