အေထြအေထြဗဟုသုတ

ရန်ကုန် တိုက်ခန်းအထပ်မြင့်တွေမှာ နေတဲ့သူတွေ မဖြစ်မနေ လုပ်ဆောင်ရမယ့် လုံခြုံရေးအချက်များ

ရန်ကုန် တိုက်ခန်းအထပ်မြင့်တွေမှာ နေတဲ့သူတွေ မဖြစ်မနေ လုပ်ဆောင်ရမယ့် လုံခြုံရေးအချက်များ..

တိုက်ခန်း အထပ်မြင့်မှာ နေတဲ့ မိတ်ဆွေတွေ ဂရုစိုက်သင့်တာက သူခိုး ဂျပိုး အကြမ်းဖက်သမားအလစ်သုတ်တွေက အိမ်တအိမ်ကို တစ်ခုခုလုပ်တော့မယ်ဆိုရင် ကြိုတင်လေ့လာထားတတ်ကြပါတယ်။

ဥပမာ – ထိုအိမ်မှာ လူဘယ်နှစ်ယောက်ပဲ ရှိတယ်။ တစ်ယောက်ထဲရှိတယ် စသဖြင့်လေ့လာထားတတ်ကြပါတယ်။ လူအတော်များများက အိမ်တံခါးခေါက်ရင် ဘဲလ်တီးရင် ဘယ်သူမှ လက်ရှိမဖွင့်ပေးကြတော့ပါ (ခံရပေါင်းများလို့)

ဒါကြောင့် အကြမ်းဖက်သမား အလစ်သုတ်သမားတွေက လုပ်ကြံရမယ့် အိမ်သားတစ်ယောက်ယောက် လှေကားပေါ်တတ်သွားခဲ့ရင် သူတို့လည်း မယောင်မလည်နဲ့ တပါတည်း လိုက်တက်သွားကြပြီး အခန်းတံခါးသော့လည်း ဖွင့်ရော လုယက်မယ့်သူက အခန်းထဲသူပါ တိုးဝင်လိုက်ပြီး အနုကြမ်းစီးကြပါတော့တယ်။

ဒါကြောင့် မိမိက လှေကားခွင်က တံခါးကိုဖွင့်ရင် ဖြစ်စေ၊ မိမိအိမ်တံခါးကို ဖွင့်သည်ဖြစ်စေ၊ မိမိအိမ်လှေကားမှာ အခြားသူရှိနေလားဆိုတာ သေချာ ဂရုစိုက်ပါ။ အကယ်၍ မသင်္ကာစရာ လူရှိနေရင် ဖြစ်စေ၊ မိမိနဲ့ လှေကားမှာ အခြားတစ်ဦးဦးရှိနေခဲ့ရင် ခေတ္တခဏ စောင့်ကြည့်ပြီးမှ လှေကားပေါ်တက်တာဖြစ်ဖြစ်၊ မိမိအိမ်တံခါးဖွင့်တာဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။

မိမိ အိမ်ထဲရောက်ခဲ့ရင်လည်း အိမ်တံခါးကို ပထမဆုံးအရင် ပိတ်ဖို့ မမေ့ပါနဲ့ခင်ဗျ (ဒီရက်အတွင်း အဲဒီလို အကွက်တွေ သုံးသွားတာလည်း ကြားမိပါတယ်) မြန်မာပြည်သားအားလုံး အန္တရယ်အပေါင်း ဘေးအပေါင်း ကင်းဝေးကြပါစေ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – ခရက်ဒစ်)

Credit – Blacker

ရန္ကုန္ တိုက္ခန္းအထပ္ျမင့္ေတြမွာ ေနတဲ့သူေတြ မျဖစ္မေန လုပ္ေဆာင္ရမယ့္ လုံၿခဳံေရးအခ်က္မ်ား..

တိုက္ခန္း အထပ္ျမင့္မွာ ေနတဲ့ မိတ္ေဆြေတြ ဂ႐ုစိုက္သင့္တာက သူခိုး ဂ်ပိုး အၾကမ္းဖက္သမားအလစ္သုတ္ေတြက အိမ္တအိမ္ကို တစ္ခုခုလုပ္ေတာ့မယ္ဆိုရင္ ႀကိဳတင္ေလ့လာထားတတ္ၾကပါတယ္။

ဥပမာ – ထိုအိမ္မွာ လူဘယ္ႏွစ္ေယာက္ပဲ ရွိတယ္။ တစ္ေယာက္ထဲရွိတယ္ စသျဖင့္ေလ့လာထားတတ္ၾကပါတယ္။ လူအေတာ္မ်ားမ်ားက အိမ္တံခါးေခါက္ရင္ ဘဲလ္တီးရင္ ဘယ္သူမွ လက္ရွိမဖြင့္ေပးၾကေတာ့ပါ (ခံရေပါင္းမ်ားလို႔)

ဒါေၾကာင့္ အၾကမ္းဖက္သမား အလစ္သုတ္သမားေတြက လုပ္ႀကံရမယ့္..အိမ္သားတစ္ေယာက္ေယာက္ ေလွကားေပၚတတ္သြားခဲ့ရင္ သူတို႔လည္း မေယာင္မလည္နဲ႔ တပါတည္း လိုက္တက္သြားၾကၿပီး အခန္းတံခါးေသာ့လည္း ဖြင့္ေရာ လုယက္မယ့္သူက အခန္းထဲသူပါ တိုးဝင္လိုက္ၿပီး အႏုၾကမ္းစီးၾကပါေတာ့တယ္။

ဒါေၾကာင့္ မိမိက ေလွကားခြင္က တံခါးကိုဖြင့္ရင္ ျဖစ္ေစ၊ မိမိအိမ္တံခါးကို ဖြင့္သည္ျဖစ္ေစ၊ မိမိအိမ္ေလွကားမွာ အျခားသူရွိေနလားဆိုတာ ေသခ်ာ ဂ႐ုစိုက္ပါ။ အကယ္၍ မသကၤာစရာ လူရွိေနရင္ ျဖစ္ေစ၊ မိမိနဲ႔ ေလွကားမွာ အျခားတစ္ဦးဦးရွိေနခဲ့ရင္ ေခတၱခဏ ေစာင့္ၾကည့္ၿပီးမွ ေလွကားေပၚတက္တာျဖစ္ျဖစ္၊ မိမိအိမ္တံခါးဖြင့္တာျဖစ္ျဖစ္ ျပဳလုပ္သင့္ပါတယ္။

မိမိ အိမ္ထဲေရာက္ခဲ့ရင္လည္း အိမ္တံခါးကို ပထမဆုံးအရင္ ပိတ္ဖို႔ မေမ့ပါနဲ႔ခင္ဗ် (ဒီရက္အတြင္း အဲဒီလို အကြက္ေတြ သုံးသြားတာလည္း ၾကားမိပါတယ္) ျမန္မာျပည္သားအားလုံး အႏၲရယ္အေပါင္း ေဘးအေပါင္း ကင္းေဝးၾကပါေစ။ (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – ခရက္ဒစ္)

Credit – Blacker