အေထြအေထြဗဟုသုတ

ထီေပါက္ေတာ့မယ္ဆို နိမိတ္ျပ ေလ့ရွိတဲ့ အိမ္မက္အခ်ိဳ႕…

ထီေပါက္ေတာ့မယ္ဆို နိမိတ္ၿပ ေလ့ရွိတဲ့ အိမ္မက္အခ်ိဳ႕ ထီေပါက္ေစတဲ့ နိမိတ္ၿပ အိမ္မက္…

အိပ္မက္ကို လူတိုင္းျမင္မက္ပါတယ္။ အိပ္တာနဲ႔ မက္တဲ့ အိပ္မက္မ်ိဳးက ေသြးေလေခ်ာက္ခ်ားၿပီး မက္တဲ့ အိပ္မက္၊

ေရွးယခင္က ခံစားဖူးတာကို အေၾကာင္းျပဳၿပီး မက္တဲ့ အိပ္မက္၊နတ္ဆိုးနတ္ဝါးေတြ လွည့္စားလို႔မက္တဲ့

အိပ္မက္ဆိုးရယ္ ဟူရယ္ အိပ္မက္သုံးမ်ိဳးရွိပါတယ္။မိမိတို႔ အိပ္မက္၏ေကာင္းက်ိဳး ဆိုးက်ိဳးကို ႀကိဳတင္၍ သတိမထားသည့္ အတြက္

အက်ိဳးခံစားသင့္ေသာ အရာမ်ားလြဲေခ်ာ္သြားသည္လည္း ရွိပါတယ္။ဒါေၾကာင့္ အဘဆရာႀကီး မင္းသိခၤေျပာၾကားခဲ့တဲ့ ထီေပါက္ေစတဲ့

နိမိတ္ၿပ အိမ္မက္အခ်ိဳ႕ကို ေဗဒင္ခ်စ္ပရိသတ္ႀကီး သိရွိေအာင္ ေဖာ္ျပေပးလိုက္ပါတယ္ခင္ဗ်ာ…

ႏြားကိုစီး၍ ၿမိဳ႕ရြာသို႔ လွည့္လည္ရသည္ဟု ျမင္မက္ေသာ္လည္းေကာင္း ၊ လူစည္ကားေသာအရပ္တြင္ မိမိက ႏြားကိုစီး၍

လူအေပါင္းတို႔ႏွင့္ လွည့္လည္ရသည္ဟု ျမင္မက္ေသာ္လည္းေကာင္း၊ႏြားကိုစီး၍ ထင္ရွားေက်ာ္ေစာ သည္ကို ျမင္မက္ခဲ့ေသာ္

အိပ္မက္သည္ ထီေပါက္တတ္ေသာ အိပ္မက္ျဖစ္သည္။ေန၊ လ ၊ၾကယ္တို႔ကို မိမိ ကိုယ္တိုင္ ဆြတ္၍ လက္အတြင္းသို႔ ေရာက္သည္ဟု

ျမင္မက္သည္ျဖစ္ေစ၊ ဝတ္ျဖဴစင္ၾကယ္ႏွင့္ ပုဂၢိဳလ္တစ္ဦးဦးက ဆြတ္၍ေပးသည္ဟု ျမင္မက္သည္ျဖစ္ေစ၊

ေန၊ လ ၊ၾကယ္ နကၡတ္တို႔ သည္ ေႂကြ၍ မိမိအိမ္သို႔ က်ေရာက္သည္ဟု ျမင္မက္သည့္ အိပ္မက္ေတြကလည္း ထီေပါက္ေစတဲ့

အိမ္မက္ေတြလို႔လည္း ယူဆနိုင္ပါတယ္။ေႁမြေပြး၊ ေႁမြေဟာက္ စေသာ တိရစၧာန္မ်ားသည္ တစ္ခုေသာ ေတာင္ပို႔ တြင္ျဖစ္ေစ၊

ကုန္ေျမေပၚတြင္ျဖစ္ေစ တည္ရွိေန၍ ၎ေႁမြမ်ားကို ကိုယ္တိုင္ႏွိမ္နင္း၍ အတြင္းရွိပစၥည္းမ်ားကို သုံးေဆာင္ခံစားရသည္ဟု

ျမင္မက္ခဲ့ေသာ္ ထိုအိပ္မက္သည္ ထီေပါက္မည့္ အိပ္မက္ ျဖစ္သည္။ေဖာ္ျပပါ ထီေပါက္ေစတဲ့ အိပ္မက္ေတြ ကေတာ့လူတိုင္း ျမင္မက္ျခင္းေတာ့ မတူညီနိုင္ပါဘူး…

ထီေပါက္ျခင္းဆိုတာကလည္း ေရွ႕ကျပဳခဲ့တဲ့ ကုသိုလ္ကံအေၾကာင္းတရားေတြ ေၾကာင့္လည္း ထီဆုႀကီးေတြ ဆုတ္ခူးနိုင္တာပါ။

ပရိသတ္ႀကီးလည္း ကံတရားဆိုတာ ဆန္းၾကယ္တဲ့အတြက္ ေရွ႕ကမိမိျပဳခဲ့တဲ့ကုသိုလ္ကံေစတနာ အက်ိဳးေၾကာင့္ လက္ရွိဘဝမွာ

ကံေကာင္းေထာက္မ လို႔ ထီေပါက္ေစတဲ့ အိပ္မက္ေတြ မက္ခဲ့ရင္လည္း ထီထိုးဖို႔ မေမ့ပါနဲ႔ ခင္ဗ်ာ….။

မင္းသိခၤေဗဒင္

Unicode

ထီပေါက်တော့မယ်ဆို နိမိတ်ပြ လေ့ရှိတဲ့ အိမ်မက်အချို့ ထီပေါက်စေတဲ့ နိမိတ်ပြ အိမ်မက်…

အိပ်မက်ကို လူတိုင်းမြင်မက်ပါတယ်။ အိပ်တာနဲ့ မက်တဲ့ အိပ်မက်မျိုးက သွေးလေချောက်ချားပြီး မက်တဲ့ အိပ်မက်၊

ရှေးယခင်က ခံစားဖူးတာကို အကြောင်းပြုပြီး မက်တဲ့ အိပ်မက်၊နတ်ဆိုးနတ်ဝါးတွေ လှည့်စားလို့မက်တဲ့

အိပ်မက်ဆိုးရယ် ဟူရယ် အိပ်မက်သုံးမျိုးရှိပါတယ်။မိမိတို့ အိပ်မက်၏ကောင်းကျိုး ဆိုးကျိုးကို ကြိုတင်၍ သတိမထားသည့်

အတွက်အကျိုးခံစားသင့်သော အရာများလွဲချော်သွားသည်လည်း ရှိပါတယ်။ဒါကြောင့် အဘဆရာကြီး မင်းသိင်္ခပြောကြားခဲ့တဲ့

ထီပေါက်စေတဲ့နိမိတ်ပြ အိမ်မက်အချို့ကို ဗေဒင်ချစ်ပရိသတ်ကြီး သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ…

နွားကိုစီး၍ မြို့ရွာသို့ လှည့်လည်ရသည်ဟု မြင်မက်သော်လည်းကောင်း ၊ လူစည်ကားသောအရပ်တွင် မိမိက နွားကိုစီး၍

လူအပေါင်းတို့နှင့် လှည့်လည်ရသည်ဟု မြင်မက်သော်လည်းကောင်း၊နွားကိုစီး၍ ထင်ရှားကျော်စော သည်ကို

မြင်မက်ခဲ့သော်အိပ်မက်သည် ထီပေါက်တတ်သော အိပ်မက်ဖြစ်သည်။နေ၊ လ ၊ကြယ်တို့ကို မိမိ ကိုယ်တိုင် ဆွတ်၍

လက်အတွင်းသို့ ရောက်သည်ဟုမြင်မက်သည်ဖြစ်စေ၊ ဝတ်ဖြူစင်ကြယ်နှင့် ပုဂ္ဂိုလ်တစ်ဦးဦးက ဆွတ်၍ပေးသည်ဟု မြင်မက်

သည်ဖြစ်စေ၊နေ၊ လ ၊ကြယ် နက္ခတ်တို့ သည် ကြွေ၍ မိမိအိမ်သို့ ကျရောက်သည်ဟု မြင်မက်သည့် အိပ်မက်တွေကလည်း

ထီပေါက်စေတဲ့အိမ်မက်တွေလို့လည်း ယူဆနိုင်ပါတယ်။မြွေပွေး၊ မြွေဟောက် စသော တိရစ္ဆာန်များသည် တစ်ခုသော

တောင်ပို့ တွင်ဖြစ်စေ၊ကုန်မြေပေါ်တွင်ဖြစ်စေ တည်ရှိနေ၍ ၎င်းမြွေများကို ကိုယ်တိုင်နှိမ်နင်း၍ အတွင်းရှိပစ္စည်းများ

ကို သုံးဆောင်ခံစားရသည်ဟု မြင်မက်ခဲ့သော်ထိုအိပ်မက်သည် ထီပေါက်မည့် အိပ်မက် ဖြစ်သည်။ဖော်ပြပါ ထီပေါက်စေတဲ့

အိပ်မက်တွေ ကတော့ လူတိုင်း မြင်မက်ခြင်းတော့ မတူညီနိုင်ပါဘူးထီပေါက်ခြင်းဆိုတာကလည်း ရှေ့ကပြုခဲ့တဲ့ ကုသိုလ်ကံ

အကြောင်းတရားတွေ ကြောင့်လည်း ထီဆုကြီးတွေ ဆုတ်ခူးနိုင်တာပါ။ပရိသတ်ကြီးလည်း ကံတရားဆိုတာ ဆန်းကြယ်တဲ့အတွက်

ရှေ့ကမိမိပြုခဲ့တဲ့ကုသိုလ်ကံစေတနာ အကျိုးကြောင့် လက်ရှိဘဝမှာကံကောင်းထောက်မ လို့ ထီပေါက်စေတဲ့ အိပ်မက်တွေ

မက်ခဲ့ရင်လည်း ထီထိုးဖို့ မမေ့ပါနဲ့ ခင်ဗျာ….။

မင်းသိင်္ခဗေဒင်