၁။ ရဲရဲ လက္ဆြဲႏွုတ္ဆက္ပါ။
၂။ လူကိုၾကည့္ရင္ မ်က္လုံးကိုၾကည့္ပါ။
၃။ ေရခ်ိဳးစဥ္ သီခ်င္းဆိုပါ။
၄။ စတီရီယိုစက္ ေကာင္းေကာင္းတစ္လုံး ပိုင္နိုင္ေအာင္လုပ္ပါ။
၅။ ရန္မျဖစ္မေန ျဖစ္ရေတာ့မယ္ဆိုရင္ ကိုယ္ကဦးေအာင္ အျပင္းဆုံး ထိုးႏွက္ပါ။
၆။ လွို့ဝွက္ခ်က္ေလးေတြ ထားပါ။
၇။ ဘယ္သူ႔အေပၚမွာမွ လက္မေလၽွာ့ပါနဲ႔။
ဆန္းၾကယ္မွုဆိုတာ ေန႔စဥ္ ျဖစ္တာမ်ိဳးပါ။
၈။ ကမ္းလာတဲ့ လက္တိုင္းကို လက္ခံပါ။
၉။ သတၱိရွိပါ။ မရွိေနရင္ေတာင္ ဟန္ေဆာင္ပါ။ ဘယ္သူမွ ဒီသတၱိ အစစ္လားအတုလား မခြဲတတ္ပါ။
၁၀။ ေလခၽြန္ပါ။
၁၁။ အေလွာင္မခံရေအာင္ေနထိုင္ပါ။
၁၂။ ဘဝလက္တြဲေဖာ္ကို ေသေသခ်ာခ်ာေရြးပါ။ ဒီတစ္ခုထဲက သင့္အနာဂတ္ရဲ့ ၉၀% ေသာ ေပ်ာ္ရႊင္မွု/ စိတ္ပ်က္မွုတို့ကို ဆုံးျဖတ္ေပးလိမ့္မွာ ျဖစ္တယ္။
၁၃။ လူမျမင္သာတဲ့ ေကာင္းမွုကုသိုလ္ေလးေတြ လုပ္တတ္ေအာင္ အေလ့အက်င့္ လုပ္ေပးပါ။
၁၄။ ကိုယ္ လုံးဝ ျပန္မျမင္ခ်င္ေတာ့တဲ့ စာအုပ္ေတြကိုပဲ ထုတ္ငွားပါ။
၁၅။ လူတစ္ဖက္သားရဲ့ ေမၽွာ္လင့္ခ်က္ကို မဆန္႔က်င္ပါနဲ႔။ သူတို့ဘဝမွာ ခ်မ္းသာတာဆိုလို့ ဒါပဲ ရွိခဲ့ရင္ သင္ စိတ္ေကာင္းမွာ မဟုတ္ဘူး။
၁၆။ ကေလးေတြနဲ႔ မ်ားမ်ားကစားေပးပါ။ ကစားတိုင္း အနိုင္ေပးပါ။
၁၇။ လူတိုင္းကို ဒုတိယ အခြင့္အေရး ေပးပါ။ ဒါေပမယ့္ တတိယ အခြင့္အေရးကို ဘယ္ေတာ့မွ မေပးနဲ႔။
၁၈။ အႏုပညာဆန္ဆန္ ခ်စ္တတ္ပါ။
၁၉။ စိတ္ေကာင္းနိုင္သမၽွ/ စိတ္တက္ႂကြနိုင္သမၽွ ေကာင္းေန/ တက္ႂကြေနတဲ့ လူတစ္ေယာက္ ျဖစ္ေအာင္ ေနပါ။
၂၀။ လက္လႊတ္ပါ။ ေပါ့ေပါ့ပါးပါးေနပါ။ ေသေရးရွင္ေရးကလြဲလို့ ဘယ္အရာမွ သင္ထင္သလို ေသေရးရွင္ေရးတမၽွ အေရးမႀကီးပါဘူး။
၂၁။ ဘဝရဲ့ အေရးႀကီးတဲ့ အခ်ိန္ေလးေတြမွာ ဖုန္းေခၚသံေတြက ေႏွာင့္ယွက္ေနရင္ ကိုင္မေနပါနဲ႔။ ပိတ္ထားလိုက္ပါ။ ကိုယ္အဆင္ေျပဖို့ ဖုန္းဆိုတာ ကိုယ့္အနားထားတာ။ ေခၚသူကိုယ္တိုင္ ကိုယ့္အနားေရာက္လာတာမဟုတ္။
၂၂။ အေကာင္းဆုံးအရွုံးသမားျဖစ္ေအာင္ေနပါ။
၂၃။ အေကာင္းဆုံးအနိုင္သမားလဲ ျဖစ္ေအာင္ ေနပါ။
၂၄။ တစ္စုံတစ္ေယာက္ကို လွို့ဝွက္ခ်က္ မေျပာျပခင္ ႏွစ္ခါစဥ္းစားပါ။ ဝန္လႊဲသလို ျဖစ္တတ္တယ္။
၂၅။ တစ္ေယာက္ေယာက္က ဖက္ထားရင္ သူအရင္လက္လႊတ္ပါေစ။
၂၆။ ဂုဏ္မမက္ပါနဲ႔။ ကိုယ္ေကာင္းတဲ့ဆိုးတဲ့ အေပၚမွာပဲ ဂုဏ္တပ္ခ်င္တပ္ပါေစ။
၂၇။ ရိုးရိုးရွင္းရွင္းေလးေနပါ။
၂၈။ ဘာမွရွုံးစရာမရွိေတာ့တဲ့ လူတစ္ေယာက္ကို သတိထား ဆက္ဆံပါ။
၂၉။ တံတားေတြကို မီးမရွို့ပါနဲ႔။ ဒီတံတားကေန သင္ အံ့ၾသဖို့ေကာင္းေလာက္ေအာင္ အႀကိမ္မ်ားစြာ ထပ္ျဖတ္ရဦးမယ္ ဆိုတာ ေရွ႕ေလၽွာက္ေတြ႕လာပါလိမ့္မယ္။
၃၀။ ေသရင္ အုတ္ဂူမွာ “ေနာင္တစိုးစဥ္းမၽွ မရဖူးသူ” လို့ ေရးျခစ္နိုင္ေအာင္ ေနထိုင္ပါ။
၃၁။ ႀကီးႀကီးႀကံ ျမင့္ျမင့္ေတြး ရဲရဲလွမ္းပါ။ အသက္ႀကီးလာခဲ့လို့ ဘဝမွာ ဘာေတြ လုပ္ခဲ့သလဲ ျပန္ေတြးတိုင္း မ်ားမ်ားမလုပ္ခဲ့မိတာကိုပဲ ေနာင္တရေလ့ရွိတယ္။
၃၂။ အခြင့္အေရးရတိုင္း ခ်စ္တဲ့သူကို ခ်စ္ေၾကာင္း အသိေပးပါ။
၃၃။ ဘယ္ေအာင္ျမင္မွုမွာမွ တစ္ဦးတစ္ေယာက္ရဲ့ ေအာင္ျမင္မွုဆိုတာ မရွိ။ ဒါ့ေၾကာင့္ ပတ္ဝန္းက်င္မွာ ကူညီေပးေနသူမ်ားကို အသိအမွတ္ျပဳပါ။
၃၄။ ကိုယ့္ အက်င့္ကို ကိုယ္တာဝန္ယူပါ။ ဘယ္သူကမွ ဒီအက်င့္ကို သင့္ထံ လာေပးသြားတာ မခံပါနဲ႔။
၃၅။ ေဆြမ်ိဳးမိတ္ေဆြေတြ ေဆး႐ုံတက္ရတာပဲ ျဖစ္ျဖစ္ နာမက်န္းျဖစ္တာပဲ ျဖစ္ျဖစ္ မေရာက္ ေရာက္ေအာင္ သြားပါ။ ခဏေလးေနေပး႐ုံနဲ႔တင္ သူတို့ကို ေပ်ာ္ရႊင္မွု ျဖစ္ေစပါတယ္။
၃၆။ ကိုယ္အႏွစ္သက္ဆုံး သီခ်င္းေလးေတြကို ေန႔စဥ္ ေရြးဖြင့္ နားေထာင္ေပးပါ။
၃၇။ ေက်းလက္ေဒသ ေတာေတာင္ေတြဘက္ကို ရံဖန္ရံခါ အလည္အပတ္သြားပါ။
၃၈။ ခ်စ္သူမ်ားေန႔ ပို့(စ္)ကဒ္ ေတြ အေျမာက္အမ်ားကို “သင့္အလွအပကို ျမင္တတ္သူ တစ္စုံတစ္ေယာက္” လို့ ေရးၿပီး မသိတဲ့လူေတြဆီေရာ သိတဲ့လူေတြဆီပါ ပို့ေပးပါ။
၃၉။ ဖုန္းကိုင္တိုင္း တက္တက္ႂကြႂကြ အာဏာပါပါနဲ႔ ကိုင္ပါ။
၄၀။ မွတ္စုေလးတစ္အုပ္ ႏွင့္ ခဲတံေလးတစ္ေခ်ာင္းကို အိပ္ယာေဘးမွာ ထားအိပ္ပါ။ ေရႊခ်ထားဖို့ ေကာင္းတဲ့ အႀကံေတြဟာ မနက္ ၃:၀၀ နာရီမွာ ေပၚလာတတ္တယ္။
၄၁။ ဘဝ႐ုန္းကန္ဖို့ လွုပ္ရွားေနသူေတြကို ဘယ္ေလာက္ပဲ နိမ့္က်ေနပါေစ ေလးစားတတ္ပါ။
၄၂။ ခ်စ္သူဆီကို ပန္းပို့ပါ။ ဘာေၾကာင့္ပို့တယ္ဆိုတာ ေနာက္မွ စဥ္းစားပါ။
၄၃။ ဂိတ္ဝင္ေၾကးေတြေပးရင္ ကိုယ့္အေနာက္က ကားအတြက္ပါ ထုတ္ေပးျခင္းျဖင့္ သူတို့ ေပ်ာ္ရႊင္ပါေစ။
၄၄။ တစ္စုံတစ္ေယာက္ရဲ့ လူစြမ္းေကာင္းအျဖစ္ ေနပါ။
၄၅။ ခ်စ္မွ လက္ထပ္ပါ။ မခ်စ္ရင္ မထိပါနဲ႔။
၄၆။ ကိုယ့္နားမွာ ေပ်ာ္ရႊင္ေနတဲ့ သူတိုင္းကို အေလးထားပါ။ ေရတြက္ပါ။ စူးစမ္းပါ။
၄၇။ တစ္စုံတစ္ေယာက္အိမ္ကို ႐ုတ္တရက္ အလည္အပတ္သြားတိုင္း စားစရာ ေသာက္စရာ လက္ေဆာင္ ဝယ္သြားပါ။
၄၈။ ေက်ာင္းကားတစ္စီး ကိုယ့္ေဘးကျဖတ္တိုင္း ကေလးေတြကို လက္ျပႏွုတ္ဆက္ပါ။
၄၉။ အလုပ္တစ္ခုမွာ ေအာင္ျမင္ရင္ ၂၀% က သက္ဆိုင္ရာ ကၽြမ္းက်င္မွုေၾကာင့္ ျဖစ္ၿပီး ၈၀% က လူမွုဆက္ဆံေရး ေၾကာင့္ ျဖစ္တယ္ဆိုတာ သတိရပါ။
၅၀။ ဘဝမွာ တရားမၽွတဖို့ ဘယ္ေတာ့မွမေမၽွာ္လင့္ပါနဲ႔။
သင့္ဘဝအတြက္ အသုံးဝင္တဲ့အခ်က္၊
ခြန္အားျဖစ္ေစတဲ့ စာ၊ ပါခဲ့ရင္ သင့္သူငယ္ခ်င္းမ်ားအတြက္ မၽွေဝလိုက္ပါ။
အစဥ္သင္ယူေလ့လာလၽွက္…
Credit to Original writer.crd,
Unicode
၁။ ရဲရဲ လက်ဆွဲနှုတ်ဆက်ပါ။
၂။ လူကိုကြည့်ရင် မျက်လုံးကိုကြည့်ပါ။
၃။ ရေချိုးစဉ် သီချင်းဆိုပါ။
၄။ စတီရီယိုစက် ကောင်းကောင်းတစ်လုံး ပိုင်နိုင်အောင်လုပ်ပါ။
၅။ ရန်မဖြစ်မနေ ဖြစ်ရတော့မယ်ဆိုရင် ကိုယ်ကဦးအောင် အပြင်းဆုံး ထိုးနှက်ပါ။
၆။ လှို့ဝှက်ချက်လေးတွေ ထားပါ။
၇။ ဘယ်သူ့အပေါ်မှာမှ လက်မလျှော့ပါနဲ့။
ဆန်းကြယ်မှုဆိုတာ နေ့စဉ် ဖြစ်တာမျိုးပါ။
၈။ ကမ်းလာတဲ့ လက်တိုင်းကို လက်ခံပါ။
၉။ သတ္တိရှိပါ။ မရှိနေရင်တောင် ဟန်ဆောင်ပါ။ ဘယ်သူမှ ဒီသတ္တိ အစစ်လားအတုလား မခွဲတတ်ပါ။
၁၀။ လေချွန်ပါ။
၁၁။ အလှောင်မခံရအောင်နေထိုင်ပါ။
၁၂။ ဘဝလက်တွဲဖော်ကို သေသေချာချာရွေးပါ။ ဒီတစ်ခုထဲက သင့်အနာဂတ်ရဲ့ ၉၀% သော ပျော်ရွှင်မှု/ စိတ်ပျက်မှုတို့ကို ဆုံးဖြတ်ပေးလိမ့်မှာ ဖြစ်တယ်။
၁၃။ လူမမြင်သာတဲ့ ကောင်းမှုကုသိုလ်လေးတွေ လုပ်တတ်အောင် အလေ့အကျင့် လုပ်ပေးပါ။
၁၄။ ကိုယ် လုံးဝ ပြန်မမြင်ချင်တော့တဲ့ စာအုပ်တွေကိုပဲ ထုတ်ငှားပါ။
၁၅။ လူတစ်ဖက်သားရဲ့ မျှော်လင့်ချက်ကို မဆန့်ကျင်ပါနဲ့။ သူတို့ဘဝမှာ ချမ်းသာတာဆိုလို့ ဒါပဲ ရှိခဲ့ရင် သင် စိတ်ကောင်းမှာ မဟုတ်ဘူး။
၁၆။ ကလေးတွေနဲ့ များများကစားပေးပါ။ ကစားတိုင်း အနိုင်ပေးပါ။
၁၇။ လူတိုင်းကို ဒုတိယ အခွင့်အရေး ပေးပါ။ ဒါပေမယ့် တတိယ အခွင့်အရေးကို ဘယ်တော့မှ မပေးနဲ့။
၁၈။ အနုပညာဆန်ဆန် ချစ်တတ်ပါ။
၁၉။ စိတ်ကောင်းနိုင်သမျှ/ စိတ်တက်ကြွနိုင်သမျှ ကောင်းနေ/ တက်ကြွနေတဲ့ လူတစ်ယောက် ဖြစ်အောင် နေပါ။
၂၀။ လက်လွှတ်ပါ။ ပေါ့ပေါ့ပါးပါးနေပါ။ သေရေးရှင်ရေးကလွဲလို့ ဘယ်အရာမှ သင်ထင်သလို သေရေးရှင်ရေးတမျှ အရေးမကြီးပါဘူး။
၂၁။ ဘဝရဲ့ အရေးကြီးတဲ့ အချိန်လေးတွေမှာ ဖုန်းခေါ်သံတွေက နှောင့်ယှက်နေရင် ကိုင်မနေပါနဲ့။ ပိတ်ထားလိုက်ပါ။ ကိုယ်အဆင်ပြေဖို့ ဖုန်းဆိုတာ ကိုယ့်အနားထားတာ။ ခေါ်သူကိုယ်တိုင် ကိုယ့်အနားရောက်လာတာမဟုတ်။
၂၂။ အကောင်းဆုံးအရှုံးသမားဖြစ်အောင်နေပါ။
၂၃။ အကောင်းဆုံးအနိုင်သမားလဲ ဖြစ်အောင် နေပါ။
၂၄။ တစ်စုံတစ်ယောက်ကို လှို့ဝှက်ချက် မပြောပြခင် နှစ်ခါစဉ်းစားပါ။ ဝန်လွှဲသလို ဖြစ်တတ်တယ်။
၂၅။ တစ်ယောက်ယောက်က ဖက်ထားရင် သူအရင်လက်လွှတ်ပါစေ။
၂၆။ ဂုဏ်မမက်ပါနဲ့။ ကိုယ်ကောင်းတဲ့ဆိုးတဲ့ အပေါ်မှာပဲ ဂုဏ်တပ်ချင်တပ်ပါစေ။
၂၇။ ရိုးရိုးရှင်းရှင်းလေးနေပါ။
၂၈။ ဘာမှရှုံးစရာမရှိတော့တဲ့ လူတစ်ယောက်ကို သတိထား ဆက်ဆံပါ။
၂၉။ တံတားတွေကို မီးမရှို့ပါနဲ့။ ဒီတံတားကနေ သင် အံ့သြဖို့ကောင်းလောက်အောင် အကြိမ်များစွာ ထပ်ဖြတ်ရဦးမယ် ဆိုတာ ရှေ့လျှောက်တွေ့လာပါလိမ့်မယ်။
၃၀။ သေရင် အုတ်ဂူမှာ “နောင်တစိုးစဉ်းမျှ မရဖူးသူ” လို့ ရေးခြစ်နိုင်အောင် နေထိုင်ပါ။
၃၁။ ကြီးကြီးကြံ မြင့်မြင့်တွေး ရဲရဲလှမ်းပါ။ အသက်ကြီးလာခဲ့လို့ ဘဝမှာ ဘာတွေ လုပ်ခဲ့သလဲ ပြန်တွေးတိုင်း များများမလုပ်ခဲ့မိတာကိုပဲ နောင်တရလေ့ရှိတယ်။
၃၂။ အခွင့်အရေးရတိုင်း ချစ်တဲ့သူကို ချစ်ကြောင်း အသိပေးပါ။
၃၃။ ဘယ်အောင်မြင်မှုမှာမှ တစ်ဦးတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ မရှိ။ ဒါ့ကြောင့် ပတ်ဝန်းကျင်မှာ ကူညီပေးနေသူများကို အသိအမှတ်ပြုပါ။
၃၄။ ကိုယ့် အကျင့်ကို ကိုယ်တာဝန်ယူပါ။ ဘယ်သူကမှ ဒီအကျင့်ကို သင့်ထံ လာပေးသွားတာ မခံပါနဲ့။
၃၅။ ဆွေမျိုးမိတ်ဆွေတွေ ဆေးရုံတက်ရတာပဲ ဖြစ်ဖြစ် နာမကျန်းဖြစ်တာပဲ ဖြစ်ဖြစ် မရောက် ရောက်အောင် သွားပါ။ ခဏလေးနေပေးရုံနဲ့တင် သူတို့ကို ပျော်ရွှင်မှု ဖြစ်စေပါတယ်။
၃၆။ ကိုယ်အနှစ်သက်ဆုံး သီချင်းလေးတွေကို နေ့စဉ် ရွေးဖွင့် နားထောင်ပေးပါ။
၃၇။ ကျေးလက်ဒေသ တောတောင်တွေဘက်ကို ရံဖန်ရံခါ အလည်အပတ်သွားပါ။
၃၈။ ချစ်သူများနေ့ ပို့(စ်)ကဒ် တွေ အမြောက်အများကို “သင့်အလှအပကို မြင်တတ်သူ တစ်စုံတစ်ယောက်” လို့ ရေးပြီး မသိတဲ့လူတွေဆီရော သိတဲ့လူတွေဆီပါ ပို့ပေးပါ။
၃၉။ ဖုန်းကိုင်တိုင်း တက်တက်ကြွကြွ အာဏာပါပါနဲ့ ကိုင်ပါ။
၄၀။ မှတ်စုလေးတစ်အုပ် နှင့် ခဲတံလေးတစ်ချောင်းကို အိပ်ယာဘေးမှာ ထားအိပ်ပါ။ ရွှေချထားဖို့ ကောင်းတဲ့ အကြံတွေဟာ မနက် ၃:၀၀ နာရီမှာ ပေါ်လာတတ်တယ်။
၄၁။ ဘဝရုန်းကန်ဖို့ လှုပ်ရှားနေသူတွေကို ဘယ်လောက်ပဲ နိမ့်ကျနေပါစေ လေးစားတတ်ပါ။
၄၂။ ချစ်သူဆီကို ပန်းပို့ပါ။ ဘာကြောင့်ပို့တယ်ဆိုတာ နောက်မှ စဉ်းစားပါ။
၄၃။ ဂိတ်ဝင်ကြေးတွေပေးရင် ကိုယ့်အနောက်က ကားအတွက်ပါ ထုတ်ပေးခြင်းဖြင့် သူတို့ ပျော်ရွှင်ပါစေ။
၄၄။ တစ်စုံတစ်ယောက်ရဲ့ လူစွမ်းကောင်းအဖြစ် နေပါ။
၄၅။ ချစ်မှ လက်ထပ်ပါ။ မချစ်ရင် မထိပါနဲ့။
၄၆။ ကိုယ့်နားမှာ ပျော်ရွှင်နေတဲ့ သူတိုင်းကို အလေးထားပါ။ ရေတွက်ပါ။ စူးစမ်းပါ။
၄၇။ တစ်စုံတစ်ယောက်အိမ်ကို ရုတ်တရက် အလည်အပတ်သွားတိုင်း စားစရာ သောက်စရာ လက်ဆောင် ဝယ်သွားပါ။
၄၈။ ကျောင်းကားတစ်စီး ကိုယ့်ဘေးကဖြတ်တိုင်း ကလေးတွေကို လက်ပြနှုတ်ဆက်ပါ။
၄၉။ အလုပ်တစ်ခုမှာ အောင်မြင်ရင် ၂၀% က သက်ဆိုင်ရာ ကျွမ်းကျင်မှုကြောင့် ဖြစ်ပြီး ၈၀% က လူမှုဆက်ဆံရေး ကြောင့် ဖြစ်တယ်ဆိုတာ သတိရပါ။
၅၀။ ဘဝမှာ တရားမျှတဖို့ ဘယ်တော့မှမမျှော်လင့်ပါနဲ့။
သင့်ဘဝအတွက် အသုံးဝင်တဲ့အချက်၊
ခွန်အားဖြစ်စေတဲ့ စာ၊ ပါခဲ့ရင် သင့်သူငယ်ချင်းများအတွက် မျှဝေလိုက်ပါ။
အစဉ်သင်ယူလေ့လာလျှက်…
Credit to Original writer.crd,