ၾကားသိရသမွ်

ဒေါ်လာ(၃)သိန်းတန် BMW ကားကြီးစီးပြီး ကြက်တွေဘဲတွေ လိုက်ခိုးနေတဲ့ တရုတ်သူဌေးကြီးမေးလိုက်သောအခါ….see more

ဒေါ်လာ(၃)သိန်းတန် BMW ကားကြီးစီးပြီး ကြက်တွေဘဲတွေ လိုက်ခိုးနေတဲ့ တရုတ်သူဌေးကြီး

တရုတ်နိုင်ငံက သူဌေးကြီးတစ်ဦးကတော့ ဒေါ်လာ (၂၉၀၀၀၀)လောက် တန်တဲ့ BMW ကားကြီးစီးပြီး ရွာထဲက ကြက်တွေ၊ ဘဲတွေကို လိုက်ပြီးခိုးနေပါသတဲ့။ သူ့ရဲ့ပြစ်မှုကို သက်ဆိုင်ရာက ဖော်ထုတ်နိုင်ခဲ့ချိန်မှာတော့ ရွာသားတွေက အံ့သြနေကြပါတယ်။ တကယ်တော့ သူဟာ အဲဒီကားကြီးကြောင့် ဒီ မသတီဖွယ်ခိုးမှုတွေကို ကျူးလွန်နေရတယ်လို့ ဆိုပါတယ်။

အကြောင်းကတော့ BMW တွေရဲ့ထုံးစံအတိုင်း ဆီကလည်း ကြိတ်လွန်းတော့ သူ့အနေနဲ့ ကားဆီဖိုး မကြောင့်မကျ စီးနိုင်ဖို့ ကြက်တွေဘဲတွေကို ခိုးပြီးရောင်းနေရတာလို့ ဆိုပါတယ်။ သူဟာ ကြက်တွေဘဲတွေကို အသားဈေးမှာပြန်ရောင်းပြီး ဆီဖိုးကာမိအောင် လုပ်နေရတာလို့ ဆိုပါတယ်။

သူကိုယ်တိုင်ကလည်း နာမည်ကြီး လယ်သမား၊ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အသက်ကတော့ (၅၀)ဝန်းကျင် ဖြစ်ပါတယ်။ သူဟာ စီချွင်စီရင်စုအတွင်း၊ Linshui ကောင်တီအတွင်းက ရွာတွေမှာ ကြက်ဘဲလှည့်ခိုးနေသူဖြစ်ပြီး၊ သူ့ကို သက်ဆိုင်ရာက ပြီးခဲ့တဲ့ (၂၀၁၉) ဧပြီလက စွဲချက်တင်ခဲ့တာပါ။ ဒီသတင်းကို စီချွင်စီရင်စု တည်ရှိရာ ချမ်ဒူးပြည်နယ်ရဲ့ လူသိများတဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Chengdu Business Daily က ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

သူဌေးကြီးဟာ အထပ်ပေါင်းများစွာပါဝင်တဲ့ အိမ်တစ်လုံးမှာ နေထိုင်သူဖြစ်ပြီး၊ မေလ (၂၂)ရက်နေ့မှသာ သူ့ကို ဖမ်းဆီးနိုင်ခဲ့တာပါ။ ရဲက ဖမ်းဆီးဖို့ကြိုးစားတာတောင် အတော်လေး ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပါတယ်။ သူက ကားအကောင်းစားကြီးနဲ့ အရှိန်ကုန်မောင်းပြေးလို့ ဖြစ်ပါတယ်။

လက်တလောမှာတော့ ဒီအဖြစ်အပျက်ဟာ ရေပန်းစားနေပြီး “အလွယ်မြင် သူကြွယ်တောင် ခိုးသတဲ့ ”ဆိုတဲ့ စကားပုံက အလွန်မှန်နေတာကို သက်သေပြနေပါတယ်။ ယခင်ကလည်း တရုတ်သူဌေးကြီးတစ်ယောက်ဟာ ကားဆီဖိုးကာမိစေဖို့ ယစ်ငှက်မွေးမြူရေးလုပ်ငန်းကနေ ယစ်ငှက်တွေ ခိုးယူရောင်းချခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသေးတယ်။

Credit