အေထြအေထြဗဟုသုတ

အၾကပ္အတည္း အမ်ိဳးမ်ိဳးကို ( ၇ ) ရက္ အတြင္း လြတ္ေျမာက္ေစ ႏိုင္တဲ့ အဓိဌာန္….

အၾကပ္အတည္း အမ်ိဳးမ်ိဳးကို ( ၇ ) ရက္ အတြင္း လြတ္ေျမာက္ေစ ႏိုင္တဲ့ အဓိဌာန္

တနဂၤေႏြေန႔ ကေန စၿပီး အဓိဌာန္ ဝင္ပါ ။

တနဂၤေႏြေန႔.. တနဂၤေႏြ ေထာင့္ ေမတၱာသုတ္ေတာ္ ၆ ေခါက္ ၊ တနဂၤေႏြေန႔ ဖြားျမတ္စြာဘုရားရွင္ အေပါင္းကို ရည္မွန္းၿပီး ကန္ေတာ့ပါ ။ မိမိ ကုသိုလ္ အလုပ္အားလုံး ၿပီးစီးသည့္ အခါတနဂၤေႏြ ၿဂိဳဟ္နတ္မင္းႀကီးကို အမႈးထားၿပီး ေဝေနယ် တို႔ကိုေမတၱာပို႔ အေမွ်ေဝပါ ။

တနလၤာေန႔ ေသာၾကာေထာင့္ ေမတၱာသုတ္ေတာ္၂၁ ေခါက္ ၊ ေသာၾကာေန႔ ဖြာ းျမတ္စြာဘုရားရွင္ အေပါင္းကို ရည္မွန္းၿပီး ကန္ေတာ့ပါ ။ မိမိ ကုသိုလ္ အလုပ္အားလုံး ၿပီးစီးသည့္ အခါတနဂၤေႏြ ၿဂိဳဟ္နတ္မင္းႀကီးကို အမႈးထားၿပီး ေဝေနယ် တို႔ကိုေမတၱာပို႔ အေမွ်ေဝပါ ။

စသည္ျဖင့္ အထက္ပါ အတိုင္း အတိုခ်ဳံးခြင့္ ျပဳပါ ခင္ဗ်ာ အဂၤါေန႔ ရာဟုေထာင့္ ေမတၱာသုတ္ေတာ္ ၁၂ ေခါက္ ၊ ဗုဒၶဟူးေန႔ ၾကာသာပေတးေထာင့္၊ ေမတၱာသုတ္ေတာ္ ၁၉ ေခါက္၊

ၾကာသပေတးေန႔..စေနေထာင့္.၊ ေမတၱာသုတ္ေတာ္၁၀ ေခါက္ ၊ ေသာၾကာေန႔…ဗုဒၶဟူးေထာင့္ ၊ ေမတၱာသုတ္ေတာ္..၁၇ ေခါက္ ၊စ ေနေန႔ အဂၤါေထာင့္ ၊ ေမတၱာသုတ္ေတာ္ ၈ေခါက္ ၊

တနဂၤေႏြေန႔ တနလၤာေထာင့္ ေမတၱာသုတ္ေတာ္ ၁၅ ေခါက္ ။ ေမတၱာသုတ္ေတာ္ အဓိဌာန္ ၿပီးပါၿပီ ။ တနဂၤေႏြေန႔မွာ တနဂၤေႏြေထာင့္ကေန စၿပီး အဓိဌာန္ ဝင္လာခဲ့ တာပါ ။

တနဂၤေႏြေန႔ မွာပဲတနလၤာေထာင့္မွာ အဓိဌာန္ ပထမအဆင့္ ၿပီးသြားတာပါ ။ လုပ္ႏိုင္ရင္ ဆက္တိုက္ ထိုေန႔မွာပဲ ေမာရသုတ္ေတာ္ကို အထက္ပါ အတိုင္းပဲ တနဂၤေႏြေထာင့္ကေန စၿပီး အဓိဌာန္ ဆက္ဝင္ သြားပါမယ္ ။

အထက္က ေရးေပးထားသည့္ အစဥ္အတိုင္းပဲ ေမတၱာသုတ္ေတာ္ ေနရာမွာ ေမာရ သုတ္ေတာ္ကို အစားထိုး ႐ြတ္ဖတ္သြားၿပီး ဆိုင္ရာ ေန႔ဖြား ဘုရားရွင္ ေတြကိုလည္း နည္းတူ ကန္ေတာ့ဆိုင္ရာ ၿဂိဳဟ္မင္းေတြကိုလည္း ထုံးစံအတိုင္း အမွ်ေပးေဝၿပီး ဆက္တိုက္ ဆက္သြားပါ ။

႐ြတ္ရင္းဖတ္ရင္းနဲ႔ မိမိသည္ တစ္ရက္ၿပီး တစ္ရက္ ဘုရားေစတီကို လက္ဝဲရစ္ လွည့္ၿပီး ပူေဇာ္သြားေနတာကို သတိျပဳ မိလာႏိုင္ ပါတယ္ ။

ဒီ အဓိဌာန္ကို တစ္ကယ္ အခက္အခဲ ႀကဳံေနသူမ်ားသာ လုပ္သင့္ ပါတယ္ ။ ( အလုပ္အကိုင္ ပိုမိုေကာင္းခ်င္လို႔ ေငြပိုဝင္ ခ်င္လို႔ အစရွိသျဖင့္ ေလာဘျဖင့္ လုံးဝ မလုပ္သင့္ပါ ။ )

ဟိုတစ္ခါကြၽန္ေတာ္ တင္ေပးဖူးသည့္ အလုပ္အကိုင္ ရရွိေစသည့္ အဓိဌာန္မ်ိဳး ကဲ့သို႔ မဟုတ္ပါ ။ အဲဒီ့ အဓိဌာန္ကေတာ့ အလုပ္မရွိလု႔ိ့ပဲ ျဖစ္ျဖစ္ အလုပ္ပို ေကာင္းခ်င္လို႔ပဲ ျဖစ္ျဖစ္ ဝင္ႏိုင္ေလေကာင္း ေလပါပဲ ။

ဒီ အဓိဌာန္ကေတာ့ တစ္ကယ္ အက်ပ္အတည္း ဆိုက္ၿပီး ျပႆနာေပါင္းစုံ တက္ေနသည့္ အေျခအေနမ်ိဳး ေရာက္ေနသည့္ သူေတြ အတြက္ သီးသန႔္ျဖစ္ ပါတယ္ ။ ပိုမို ထက္ျမက္ခ်င္သူမ်ား သန႔္ရွင္းေရး ကုသိုလ္ေလးနဲ႔ တြဲၿပီးလုပ္ပါ ။

ကံေႂကြးဝဋ္ေႂကြး မဟုတ္ခဲ့ ရင္ေတာ့ သိသိသာသာကိုပဲ အဓိဌာန္ ျပည့္ေျမာက္ၿပီး တစ္ပတ္ခန႔္ အတြင္းမွာကို .. အခက္အခဲမ်ား ေျပေလ်ာ့သြားတတ္ ပါတယ္ခင္ဗ်ား ။

လက္ေတြ႕လည္း လူအမ်ားကို ကြၽန္ေတာ္ ၫႊန္ေပးေနသည့္ အဓိဌာန္ဝင္နည္း ေလးသာ ျဖစ္ပါတယ္ ။ ကြၽန္ေတာ္ကိုယ္တိုင္လည္း ဒုကၡ သုက္ ခသိပ္ေရာက္လာရင္

ဘုရားမွတစ္ပါး ကိုးကြယ္ရာမရွိ ၊ တရားမွ တစ္ပါး ကိုးကြယ္ရာ မရွိ၊ သံဃာမွ တစ္ပါး ကိုးကြယ္ရာ မရွိပါခင္ဗ်ား ။ ကိုယ္လုပ္မွ ကိုယ္ရႏိုင္သလို တစ္ကယ္ျဖစ္ခ်င္ တစ္ကယ္လုပ္ႏိုင္ဖို႔သာ လိုအပ္ပါေၾကာင္း အခက္အခဲ အက်ပ္အတည္းတို႔မွ လြတ္ေျမာက္ၾက ပါေစ သတည္း ။

ဤ ပညာဒါန ကုသိုလ္သည္ ျဖစ္ေလရာ ဘဝတိုင္းတြင္ တပည့္ေတာ္အား အခက္အခဲအက်ပ္အတည္း ဆိုက္ေရာက္သည္တိုင္းတြင္ မ်ားမၾကာမီ လြတ္ေျမာက္ေစသည့္ အေထာက္အပံ့ေကာင္း ျဖစ္ပါေစ..သတည္း ။ ေလးျမတ္စြာျဖင့္ ကိုဖုန္း။ သုေတသီေဝသာလီေမာင္ဖုန္း။ ကိုစိုးမိုးထြန္း (ေဗဒင္ပညာသုေတသီ)

Unicode

အကြပ်အတည်း အမျိုးမျိုးကို ( ၇ ) ရက် အတွင်း လွတ်မြောက်စေ နိုင်တဲ့ အဓိဌာန်

တနင်္ဂနွေနေ့ ကနေ စပြီး အဓိဌာန် ဝင်ပါ ။

တနင်္ဂနွေနေ့.. တနင်္ဂနွေ ထောင့် မေတ္တာသုတ်တော် ၆ ခေါက် ၊ တနင်္ဂနွေနေ့ ဖွားမြတ်စွာဘုရားရှင် အပေါင်းကို ရည်မှန်းပြီး ကန်တော့ပါ ။ မိမိ ကုသိုလ် အလုပ်အားလုံး ပြီးစီးသည့် အခါတနင်္ဂနွေ ဂြိုဟ်နတ်မင်းကြီးကို အမှုးထားပြီး ဝေနေယျ တို့ကိုမေတ္တာပို့ အမျှေဝေပါ ။

တနင်္လာနေ့ သောကြာထောင့် မေတ္တာသုတ်တော်၂၁ ခေါက် ၊ သောကြာနေ့ ဖွာ းမြတ်စွာဘုရားရှင် အပေါင်းကို ရည်မှန်းပြီး ကန်တော့ပါ ။ မိမိ ကုသိုလ် အလုပ်အားလုံး ပြီးစီးသည့် အခါတနင်္ဂနွေ ဂြိုဟ်နတ်မင်းကြီးကို အမှုးထားပြီး ဝေနေယျ တို့ကိုမေတ္တာပို့ အမျှေဝေပါ ။

စသည်ဖြင့် အထက်ပါ အတိုင်း အတိုချုံးခွင့် ပြုပါ ခင်ဗျာ အင်္ဂါနေ့ ရာဟုထောင့် မေတ္တာသုတ်တော် ၁၂ ခေါက် ၊ ဗုဒ္ဓဟူးနေ့ ကြာသာပတေးထောင့်၊ မေတ္တာသုတ်တော် ၁၉ ခေါက်၊

ကြာသပတေးနေ့..စနေထောင့်.၊ မေတ္တာသုတ်တော်၁၀ ခေါက် ၊ သောကြာနေ့…ဗုဒ္ဓဟူးထောင့် ၊ မေတ္တာသုတ်တော်..၁၇ ခေါက် ၊စ နေနေ့ အင်္ဂါထောင့် ၊ မေတ္တာသုတ်တော် ၈ခေါက် ၊

တနင်္ဂနွေနေ့ တနင်္လာထောင့် မေတ္တာသုတ်တော် ၁၅ ခေါက် ။ မေတ္တာသုတ်တော် အဓိဌာန် ပြီးပါပြီ ။ တနင်္ဂနွေနေ့မှာ တနင်္ဂနွေထောင့်ကနေ စပြီး အဓိဌာန် ဝင်လာခဲ့ တာပါ ။

တနင်္ဂနွေနေ့ မှာပဲတနင်္လာထောင့်မှာ အဓိဌာန် ပထမအဆင့် ပြီးသွားတာပါ ။ လုပ်နိုင်ရင် ဆက်တိုက် ထိုနေ့မှာပဲ မောရသုတ်တော်ကို အထက်ပါ အတိုင်းပဲ တနင်္ဂနွေထောင့်ကနေ စပြီး အဓိဌာန် ဆက်ဝင် သွားပါမယ် ။

အထက်က ရေးပေးထားသည့် အစဉ်အတိုင်းပဲ မေတ္တာသုတ်တော် နေရာမှာ မောရ သုတ်တော်ကို အစားထိုး ရွတ်ဖတ်သွားပြီး ဆိုင်ရာ နေ့ဖွား ဘုရားရှင် တွေကိုလည်း နည်းတူ ကန်တော့ဆိုင်ရာ ဂြိုဟ်မင်းတွေကိုလည်း ထုံးစံအတိုင်း အမျှပေးဝေပြီး ဆက်တိုက် ဆက်သွားပါ ။

ရွတ်ရင်းဖတ်ရင်းနဲ့ မိမိသည် တစ်ရက်ပြီး တစ်ရက် ဘုရားစေတီကို လက်ဝဲရစ် လှည့်ပြီး ပူဇော်သွားနေတာကို သတိပြု မိလာနိုင် ပါတယ် ။

ဒီ အဓိဌာန်ကို တစ်ကယ် အခက်အခဲ ကြုံနေသူများသာ လုပ်သင့် ပါတယ် ။ ( အလုပ်အကိုင် ပိုမိုကောင်းချင်လို့ ငွေပိုဝင် ချင်လို့ အစရှိသဖြင့် လောဘဖြင့် လုံးဝ မလုပ်သင့်ပါ ။ )

ဟိုတစ်ခါကျွန်တော် တင်ပေးဖူးသည့် အလုပ်အကိုင် ရရှိစေသည့် အဓိဌာန်မျိုး ကဲ့သို့ မဟုတ်ပါ ။ အဲဒီ့ အဓိဌာန်ကတော့ အလုပ်မရှိလု့ိ့ပဲ ဖြစ်ဖြစ် အလုပ်ပို ကောင်းချင်လို့ပဲ ဖြစ်ဖြစ် ဝင်နိုင်လေကောင်း လေပါပဲ ။

ဒီ အဓိဌာန်ကတော့ တစ်ကယ် အကျပ်အတည်း ဆိုက်ပြီး ပြဿနာပေါင်းစုံ တက်နေသည့် အခြေအနေမျိုး ရောက်နေသည့် သူတွေ အတွက် သီးသန့်ဖြစ် ပါတယ် ။ ပိုမို ထက်မြက်ချင်သူများ သန့်ရှင်းရေး ကုသိုလ်လေးနဲ့ တွဲပြီးလုပ်ပါ ။

ကံကြွေးဝဋ်ကြွေး မဟုတ်ခဲ့ ရင်တော့ သိသိသာသာကိုပဲ အဓိဌာန် ပြည့်မြောက်ပြီး တစ်ပတ်ခန့် အတွင်းမှာကို .. အခက်အခဲများ ပြေလျော့သွားတတ် ပါတယ်ခင်ဗျား ။

လက်တွေ့လည်း လူအများကို ကျွန်တော် ညွှန်ပေးနေသည့် အဓိဌာန်ဝင်နည်း လေးသာ ဖြစ်ပါတယ် ။ ကျွန်တော်ကိုယ်တိုင်လည်း ဒုက္ခ သုက် ခသိပ်ရောက်လာရင်

ဘုရားမှတစ်ပါး ကိုးကွယ်ရာမရှိ ၊ တရားမှ တစ်ပါး ကိုးကွယ်ရာ မရှိ၊ သံဃာမှ တစ်ပါး ကိုးကွယ်ရာ မရှိပါခင်ဗျား ။ ကိုယ်လုပ်မှ ကိုယ်ရနိုင်သလို တစ်ကယ်ဖြစ်ချင် တစ်ကယ်လုပ်နိုင်ဖို့သာ လိုအပ်ပါကြောင်း အခက်အခဲ အကျပ်အတည်းတို့မှ လွတ်မြောက်ကြ ပါစေ သတည်း ။

ဤ ပညာဒါန ကုသိုလ်သည် ဖြစ်လေရာ ဘဝတိုင်းတွင် တပည့်တော်အား အခက်အခဲအကျပ်အတည်း ဆိုက်ရောက်သည်တိုင်းတွင် များမကြာမီ လွတ်မြောက်စေသည့် အထောက်အပံ့ကောင်း ဖြစ်ပါစေ..သတည်း ။ လေးမြတ်စွာဖြင့် ကိုဖုန်း။ သုတေသီဝေသာလီမောင်ဖုန်း။ ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)