အထွေအထွေဗဟုသုတ

ကိုယ့်ကိုယ်ကို ချစ်တတ်လာအောင် နေထိုင်နည်း…

ကိုယ့်ကိုယ်ကို ချစ်တတ်လာအောင် နေထိုင်နည်း…

ကိုယ့်ရဲ့ဘဝက ဘယ်လောက်ထိ ချို့ယွင်းချက်တွေရှိနေပါစေ…
ချစ်နိုင်အောင် လက်ခံနိုင်အောင် ကြိုးစားကြည့်ပါ။

ကိုယ့်ဘဝကို သူများဘဝနဲ့ယှဉ်ပြီး အားမငယ်မိပါစေနဲ့။
လူတိုင်းက ဘဝပေးအခြေအနေအရ တစ်ခုခုကတော့ အားသာချက် အားနည်းချက်တွေဆိုတာ ပါလာပြီးသားပါ။

သူ့မှာလဲ သူ့အားသာချက်ရှိသလို အားနည်းချက်ဆိုတာလဲ ရှိပါတယ် ။
သူက သင်မဟုတ်တဲ့အတွက် ဘယ်လိုမှ မတူညီနိုင်တာကိုနှိုင်းယှဉ်ပြီး အားမငယ်လိုက်ပါနဲ့ ။

မိမိကိုယ်ကိုယ် ကြိုက်နှစ်သက်တဲ့ အချက်တွေကို မြင်အောင်ကြည့်ပါ။
လူတစ်ယောက်မှာ တစ်ခုခုကတော့ အားသာချက်ဆိုတာ ရှိပြီးသားပါ

စကားမပြောတတ်တဲ့ သူအတွက် အားငယ်နေတာထက် အသက်ရှင်ရက်နဲ့ ကိုယ်လက်အင်္ဂါပြည့်စုံနေခြင်းက
သူ့ရဲ့ အားသာချက်ပဲ မဟုတ်လား။

မိမိကိုယ်ကိုယ် မှမချစ်တတ်သေးရင် တစ်ပါးသူကို အချစ်တွေမျှဝေဖို့ မဖြစ်နိုင်ပါဘူး။
ချစ်တယ်ဆိုတာက အရာရာကို အကောင်းမြင်စိတ်နဲ့ ကြည့်နိုင်တာမျိုးပါ

အကောင်းမြင်စိတ်နဲ့ မိမိကိုယ်ကိုယ်တောင်မှ မကြည့်တတ်သေးရင် တစ်ပါးသူနဲ့ သဟဇာတ ဖြစ်ဖို့ဆိုတာမလွယ်ပါဘူး။

မိမိကိုယ်ကိုယ် ခွင့်လွှတ်ကြည့်ပါ။ တစ်ခါတစ်လေ အမှားတစ်ခုကို အစွဲပြုပြီး မိမိကိုယ်ကိုယ် ခွင့်မလွှတ်နိုင်တာတွေရှိနေတတ်ပါတယ်

တစ်ကယ်တော့ ကိုယ့်ကိုယ်မှ အကောင်းမြင်စိတ်နဲ့ ခွင့်မလွှတ်နိုင်သေးရင် တစ်ပါးသူကို ခွင့်လွှတ်နိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။

မိမိကိုယ်ကိုယ် ပြောင်းလဲကြည့်ပါ။ဒီအတိုင်းဆက်သွားနေမယ့်အတူတူ ပြောင်းလဲကြည့်ပါ တစ်ခါတစ်လေ အသစ်အဆန်းတစ်ခုက ဘဝတစ်ခုလုံးကိုပြောင်းလဲစေနိုင်တဲ့အတွက်အတွေးသစ်၊အမြင်အသစ် ရည်ရွယ်ချက်အသစ်တွေနဲ့
ပြောင်းလဲမှု အသစ်တွေက ဘဝအတွက် အကျိုးရှိလာစေမှာပါ။

မိမိကိုယ်ကိုယ် ပျော်အောင်နေကြည့်ပါ။ မပျော်စေနိုင်တဲ့ အချက်တွေက မိမိရဲ့အတွေးတွေဆကြာင့်ပါ
ပျော်အောင်နေဖို့အတွက် မိမိအတွေးတိုင်းက ပျော်ရွှင်စရာ တွေဖြစ်နေဖို့လိုပါတယ်။

မိမိကိုယ်ကိုယ် ချစ်တတ်လာတဲ့တစ်နေ့ ဘဝကြီးက နေပျော်လာပါလိမ့်မယ်။ အောင်မြင်သူတိုင်းက သူတို့ဘဝတွေကို
အရှိကို အရှိအတိုင်းလက်ခံပြီး သူတို့ဘဝကိုသူတို့ ချစ်မြတ်နိုးကြလို့သာ အောင်မြင်မှုနဲ့အတူ အပြုံးတွေ ပိုင်ဆိုင်နေကြရတာပါ။

Crd;
MayHsu(ရာမညမြေ)