Uncategorized ၾကားသိရသမွ်

ဈေးဖြတ်လို့မရတဲ့ ပြည်တန်ပတ္တမြားကြီးကပေးတဲ့ ပညာ

တခါတုန်းက မိုးကုတ်ပတ္တမြားတူးဖော်တဲ့လူတယောက် သေဆုံးသွားခဲ့တယ်။

သူ့မှာ ဇနီးနဲ့ဆယ်နှစ်အရွယ် သားတစ်ယောက်ကျန်ရစ်ခဲ့တာပေါ့။

တနေ့မှာ

ဇနီးဖြစ်သူဟာ သေဆုံးသွားတဲ့ယောက်ျားဖြစ်သူရဲ့

ဗီရိုကိုရှင်းရင်းက‌ေနပတ္တမြားအရိုင်းတလုံးတွေ့လိုက်ရတာနဲ့သားငယ်ကိုခေါ်ပြီး သားရေ အမေတို့သူဌေးဖြစ်ပြီ‌….

ဒါကြီးကိုယူပြီးမင်းအဖေရဲ့အကို …

မင့်ဦးလေးကြီးကိုသွားပြပြီးရင် ရောင်းခဲ့လိုက်ဆိုပြီး လွှတ်လိုက်တယ်။

သားငယ်ကလဲ ၀မ်းသာအားရနဲ့သူ့ ဦးလေးဆီ ပြေးပြီး ပြတော့တာပဲ။

ဦးလေးဖြစ်သူက ပတ္တမြားအရိုင်းတုံးကြီးကိုတရိုတသေနဲ့ဖင်ဆုံးခေါင်းဆုံး အသေးစိပ်ကြည့်ပြီးတော့ မျက်ရည်ဝဲလာပြီးငါ့တူ ..

ဒါကြီးက ပြည်တန်ပတ္တမြားကြီးကွဒါမျိုးဆိုတာ ဈေးဖြတ်လို့မရဘူး။

ဦးလေးလဲ ဘယ်လောက်တန်တယ်ဆိုတာ မပြောနိုင်ဘူး

ဒီလိုလုပ်ကွာ……..

ဒါကြီးကို မင်းအမေဆီမှာ

မပျောက်အောင်သေသေချာချာသိမ်းခိုင်းလိုက်

ပြီးရင် ငါ့တူ …

မင်း ..ဦးလေးဆီလာပြီးပတ္တမြားကို လေ့လာသင်ယူလေ …..

တနေ့ကိုငါးထောင်ပေးမယ် …မင်းလဲအိမ်အ တွက်ဈေးဖိုးရတာပေါ့ ဆိုပြီး ချာတိတ်ကို အလုပ်ထဲထည့်ပေးလိုက်တယ်။

ဒီလိုနဲ့ ၅နှစ်လောက်ကြာတဲ့အချိန်မှာ ချာတိတ်ကလေးဟာလူပျိုပေါက်အရွယ်ဖြစ်လာ ပြီးပတ္တမြားအကြောင်းကိုလဲ တော်တော်နားလည်

လာတဲ့အခါ ဦးလေးဖြစ်သူက…..

ငါ့တူ…မင်းအမေ သေသေချာချာသိမ်းထားတဲ့ပတ္တမြားကြီးကို ဦးလေးဆီယူလာခဲ့တော့။

မင်းလဲနားလည်နေပြီဆိုတော့ ပြည်တန်ပတ္တမြားကြီးကို ငါတို့ ဈေးဖြတ်ကြရအောင်လို့ပြောပြီးယူလာခိုင်းလိုက်တယ်…………….

ဒီလိုနဲ့ ရှုံ့အိတ်တွေ သုံး လေးထပ်ပတ်ထားတဲ့

ပတ္တမြားကြီးကို ဖွင့်ပြီးကြည့်လိုက်တဲ့အခါမှာ….

“ဦးလေး …..ဒါကြီးက သပိတ်ကျင်းကထွက်တဲ့

ကျောက်ကြီးပဲဗျ ………

ဘယ်က ပြည်တန်ရမှာလဲ”

အဲ့ဒီမှာပဲ ဦးလေးဖြစ်သူက….

“ဒါပဲ ငါ့တူရေ…

အဲ့ဒီအချိန်တုန်းက မင်းကို ဒီဟာကြီးက ဘာမှမတန်ဘူးသပိတ်ကျင်းကြီးလို့ ငါပြောလိုက်ရင် မင်းတို့သားအမိက ငါ့ကို သေသွားတဲ့ငါ့ညီဆီ

က အချောင်လိုချင်တယ်တို့ လိမ်ယူချင်လို့ပြောတာတို့ပြောကုန်ကြမှာပေါ့ …..

မင်းတို့မှပတ္တမြားအ ကြောင်းနားမလည်တာ …

ငါအမှန်အတိုင်းပြောလဲ ယုံမှမဟုတ်ဘူး။

ဒါကြောင့်မို့ မင်းကိုငါ့ဆီခေါ်ထားပြီး ပတ္တမြားအကြောင်းနားလည်အောင် သင်ပေးခဲ့တာပေါ့……

ဟော…အခုဆို မင်းလဲ ကျွမ်းကျင်နေပြီလေ……

ဒါကြီးကိုမင်းဟာမင်း ဆုံးဖြတ်ပြီး လုပ်ပေတော့ ငါ့တူလို့ပြောလိုက်တယ်………………….

အခုဆို အဲ့ ကာဘော်လစ်ကြီးဟာ……

အဲ့ မှားလို့ပတ္တမြားကြီးဟာ …..

ငအူ ငအ ငတုံးတကောင်ကို သွားထည့်တယ်လို့ သတင်းကြားတယ်

ငအူ ငအ ငတုံးကြီးဟာ ….

ဘာမှမသိပဲလူငယ်တယောက်လာပေးတဲ့ ပြည်တန်ပတ္တမြားဆိုပြီး …..

နစကပတ္တမြားလို့တောင်နာမည်ပေးထားတဲ့အ ပြင်…..

လာပေးတဲ့ချာတိတ်ကို ဆုငွေ လာဒ်ငွေတွေတောင်ပေးပြီး ဂုဏ်ပြုလိုက်သေးတယ်ဆိုပဲ…….

ဘာပဲဖြစ်ဖြစ် ရေချိုးရင် ဂျီးတွန်းကြပေါ့

crd-
via phokhwar